မကြာသေးမီကပဲ Honda က လျှပ်စစ်ကားသစ်တစ်မျိုးနဲ့ Hybrid ကားသစ်တစ်မျိုးဆိုပြီး ကားသစ် ၂ မျိုး ကို ကြေညာလာခဲ့ကာ မကြာမီ ဥရောပကို ဖြန့်ချီပေးသွားဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါ့အပြင် CR-V ကားရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ လျှပ်စစ်ကားအမျိုးအစားလည်း ထွက်ရှိလာမှာဖြစ်တယ်လို့အတည်ပြုထားကာ အသေး ငယ်ဆုံး လျှပ်စစ် Crossovers ကား ၂ မျိုးက လျှပ်စစ်စွမ်းအင်သုံးကားတွေဖြစ်လာမှာပါ။ Hyundai Kona လျှပ်စစ် Concept ကားရဲ့ ပြိုင်ဖက်ဖြစ်လာမယ့် e:Ny1 Prototype ကားက Honda-e Chassis ကိုအခြေခံ ထားမှာဖြစ်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

e:Ny1 Concept ကားရဲ့နည်းပညာပိုင်းနဲ့ပတ်သက်တဲ့ အသေးစိတ်တွေကို သိရှိရခြင်းမရှိသေးပေမယ့်လည်း တရုတ်ရဲ့ e:NS1 နဲ့ e:NP1 Concepts ကားတွေနဲ့ ပတ်သက်နေနိုင်တာကြောင့် 68.8 kWh ဘက်ထရီကို အသုံးပြုလာနိုင်ပြီး Range အနေနဲ့ကတော့ ၃၁၁ မိုင်အထိ စွမ်းဆောင်နိုင်မယ်လို့ ယူဆရပါတယ်။ Honda အနေနဲ့တော့ အမည် မပေးရသေးတဲ့ Hybrid Crossover ကားကိုလည်း မိတ်ဆက်ထားပြီး အဆိုပါ SUV ကတော့ မြောက်အမေရိကမှာ ပြသခဲ့တဲ့ 2023 HR-V ကားနဲ့ တူညီလာနိုင်ပါတယ်။ အဆိုပါ HR-V ကို တော့ ဥရောပ နဲ့ ဂျပန် ဈေးကွက်မှာ စတင်ရောင်းချနေခဲ့ပြီးဖြစ်ပေမယ့် အမေရိကမှာ ရောင်းချခဲ့တဲ့ 2023 HR-V ကားနဲ့ ကွဲပြားနေပါသေးတယ်။

Photo Credit: AllAutoExperts

အခု CR-V ကားရဲ့ မျိုးဆက်သစ်ကိုတော့ ဥရောပအတွက် ပထမဆုံးအကြိမ်အဖြစ် Hybrid အနေနဲ့ကော Plug-In Hybrid အနေနဲ့ပါ ကမ်းလှမ်းလာနိုင်ပြီး ၂၀၂၃ လောက်မှာ စတင်ရောင်းချလာနိုင်တာပါ။ Honda အနေနဲ့ ၂၀၂၃ ခုနှစ်မှာ သူတို့ရဲ့ e:HEV Hybrid နည်းပညာ နဲ့ ALL-New C-Segment SUV ကားကို ပိုမိုဖြန့်ကျက်ရောင်းချလာမှာ ဖြစ်တယ်လို့ Honda Motor Europe ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Tom Gardiner ကဆိုထားပါတယ်။ ဒါ့အပြင် လက်ရှိ ရှိနေပြီးသား HR-V ၊ CR-V နဲ့ All-New e:NY1 တို့နဲ့အတူ အဆိုပါကားက ပြိုင်ကားဆန်ပြီး မြန်ဆန်သွက်လက်မယ့် Full-Hybrid ကားကို မျှော်လင့်နေသူတွေအ တွက် ဆွဲဆောင်မှုရှိတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း Tom Gardiner က ထပ်မံပြောကြား ခဲ့တာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts