အလယ်ခေါင်မှာ သင်္ဘောတွေ ဖြတ်သန်း သွားလာချိန် အဆင်ပြေအောင်လို့ တစ်ချို့သော တံတားတွေက အင်ဂျင်နီယာနည်းပညာနဲ့ အရှင်ပြုလုပ်ထားပြီး အဖွင့်အပိတ်လုပ်လို့ ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ တံတား အဖွင့်အပိတ် မလုပ်ခင်မှာတော့ ကားတွေဖြတ်သန်း သွားလာနေတာမျိူး မဖြစ်ရအောင် သေချာပိတ် ပြီးမှ လုပ်ရမယ် ဆိုတာတော့ ပြောနေစရာတောင် မလိုပါဘူး။ အခုတော့ အမေရိကန်နိုင်ငံ ၊ ဖလော်ရီဒါ ပြည် နယ်က အခုလို အဖွင့် အပိတ်လုပ်လို့ ရတဲ့ တံတားတစ်စင်းမှာတော့ အိမ်စီးကားလေးတစ်စီး အဖြစ်ဆိုးခဲ့ရပါ တယ်။ တံတားအဖွင့်မှာ အဆိုပါ Honda Accord ကားလေးက တန်းလန်းဖြစ်ကာ ညှပ်သွားခဲ့တာဖြစ်ပြီး ကံကောင်းတာကတော့ ယာဉ်မောင်းအန္တရာယ်မရှိပဲ ထွက်လာနိုင်ခဲ့တာပါ။ အခုလို ကြောက်စရာ ကောင်းတဲ့ မတော်တဆမှုမှာ ယာဉ်မောင်းက လုံးဝ ညှပ်မသွားခဲ့ပဲ ရအောင်ထွက်လာနိုင်ခဲ့တာကတင် အတော်လေး အံ့အားသင့်ဖို့ ကောင်းနေပါပြီ။ အခုဆိုရင်တော့ အဆိုပါဖြစ်ရပ် ဘာကြောင့်ဖြစ်ပွား ခဲ့ရသလဲဆိုတာကိုစုံစမ်း စစ်ဆေးခဲ့ပြီးယာဉ်မောင်းတွေအတွက် အခုလို အန္တရာယ် ဖြစ်နိုင်တဲ့ အခြေအနေတွေကို သတိပြုစေခဲ့တာ လည်း ဖြစ်ပါတယ်။ တကယ်တော့ အဆိုပါ ဖြစ်ရပ်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ နှောင်းပိုင်းလောက်မှာ ကတည်းက ဖြစ်ပွားခဲ့ တာ ဖြစ်ပြီး ဖလော်ရီဒါ ပြည်နယ် ၊ Lantana ဒေသမှာရှိတဲ့ Ocean Avenue Bridge တံတားမှာ ဖြစ်ခဲ့တာ ပါ။ အဆိုပါ မှတ်တမ်း Video အရတော့ Honda ကားလေးတစ်စီးက တံတားကို ပုံမှန် အတိုင်းပဲ ဖြတ်သန်း လာခဲ့တာဖြစ်ပြီး ပထမ ဂိတ်ကို ဖြတ်နေတုန်းမှာပဲ တံတားက ပွင့်လာနေခဲ့တာပါ။ တစ် ချိန်တည်းမှာပဲ အဆို ပါ တံတားပေါ်မှာစက်ဘီးတစ်စီးကိုပါ မြင်တွေ့ခဲ့ရပြီး လုံခြုံရေးကင်မရာရဲ့ရိုက်ယူ ထား မှုမှာ မြင်ရသလောက် တော့ စက်ဘီးက အန္တရာယ်ကင်းကင်းနဲ့ လွတ်သွားခဲ့ပါတယ်။
ဒါပေမယ့် Honda ကားလေး အတွက်ကတော့ ကံမကောင်းခဲ့ပဲ အထူးသဖြင့် တံတားက ကြွတက် လာတော့ တာကြောင့် ယာဉ်မောင်းကလည်း သူ့ရဲ့ ကားညပ်လုဆဲဆဲ အခြေအနေမှာ ဆက်မောင်းမရတော့တာ ဖြစ်ပါ တယ်။ စက္ကန့် ၃၀ လောက်အကြာမှာတော့ တံတားကတဖြည်းဖြည်းနဲ့ လုံးဝပွင့်သွားခဲ့ပြီး ကားလေးကလည်း ညှပ်လျက်ပဲရှိနေခဲ့ကာ အရှေ့ဘက် ဘီးတွေက တံတားပေါ်မှာ ၊ ကားရဲ့အရှေ့ Fascia ဘောင်ကတော့ တစ် ဖက်က မြေပြန့် လမ်းပေါ်မှာ ရှိနေ တာ ဖြစ်ပါတယ်။ နောက်ဆုံးတော့ ကားဘီး တာယာတွေလည်း တံတား အဖွင့်ကြားထဲက ချိုင့်ထဲကို ကျသွား ခဲ့ပြီဖြစ်ပြီး ခဏနေရင် တံတားပြန်ပိတ်ပြီး အောက်ကျလာတော့မှာမို့ ညပ်လျက်သားနဲ့ပဲ ပြန်မထွက် လာနိုင် တော့ဖို့ အလားအလာက များနေခဲ့ပါတယ်။ ကံကောင်း သွားတာက တော့ တံတားမြောက်တက်သွားတဲ့အချိန်မှာ ကားကိုအရှေ့နည်းနည်း တွန်းပေးလိုက် သလို ဖြစ်သွားတာ ကြောင့် တံတား ပြန်ကျလာချိန်မှာတော့ ယာဉ်မောင်းလည်း ခပ်မြန်မြန်ပဲ မောင်းထွက် ခဲ့ပါတော့တယ်။ အခု ဖြစ်ရပ်ရဲ့ နောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေအရတော့ တံတားကိုထိန်းချုပ်တဲ့ သူတွေက လည်း သူတို့ အနေနဲ့ အခုလို အဖွင့်အပိတ် မလုပ်ခင် တံတားပေါ်မှာ ကားတစ်စီး ကျန်နေခဲ့သေးတယ် ဆို တာကို သတိမပြုမိခဲ့ကြ ဖူးလို့ ဆိုထားပါတယ်။ ပြောစရာတောင် လိုမယ်မထင်ပါဘူး ၊ အဆိုပါ တံတား အဖွင့် အပိတ် တာဝန်ယူထား ရသူကတော့ အလုပ်က အထုတ်ခံလိုက် ရတော့တာပါပဲ။ Video မှတ်တမ်းအရတော့ အဆိုပါ Honda ကား လေးရဲ့ အရှေ့ဘက် အပိုင်းမှာ ပျက်စီးမှုတစ်ချို့ ရှိသွားတာကို တွေ့ရတာဖြစ်ပြီး အနည်းဆုံးတော့ ယာဉ် မောင်းလည်း ကားကိုပုံမှန်အတိုင်းပဲ ပြန်မောင်းထွက် သွားနိုင်ခဲ့တာကတော့ အတော် ကိုကံကောင်းလို့ပဲ ဆိုရမှာပါ။
Ref: motor 1.com