Venom F 5 Hypercar အသစ်ကို Hennessey ဘက်က ပြီးခဲ့တဲ့ဆောင်းတွင်းမှာကတည်းက ဈေးကွက်ထဲ ဖြန့်ချီပေးခဲ့ပြီးဖြစ်ပြီး အခုဆိုရင်တော့ အဆိုပါကားရဲ့ နောက်ထပ်အမိုးပွင့် Version အသစ်ကိုပါ မိတ်ဆက် ပေးလာဖို့ ရှိနေပါပြီ။ Hennessey ဘက်က အတည်ပြုချက် အရတော့ အဆိုပါ Hypercar အသစ်ကို လာ မယ့် ဩဂုတ် လ ၉ ရက် နေ့မှာ တရားဝင် စတင်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ လာမယ့်ဩဂုတ်လ ၁၉ ရက်နေ့မှာတော့ Monterey Car Week ရဲ့ အဓိက အရေးကြီးပွဲတွေထဲက တစ်ပွဲဖြစ်တဲ့ The Quail ကား ပြပွဲမှာ အများပြည်သူကို စတင် ထုတ်ပြသွား မှာပါ။

Photo Credit: MotorAuthority

လက်ရှိ အချိန်အထိတော့ ကားနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် ယခင် Coupe နဲ့ ဆင်တူတဲ့ 6.6 Liter Twin-Turbocharged V8 Engine ကိုပဲ ဆက်ပြီး သုံးလာမယ်လို့တော့ သိထားရပါတယ်။ ကားရဲ့ စွမ်းဆောင်ရည်ပိုင်း ကတော့ Hypercar ဆိုတဲ့ အတိုင်းပဲ 1,542 hp နဲ့ အမြင့်ဆုံး ဆိုရင်တော့ 1,817 hp အထိ ကို ရှိလာနိုင်ပါတယ်။ အဆိုပါ ကားရဲ့ အင်ဂျင်ကိုတော့ Fury လို့ ခပ်ကြမ်းကြမ်း ပဲ နာမည်ပေးထားပြီး Venom F 5 က အတိုင်းပဲ 7-Speed Automated Manual Transmission ဂီယာ ကို ထည့်ပေးထားကာ Rear-Wheel Drive စနစ် နဲ့လည်း တွဲဖက် ပေးထားပါတယ်။ အခု ကားသစ်မှာတော့ အမိုးဖွင့် ဒီဇိုင်းနဲ့ အမိုးကို Venom GT Spyder တုန်းက လိုမျိုး ထည့်ပေးလာဖို့ ရှိနေပါတယ်။ ဒါပေမယ့် အခုလို အဖွင့်အပိတ် လိုသလိုလုပ်နိုင်မယ့် အမိုးအတွက် Venom F 5 ရဲ့ Bespoke Carbon-Fiber Tub လိုမျိုး သီသန့်ပစ္စည်း ကိရိယာတွေ ထည့်သွင်းလာဖို့ လိုဦးမှာလား ဆိုတာကတော့ မသေချာသေးတာ ဖြစ်ပါ တယ်။

Photo Credit: MotorAuthority

အခု ကားရဲ့ စွမ်းဆောင်ရည်က‌လည်း ယခင် Coupe အတိုင်းပဲ ဖြစ်ဖို့များပြီး တစ်နာရီ ၀ ကနေ ၆၀ မိုင်နှုန်း အထိ အရှိန်တင်မောင်းဖို့ အတွက် ၂.၆ စက္ကန့် လောက်ပဲ အချိန်ယူရမှာ ဖြစ်ပါတယ်။ မြန်နှုန်းကလည်း တစ် နာရီ မိုင် ၃၀၀ အထက်ရှိနိုင်ပြီး ယခင် Coupe တုန်းကတော့ ၃၁၁ မိုင် အထိရှိခဲ့တာဖြစ်ကာ တကယ်တမ်း စမ်းသပ်စဉ် တုန်းကတော့ ၂၇၁.၆ မိုင် အထိ ရှိတာတွေ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း ထပ်မံစမ်းသပ်မယ် ဆိုရင်တော့ ဘယ်လောက် အထိ တိုးတက် လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ယခင် Coupe အမျိုး အစား တုန်းကတော့ Hennessey က အစီးရေ ၂၄ စီးပဲ သီးသန့်ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး အခုကားကလည်း အကန့်အသတ်နဲ့ပဲ ဖြစ်နိုင်ကာ Hennessey ဘက်ကတော့ ဘယ်လောက် ထုတ်ပေးမယ်ဆိုတာ အတည် မပြုထား သေးပါဘူး။ စိတ်ဝင်စားစရာ ကောင်းတဲ့ တစ်ချက်ကတော့ Hennessey ဘက်က အခု ကားကိုပဲ မြန်နှုန်းမြင့် အစားကွင်းပတ်လမ်း တစ်လျှောက် လောက်မှာတင် စွမ်းဆောင်ရည် မြင့်မြင့်မားမား မောင်းနိုင် မယ့် ကားမျိုးကိုလည်း စီစဉ်နေတယ်လို့ သိရတာကြောင့် Venom F 5 ရဲ့ နောက်ထပ် မျိုးကွဲ တွေကို မြင်ရ မလား ဆိုတာကတော့ စောင့်ကြည့်သွား ကြရတော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority