Maserati ကုမ္ပဏီ ကတော့ သူတို့ရဲ့ နာမည်ကျော် Granturismo ကားသစ်ကို ၁၆ နှစ်အတွင်း ပထမဆုံး Update တစ်ခုအဖြစ် အဆင့်မြှင့်တင် ချပြလာခဲ့ပါတယ်။ အခု ချပြလာခဲ့တဲ့ ပုံရိပ်တွေအရတော့ ကားသစ်မှာ အရောင်စုံ ပါဝင်လာတာကို မြင်ထားရပြီး Blu Nobile Giallo Corse နဲ့ Rosso GranTurismo ဆိုပြီးအတော်လေးကို စုံလင် နေတာပါ။ ကားရဲ့ ဒီဇိုင်းပိုင်းကလည်း ယခင် Model အဟောင်းနဲ့ယှဉ်ရင် အပြောင်းအလဲလေးတွေ ရှိလာခဲ့ ပေမယ့် GranTurismo တစ်စီးရဲ့ မူလ အသွင်အပြင်ကိုတော့ ဆက်ထိန်း ပေးထားနိုင်ပါတယ်။ အခုကားသစ် ကိုတော့ အခုနှစ် နှောင်းပိုင်းလောက်မှာ စတင်ချပြလာလိမ့်မယ်လို့ ယူဆရပါတယ်။

Photo Credit: AllAutoExperts


အခု ကားသစ်မှာ နောက်တစ်ချက် ပြောင်းလဲ သွားတာကတော့ အင်ဂျင်ပိုင်းဖြစ်ပြီး အခုဆိုရင် MC 20 Supercar ရဲ့ Nettuno 3.0L Twin-Turbo V 6 အင်ဂျင်ကို Detuned ပြန်လုပ်ထားတဲ့ အင်ဂျင် ထည့်ပေးလာပါပြီ။ ဒါကြောင့် အခု အင်ဂျင် အသစ်အရ ကားရဲ့ စွမ်းဆောင်ရည်ပိုင်းဟာ 483 hp နဲ့ 443 lb-ft Torque အထိကို ရှိလာမှာဖြစ်ပြီး တကယ်လို့ ပိုကောင်းတဲ့ Trofeo Model မှာဆိုရင် 542 hp နဲ့ 479 lb-ft Torque အထိ ရှိလာလိမ့်မယ်လို့ သိရပါတယ်။

Photo Credit: AllAutoExperts

ဒါ့အပြင် Maserati တို့ ကတော့ Granturismo ရဲ့ လျှပ်စစ်သီးသန့် Folgore Version အသစ်ကိုလည်း ကြေငြာချပြ ခဲ့ပြီး အဆိုပါကားသစ်မှာတော့ လျှပ်စစ်မော်တာ ၃ လုံးအထိ ပါဝင်တာကြောင့် 751 hp နဲ့ 996 lb-ft Torque အထိကို ရှိနေမှာပါ။ အခု ကားသစ် ရဲ့ ဈေးကတော့ Modena Trim အတွက်ဆိုရင် $ 174,000 ရှိမှာဖြစ်ပြီး ပိုမြင့်တဲ့ Trofeo Model ဆိုရင်တော့ $ 205,000 အထိ ကျသင့်ပါလိမ့်မယ်။ ဥရောပ ဈေးကွက်ထဲမှာ ဆိုရင်တော့ $ 193,250 နဲ့ $ 241,243 အထိကို ကျသင့်မှာဖြစ်ပြီး လျှပ်စစ်ကားသစ် Folgore Version ရဲ့ ကား ဈေးနှုန်းကိုတော့ မသိရသေးတာ ကြောင့် ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: AllAutoExperts