Holoride VR ဆိုတဲ့ နည်းပညာအသစ် တစ်ခုကို Audi အနေနဲ့ အခုနှစ်ထဲမှာပဲ သူတို့ရဲ့ ကားတွေဆီ ဖြန့်ချီ ပေးနိုင်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ အဆိုပါနည်းပညာကတော့ VR ဆိုတဲ့ ပုံရိပ်ယောင် နည်းပညာ ဒါမှ မဟုတ် ပိုအဆင့်မြင့်တဲ့ XR စနစ်တွေကို သုံးပြီး ကားလိုက် စီးနေတုန်း မပျင်းရအောင် လုပ်ပေးမယ့် ဂိမ်းနည်းပညာပဲ ဖြစ်ပါတယ်။ မနှစ်က ကျင်းပခဲ့တဲ့ CES 2019 ပွဲကြီးမှာ စတင်ချပြခဲ့တဲ့ နည်းပညာလည်း ဖြစ်ပြီး ကား နောက်ခန်းထဲက ခရီးသည်တွေက VR Headset ကြီး တပ်ကာ ခံစားနိုင်မှာပါ။ ထူးခြားတာက တော့ အဆိုပါ Headset ကို ကားရဲ့ Bluetooth Low Energy ( BLE ) စနစ်နဲ့ ချိတ်ဆက်ထားမှာပဲ ဖြစ်ပါ တယ်။ အဆိုပါ Holoride ဆိုတဲ့ စနစ်ကနေ ခရီးသည်တွေ အနေနဲ့လည်း VR သုံးပြီး ရုပ်ရှင်ကြည့်တာတွေ ၊ Video Games ဆော့တာတွေနဲ့ အပြန်အလှန် ဆက်သွယ် တာတွေကိုပါ လုပ်နိုင်မှာဖြစ်တာကြောင့် ကား တစ်စီးလုံးကို ဘက်စုံသုံး ဂိမ်းစက်တစ်လုံး အဖြစ် ပြောင်းလဲ ပေးလိုက်နိုင်မှာပါပဲ။
ဒ့ါအပြင် အခု Holoride ရဲ့ ထူးခြားချက်ကတော့ ကားရဲ့ မြန်နှုန်းကိုပါ VR စနစ်နဲ့ ချိတ်ဆက်ထားတာ ကြောင့် ပိုပြီး စိတ်လှုပ်ရှားစရာ လက်တွေ့ဆန်မှုကိုခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကားက ညာဘက်ကို ကွေ့လိုက်ရင် VR Game ထဲက ကားကလည်း ညာဘက်ကို လိုက်ကွေ့ပြီး အပြင်ကကားက အရှိန်မြှင့်လိုက် ရင်လည်း VR Game ထဲမှာ အရှိန်လိုက်မြင့်နေမှာပါ။ တကယ်လို့ ဂိမ်းထဲမှာ ဆော့နေတာ ကားမဟုတ်ပဲ ထူးထူးခြားခြား တစ်ခြားယာဉ်တွေ ၊ Spaceship တွေ ဆိုရင်လည်း အလားတူပဲ ခံစားနိုင် ပါလိမ့်မယ်။ Audi ကတော့ အဆိုပါ နည်းပညာသစ်ကို Modular Infotainment Toolkit ( MIB 3 ) တတိယမြောက် မျိုး ဆက်အနေနဲ့ မိတ်ဆက်ထားတာ ဖြစ်ပြီး လာမယ့် ဇွန်လမှာ ထွက်ပေါ်လာမယ့် တစ်ချို့ကားတွေ မှာ တစ်ပါ တည်း ပါဝင်လာပါတော့မယ်။ အဆိုပါ ကားတွေထဲမှာတော့ A 4 ၊ A 5 ၊A 6 ၊A 7 ၊A 8 တို့အပြင် Audi Q 5၊ Q 7 ၊ Q 8 ၊ e-Tron နဲ့ e-Tron GT Quattro ကားတို့လည်း ပါဝင်နေပါတယ်။ အဆိုပါ ကားတွေရဲ့ ဥရောပ ဈေးကွက် အဝင်မှာလည်းပဲ အခြားသော အမေရိက၊ ကနေဒါ ၊ ဂျပန် နဲ့ တရုတ် ဈေးကွက် တွေလိုမျိုး အခု Software အသစ်ကို တစ်ပါတည်း ရရှိနိုင်မှာပါ။
အသစ်ထုတ်လုပ်မယ့် ကားတွေမှာ တစ်ပါတည်း ထည့်ပေးလာမယ့် အပြင် Audi အနေနဲ့ အဆိုပါ စနစ်ကို Southwest ( SXSW ) ဂီယာ၊ ရုပ်ရှင် အနုပညာ ပြပွဲကြီးမှာလည်း သွားရောက်ပြသဖို့ စီစဉ်ထားပြီး အဆိုပါ ပွဲကတော့ အမေရိကန် နိုင်ငံ တက္ကဆက်မှာ ကျင်းပမှာပါ။ အဆိုပါ ပွဲတက်လာသူတွေ အနေနဲ့ကတော့ အခု Holoride စနစ်ကို သေချာ အသုံး ပြုနိုင်မှာ ဖြစ်ပြီး Audi ရဲ့ လျှပ်စစ်ကားအသစ်တွေမှာ ခံစားနိုင်မယ့် နည်း ပညာတွေကိုလည်း တစ်ပါတည်းကို သိရှိ လေ့လာ နိုင်တော့မှာပါ။ အခုပွဲမှာ ဒီနည်းပညာကို တကူးတက လာရောက်ပြသရတာကတော့ အဆိုပါပွဲရဲ့ SXSW Pitch 2021 ဆုကို Audi ရဲ့ အခု Holoride က ရရှိခဲ့ တာ ဖြစ်ပြီး အကောင်းဆုံးသော အနုပညာ၊ ဂိမ်းနဲ့ အခြားသော Content ပိုင်းတွေ ခေါင်းစဉ်အောက်က ရရှိ ခဲ့တာပါ။ ဒါ့အပြင် အခု Holoride နည်းပညာအသစ်ကတော့ ယာဉ်မောင်း တွေ လုံးဝ မလိုအပ်တော့မယ့် အနာဂါတ် မောင်းသူမဲ့ယာဉ် ခေတ်တစ်ခု အထိလည်း အထောက်အကူ ပြုနိုင်မယ့် စနစ် ဖြစ်နေပြီလို့ Audi က ဆိုထားတာကြောင့် ခေတ်လွန် နည်းပညာကောင်းတစ်ရပ် အနေနဲ့ စောင့်ကြည့်ရတော့မှာပါ။
Ref: motor 1.com