Jeep လို့ဆိုလိုက်ရင်တော့ လမ်းကြမ်းပိုင်းနဲ့ပဲ နာမည်ကျော်နေကြဆိုတာ လူတိုင်းသိကြပြီးသားဖြစ်ပါတယ်။ အထူးသဖြင့် အမေရိက စျေးကွက်ထဲမှာဆိုရင် ကော်လိုရာဒို ၊ ကယ်လီဖိုးနီးယား ၊ Wyoming နဲ့ Utah စတဲ့ ဒေသတွေမှာပိုပြီး ရောင်းအားကောင်းနေတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အဆိုပါ ဒေသတွေမှာ ကမ္ဘာ ပေါ်က အကောင်းဆုံးသော လမ်းကြမ်း မောင်းအပိုင်းတွေနဲ့ သဘာဝ သစ်တောလမ်းတွေ အတော်များတာ ကြောင့် Jeep ကားတွေအစွမ်းပြဖို့အကြိုက်တွေ့နေကြတာပါ။ ဒါကြောင့်လည်း Jeep ရဲ့ Senior VP ဖြစ်သူ Jim Morrison ကတော့ Jeep ရဲ့ SUV ကားတွေဘက်ကိုကြည့်မယ်ဆိုရင်တော့ လမ်းကြမ်း ပိုင်းဒေသတွေ ထက် နယူးယောက်က သာ ဝယ်လိုအား အများဆုံးဖြစ်နေတာ ဖြစ်တယ်လို့ ဆိုထားဖူးပါတယ်။ Jeep က တော့ သူတို့ ပြောခဲ့ဖူးတဲ့ အတိုင်းပဲ အခု ကျင်းပနေဆဲ နယူးယောက် ကားပြပွဲကြီးထဲမှာ ကားအမျိုးအစား အသစ်တစ်စီးကိုချပြခဲ့ ပါတယ်။ အဆိုပါကားကတော့ ရှိပြီးသား Jeep Grand Cherokee 4 xe ရဲ့ ဒီဇိုင်းအ သစ် နဲ့ ကားဖြစ်ပြီး High Altitude လို့ အမည် ရပါတယ်။ အဆိုပါ High Altitude အမျိုးအစား ကတော့ Jeep Wrangler 4xe Hybrid ကားတွေမှာ Package အနေနဲ့ စတွေ့ခဲ့ရတာ  ဖြစ်ပြီး အခုဆိုရင်တော့ Jeep ရဲ့ Hybrid SUV ဆီကိုပါ‌ ရောက်လာ ခဲ့တာပါ။

Photo Credit: CARBUZZ

Jeep ကတော့ အဆိုပါ Package အသစ်ကို Summit 4xe နဲ့ Summit Reserve 4xe Models တွေ အတွက်ဆိုရင် အနက်ရောင် သီးသန့် ဒီဇိုင်းအသစ် အနေနဲ့ ရနိုင်မှာ ဖြစ်တယ်လို ဆိုခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ Pack အသစ်ကိုရဖို့ ဆိုရင်တော့ Grand Cherokee 4xe ကားမှာဆိုရင် Trim Level ၂ မျိုးလောက် အထိ ရွေးချယ်ထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။ Hydro Blue အရောင်လေးနဲ့ ရထားမယ့် အဆိုပါ Pack အသစ်မှာတော့ နဂိုရှိပြီးသား အနက်ရောင်နဲ့ အတော်လေး လိုက်ဖက်နေမှာပါ။ ဒါ့အပြင် အဆိုပါ အရောင် ဒီဇိုင်း အသစ်ကိုတော့ Jeep ရဲ့ လျှပ်စစ် SUV ကား တွေမှာပါ ရလာနိုင်ပါသေးတယ်။ ဒါတင်မကသေးပဲ အခြားသော Trailhawk ၊ Overland ၊ Summit နဲ့  Summit Reserve Trim တွေမှာလည်း ပေါင်းစပ်ပြီး ရလာဦးမှာ ဖြစ်ပါတယ်။ အခု High Altitude Pack အသစ်မှာ သိသိသာသာ ထူးခြားသွားတာက‌တော့ အနက်ရောင် ၂၁ လက်မ အရွယ်ဘီးကြီးတွေ ဖြစ်ပြီး ကားကို နဂိုကထက် ပိုပြီးခပ်မြင့်မြင့် ဖြစ်သွားစေပါ တယ်။ Jeep အနေနဲ့ အဆိုပါ Pack မှာတော့ အပြာရောင် တံဆိပ်တွေကိုလည်း အနက်ရောင် အဖြစ် ပြောင်း ပေးလိုက်ပြီး ကားရဲ့ အမိုးလိုင်းတွေနဲ့ Grille တွေလည်း အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အနက်ရောင် Grille တွေကတော့ Trailhawk နဲ့ Overland Trim တွေအတွက် သီးသန့်ပဲ ဖြစ်တာကြောင့် Summit Trim တွေမှာ မရနိုင်တာတော့ တွေ့ရပါတယ်။

Photo Credit: CARBUZZ

Package အသစ်ရဲ့ စျေးနှုန်းတွေ အနေနဲ့ကတော့ Summit နဲ့ Summit Reserve Models တွေမှာဆိုရင် အပြောင်းအလဲ သိပ်များသွားမှာ မဟုတ်ပါဘူး။ Summit Model တွေမှာ အခု Summit Reserve High Altitude Pack ကို ဝယ်မယ်ဆိုရင် $1,495 သာ ကျသင့်စေမှာ ဖြစ်တာကြောင့် ယခင် $ 995 ထက်စာရင် စျေး နည်းနည်လေးပဲ ပိုများသွားတာ တွေ့ရမှာပါ။ ဒါ့အပြင် Hydro Blue Paint အရောင်လေးကို လိုချင် သေးတယ်ဆိုရင်တော့ $ 395 ခန့် ထပ်မံ ကျသင့်မှာပဲ ဖြစ်ပါတယ်။  အခု  Pack အသစ်မပါသေးပဲ Grand Cherokee Summit ကား သီးသန့်ကတော့ $ 69,820 စျေးရှိနေတာဖြစ်ပြီး Reserve ကား အသစ်ကတော့ $ 74,695 အထိ ကျသင့်တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ တော့ အသစ် မိတ်ဆက်ထားတဲ့  High Altitude Pack ရော Hydro Blue Paint အ‌ရောင်တွေကိုပါ Jeep ရဲ့ တရား ဝင် ဝက်ဘ်ဆိုဒ်မှာ သွားရောက်ဝယ်ယူ နိုင်ပြီ ဖြစ်ပေမယ့် High Altitude Pack တစ်ခုတည်း သီးသန့်ကိုမှ လိုချင်တယ်ဆိုသူ တွေ အဖို့ကတော့ အခုနှစ်ရဲ့ ဒုတိယနှစ်ဝက် ကာလ လောက်အထိ စောင့်ဆိုင်း ရဖို့ ရှိနေပါသေးတယ်။

Ref: carbuzz.com