အမေရိက ကား ဈေးကွက်ကြီးထဲမှာတော့ Crossover ကားတွေကို တစ်စထက်တစ်စ ပိုပိုပြီး လူကြိုက်များ လို့နေပါပြီ။ အခုဆိုရင်တော့ iSeeCars.com ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ မတ်လ အအမေရိက ကားအရောင်း စာရင်းမှာ ဆိုရင် Honda CR-V တို့က အမြန်ဆုံး ရောင်းအားကို ပိုင်ဆိုင်သွားတယ်လို့ သိရပါတယ်။ အဆိုပါ ကားကတော့ ပျမ်းမျှ ၇.၆ ရက် အတွင်းမှာတင်ပဲ ရောင်းကုန်သွားတာပါ။ ကားရဲ့ ဈေးနှုန်းကတော့ မတ်လ အတွင်းမှာ $ 33,073 ကျသင့်တာ ဖြစ်ပြီး ယခင် အခြေခံ‌ဈေးကတော့ $ 27,625 အထိရှိတာ ဖြစ်ပါတယ်။ ကားရဲ့ Range အမြင့်ဆုံး Touring Grade ကား ကတော့ $ 37,425 အထိ ပို ကျသင့်မှာပါ။

Photo Credit: motor 1.com

ပြီးခဲ့တဲ့ မတ်လ အတွက် ရောင်းအား အမြန်ဆုံး ဖြစ်ခဲ့တဲ့ ကားတွေထဲမှာ CR-V တစ်စီး တည်းတင် မဟုတ်ပဲ နောက်က ဒုတိယ လိုက်လာတာ ကတော့ Genesis GV 70 ကားပဲ ဖြစ်ကာ ၁၂.၂ ရက် အတွင်း ရောင်းကုန် ခဲ့တာပဲဖြစ်ပါတယ်။ Lexus RX 350 အမျိုးအစား ကတော့ ၁၃ ရက် စံချိန် နဲ့ အတူ တတိယလိုက်ခဲ့ပြီး Toyota Highlander ကတော့ စတုတ္ထ နေရာမှာ ၁၃.၆ ရက်နဲ့ ရပ်တည်နေပါတယ်။ နံပါတ် ၅ နေရာမှာ တော့ Toyota Camry က ၁၅.၁ ရက် ‌နဲ့ အတူ ရောင်းအား အမြန်ဆုံး စာရင်းထဲ ပထမဆုံးအနေနဲ့ စတင် ပါဝင်လာခဲ့ပြီ ဖြစ်ကာ Ford Maverick Hybrid ကလည်း ၁၅.၅ ရက်နှုန်းနဲ့ အတူ နံပါတ် ၇ နေရာမှာ ရပ် တည်နိုင်ခဲ့ပါတယ်။

Photo Credit: motor 1.com

တစ်ပတ်ရစ် ကား ဈေးကွက်တွေထဲ ကြည့်မယ်  ဆိုရင်တော့ Tesla Model X က ရောင်းအား အမြန်ဆုံးပဲ ဖြစ်ပြီး ပျမ်းမျှ ကားတစ်စီး ရောင်းထွက်ဖို့ ၂၈ ရက်ပဲ အချိန်ယူရတာပါ။ ဈေးနှုန်းကတော့ ပျမ်းမျှ အားဖြင့် $ 90,406 အထိ ရှိပြီး သာမန် ဈေးကတော့ $ 140,440 ကနေ စတင်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု လိုမျိုး ကားသစ်မှာရော တစ်ပတ်ရစ်မှာ ပါ ဝယ်လို အားများနေတာကို ကြည့်ခြင်းအားဖြင့် Long Range Model အသစ် ထွက်မယ် ဆိုရင်တောင် ဒီဇင်ဘာ ၂၀၂၂ နဲ့ မတ်လ ၂၀၂၃ အကြား လောက် အတွင်းထိ မဖြစ်လာနိုင် သေးဘူးလို့ပဲ ခန့်မှန်းရတော့မှာပါ။ အဆိုပါ ဈေးကွက် ထဲမှာတော့ Honda Insight က ၂၈.၉ ရက် နဲ့ နှုန်းနဲ့ ဒုတိယနေရာ ရောက်လာပြီး Hyundai Ioniq Hybrid ကတော့ ၂၉.၄ ရက် နဲ့အတူ တတိယ နေရာ ၊ Tesla Model Y ကတော့ ၂၉.၅ ရက် နဲ့ စတုတ္ထ နေရာ၊ ၃၂.၈ ရက်‌နဲ့ Toyota Prius Prime Model က နံပါတ် ၅ နေရာတို့မှာ အသီးသီး ရှိလို့ နေပါတယ်။ အဆိုပါ iSeeCars.com ရဲ့ အချက်အလက် တွေက တော့ မတ်လ ၂၀၂၂ အတွင်း ရောင်းချခဲ့ရတဲ့ ကားသစ်နဲ့တစ်ပတ်ရစ် ကားပေါင်း ၁၅၀,၀၀၀ ကျော် လောက် ကို စစ်တမ်း ကောက်ထားတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကားသစ်တစ်စီး ရောင်းချနိုင်ဖို့ ၃၅.၅ ရက် နဲ့ တစ်ပတ် ရက် ကားတစ်စီး ရောင်းနိုင်ဖို့ ၅၂.၉ ရက် ကြာမြင့်တယ်လို့ ဆိုနိုင်တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com