Honda Fit RS ကားသစ်ကို ဂျပန်ဈေးကွက်ထဲ မိတ်ဆက်ထားတာ မကြာသေးပေမယ့် အခုဆိုရင် နာမည်ကြီး Mugen Tuning Company တို့ကနေ Body Kit အသစ်တစ်ခု ထုတ်လုပ်ပေးလိုက်ပါပြီ။ အဆိုပါ Kit အသစ်ကတော့ Honda Fit ကို Type R လို ကားတစ်စီးအဖြစ် အသွင်ပြောင်းသွားစေမှာဖြစ်ပြီး ကိုယ်ထည်အရောင်နဲ့ တစ်ရောင်တည်း ဖြစ် နေတဲ့ အရှေ့ဘက် ဘန်ဘာကိုလည်း ထည့်ပေးထား ပါသေးတယ်။ ဒါ့အပြင် ကားရဲ့အလယ် Central Intake အပိုင်းကိုလည်း အနီရောင်လိုင်းလေးတွေ အဖြစ်နဲ့ပဲ ဖန်တီးပေးထားပြီး နောက်ထပ် အနီရောင် အလင်းဒီဇိုင်းတွေ ကိုလည်း Grille တွေမှာပါ ထပ်သုံးပေးထားတာကို တွေ့ရမှာပါ။

Photo Credit: AllAutoExperts

Mugen ကတော့ Honda Fit RS ကားလေးအတွက် Trim လေးတွေ ဖန်တီးပေးထားရာမှာ Faux အသွင် Texture ဒီဇိုင်းလေးတွေကို သုံးပေးထားပါတယ်။ ဒါ့အပြင် ကာဗွန်ပုံစံနဲ့ ဘက်မှန် ကာဗာတွေကိုလည်း တပ်ဆင်ပေးထားပြီး အရှေ့ဘက် Fenders တွေနဲ့ ဘေးဘက် Skirts တွေကိုလည်း ထိုနည်းတူပဲ ပြင်ဆင်ပေးထား လိုက်တာ တွေ့ရပါတယ်။ ကားရဲ့ ဘီးတွေအတွက်ကိုတော့ ၁၇ လက်မ အရွယ် MDE Aluminum ဘီးတွေအဖြစ် ပြောင်းလဲပေးလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

ကားရဲ့ အနောက်ဘက် Taillight တွေ အကြားမှာတော့ ကာဗွန်ပုံစံလေးတွေ ပြင်ဆင်ပေးထားပြီး ဘန်ဘာ ကိုယ်တိုင်ကိုလည်း Air Vents တွေ ၊ Diffuser တွေနဲ့ လိုက်ဖက်မယ့် Extension Design ပုံစံအသစ် ပြောင်းပေးထားတာ တွေ့ရပါတယ်။ Honda Fit ရဲ့ နည်းနည်း နိမ့်တဲ့ Trim တွေဖြစ်တဲ့ Basic ၊ Home နဲ့ Luxe Trim တွေ အတွက်ကိုတော့ Mugen အနေနဲ့ နည်းနည်းပဲ ပြင်ဆင်ပေးထားတဲ့ Kit တွေကို ထုတ်ပေး ထား လိုက်ပါတယ်။ Standard Fit ကား‌တွေမှာတော့ ကာဗွန်ဖိုက်ဘာ Grille Extension ၊ ပိုကြီးလာတဲ့ အနောက်ဘက် အတောင်ပံ ၊ ပိုကျယ်လာတဲ့ Diffuser နဲ့ ပိုပြီးတော့ကို သိသာလာတဲ့ Splitter တွေကို လှလှ ပပ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts