လာမယ့်နှစ် ရောက်ရင်တော့ Honda ရဲ့ ကား Lineup အသစ်တွေက အခုထက် ကွဲပြားမှုတွေ ပိုများပြား လာ ပါလိမ့်မယ်။ အခုဆိုရင်ပဲ သူတို့ အနေနဲ့ လာမယ့်နှစ်မှာ Honda Insight ကို တောင်ဖယ်ထုတ် သွား တော့မယ်လို့ တရားဝင် ပြောကြားထားလိုက်ပြီ ဖြစ်ပါတယ်။ အဓိက ကတော့ သူ့ထက်ပိုကောင်းတဲ့ Hybrid Model တွေကို ပိုပြီး အာရုံစိုက်ချင်နေတာ ဖြစ်ပြီး CR-V အသစ် နဲ့ Accord Hybrid တို့လည်း ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အခု ဆက်မမြင် ရတော့မယ့် Insight ရဲ့နေရာမှာ အစားထိုးဖို့ အတွက်လည်း Civic Hybrid ကို အမေရိက ဈေးကွက်မှာ စီစဉ်နေတယ် လို့ သတင်းတွေ ထွက်နေပြန်ပါတယ်။ Insight ကားသစ် ထုတ်လုပ်မှုတွေကို အခုလာမယ့် ဇွန်လမှာပဲ ရပ်တန့်သွားတော့မှာ ဖြစ်ပြီး Civic အစားထိုးတာကို ဆက်တိုက် ဝင်ရောက်လာမယ်လို့တော့ Honda ဘက်က အာမ မခံ ထားပဲ တစ်ချိန်ချိန်မှာ ပွဲထွက်လာမယ် လို့သာ ပြောထားတာပါ။ ဒါပေမယ့်လည်းတစ်ခြားသော Honda ရဲ့ Hybrid ကားသစ်တွေ အတွက်ကိုတော့ သိပ်ပြီး စောင့်ဆိုင်းစရာ မလိုတော့ပဲ လာမယ့်နှစ်ထဲမှာ CR-V Hybrid နဲ့ Accord Hybrid တို့ကို သေချာ ပေါက် မြင်ရတော့မှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ အဆိုပါ Hybrid ကားသစ်တွေရဲ့ ရောင်းအားက သက်ဆိုင်ရာ ကားမော်ဒယ်တွေရဲ့ ၅၀ % ‌လောက်အထိ ကိုရှိလာ လိမ့်မယ်လို့ Honda တို့က မျှော်လင့်ထား တာပါ။

Photo Credit: motor 1.com

ပြီးခဲ့တဲ့ လပိုင်း တုန်းကပဲ ဥရောပ ဈေးကွက်ထဲမှာ Civic အသစ်ကို မိတ်ဆက်ခဲ့ပြီး ၁၁ ခု မြောက် မျိုးဆက် အနေနဲ့ ဝင်လာ ခဲ့တာပါ။ အမေရိက အတွက် အစားထိုး ဝင်ရောက်လာမယ့် Civic အသစ်က ဥရောပ မော် ဒယ်နဲ့ အတူတူပဲ လား ဆိုတာကိုတော့ အတိအကျ မသိနိုင်သေးပဲ ဥရောပ မော်ဒယ်ကနေ အိုင်ဒီယာ တစ်ချို့ ကိုတော့ ယူလာနိုင်တာ သေချာပါတယ်။ Civic e:HEV အနေနဲ့ 2.0 Liter Atkinson-Cycle Engine ကိုသုံးထားတာ ဖြစ်ပြီး လျှပ်စစ် မော်တာ ၂ လုံးလည်း ပေါင်းစပ် ထားတာကြောင့် 181 hp နဲ့ 232 lb-ft Torque အထိ ကိုစွမ်းဆောင်ထားနိုင်တာ တွေ့ရပါတယ်။ အခု လာမယ့် ဆောင်းတွင်းလောက် မှာပဲ ဥရောပ ‌ဈေးကွက်ထဲ အဆိုပါ ကားသစ်တွေကို စတင် ရောင်းချတော့မှာပါ။ Honda ကတော့ လက်ရှိ Insight ကားမျိုးဆက်ကို ပြီးခဲ့တဲ့ ၂၀၁၉ မှာ ဈေးကွက်ထဲ ပို့ပေးခဲ့တာ ဖြစ်ပြီး 1.5 Liter Engine ကို သုံးထားတာပါ။ ဒါ့အပြင် လျှပ်စစ်မော်တာ ၂ လုံးလည်း ပါဝင် နေသေးတာကြောင့် စွမ်းဆောင်ရည်ကတော့ 151 hp နဲ့ 191 lb-ft Torque အထိ ရှိပါတယ်။ အဆိုပါ Insight ကိုတော့ ယခင် Civic ကား အဟောင်းမျိုးဆက် အပေါ်မှာ အခြေခံ ဖန်တီး ထားခဲ့တာ ဖြစ်ပြီး Honda ရဲ့ Lineup ထဲမှာတော့ ခပ်မြင့်မြင့် နေရာမှာ ရပ်တည် ထားနိုင် တဲ့ ကားဖြစ်ပါတယ်။ ဒါ့အပြင် Honda အနေနဲ့ တတိယမြောက် မျိုးဆက် Insight Hybrid ကားတွေကို ၂၀၁၈ ကတည်းက နေ ရောင်းချလာခဲ့တာ အစီးရေ ၇၀,၀၀၀ ကျော် လောက်အထိကို ရောင်းချခဲ့ရပြီးလည်း ဖြစ်ပါတယ်။

Photo Credit: motor 1.com

Honda Insight အနေနဲ့ ကတော့ လွန်ခဲ့တဲ့ ၂၃ ‌နှစ် ကတည်းက ဈေးကွက်ထဲ ရှိနေခဲ့တာဖြစ်ပြီး Honda ရဲ့ Lineup ထဲကနေ တစ်သက်လုံး လုံးဝ ပျောက်ကွယ်သွားဖို့ ဆိုတာတော့ ခဲယဉ်း‌နိုင်ပါသေးတယ်။ အခုနှစ် နှောင်းပိုင်းမှာ မိတ်ဆက် ပေးလာမယ့် CR-V Hybrid ကားကလည်း နောက်ပိုင်းမှာ Redesigned Model အနေနဲ့ ထပ်ပြီး ထွက်လာနိုင်ဖို့ ရှိနေသေးတာပါ။ လက်ရှိ မျိုးဆက် Honda Accord ကတော့ ၂၀၁၈ မော် ဒယ်နှစ် ကတည်းက ထွက်ရှိ ထားတာ ဖြစ်ပြီး Lineup တစ်ခုလုံးနဲ့ Hybrid မျိုးကွဲတို့ကို ပြောင်းလဲပေးလာ နိုင်မယ့် Mid-Cycle Refresh Model ကိုလည်း မကြာခင် ရရှိ လာနိုင်ပါတယ်။ ဒါကြောင့် ခပ်သွက်သွက် လှုပ်ရှားလာမယ့် Honda ရဲ့ Hybrid ကားမော်ဒယ် အသစ်တွေအကြောင်းကိုတော့ဆက်ပြီး မျက်ခြေမပြတ် ကြည့် နေရတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com