ဘက်စုံသုံး ကားအမျိုးအစားတွေနဲ့ ဥရောပသားတို့ရဲ့ ခွဲမရအောင်ရှိခဲ့တဲ့ အကြိုက်တွေ့မှုတွေကတော့ အခု ဆိုရင် အဝေးတစ်နေရာက အမှတ်တရတွေလိုပဲ ရှိနေတော့မှာပါ။ ဈေးကွက်ထဲမှာ SUV မှ SUV ဖြစ်လာ ကြတဲ့ အခါ မှာတော့ ကုမ္ပဏီ အတော်များများကလည်း ဈေးကွက် လိုအင်နောက်လိုက်ကြရတော့တာပါပဲ။ အခုဆိုရင်လည်း MPV ကား အမျိုးအစား တစ်ရပ်ကို SUV တို့က လွှမ်းမိုး သွားတော့မှာပါ။ ဒါပေမယ့် အဆို ပါ လွှမ်းမိုးမှုကို ဒဲ့မပြောထားပဲ Citroen တို့ ကတော့ MPV ကားတွေက  ခေတ်မှီမှု ၊ ဒီဇိုင်းကျ လှပမှုတွေနဲ့ အတူ ပရိသတ်တွေရဲ့ လိုအင်ဆန္ဒတွေနဲ့ သိပ်မကိုက် တော့ဘူးလို့ ကြည့်ကောင်းအောင် ဆိုလာခဲ့ပါတယ်။ ဥရောပမှာ အခုလို ကားတွေကို နှစ်ပေါင်း ၃၀ လောက် ရောင်းချ လာခဲ့ပြီးနောက်ပိုင်း အခုဆိုရင်တော့ လာမယ့် ဇူလိုင် လ စကလို့ Grand C 4 SpaceTourer တွေကို ထုတ်လုပ်မှု စတင် ရပ်ဆိုင်းသွားတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ကားကတော့ ၁၉၉၄ ကတည်းက ဈေးကွက်ထဲမှာ ရောင်းအား အကောင်းဆုံး အဖြစ် ရပ်တည်လာနိုင်ခဲ့တာ ဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ Mid-Cycle Update အနေနဲ့ ကားကို အတော် ပြောင်းလဲ ပေးခဲ့ပြီး ၂၀၀၂ လောက် အထိကိုပဲ ကားက အစီးရေ ၁၂၀,၀၀၀ ကျော်လောက်အထိကို ရောင်းချထားနိုင် ခဲ့တာပါ။

Photo Credit: motor 1.com

သူ့ထက် ပိုကြီးတဲ့ C 8 အမျိုးအစားကလည်း ၂၀၀၂ ခုနှစ်မှာ ရောက်လာခဲ့ပြီး ၂၀၁၄ ခုနှစ် အနား မယူခင် အထိကို အစီးရေ ၁၅၀,၀၀၀ လောက် အထိ ရောင်းချခဲ့ရပြန်တာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တော့ အခု လိုမျိုး MPV ကား ‌ရောင်းအားတွေ စံချိန်တင်အောင် ထိုးဖောက်လာနိုင်ခဲ့တာက Xsara Picasso ကား ဖြစ် ပြီး ၁၉၉၉ ခုနှစ်မှာတင် အစီးရေ ပေါင်းက ၁၈၀,၀၀၀ ထက်မနည်း ရောင်းချ ခဲ့ရကာ ၂၀၁၂ မတိုင်ခင် အထိ ကိုတော့ ၁.၇၆ မီလီယံ ဖိုးလောက် အထိကို အဆိုပါ ကားတွေကနေ ရရှိနိုင်ခဲ့ပါတယ်။ အခုပုံထဲမှာ မြင်နေရ တဲ့ Grand C 4 SpaceTourer အနေနဲ့ ကတော့ ၂၀၀၆ ခုနှစ် မှာ စတင် ထုတ်လုပ်ခဲ့ပြီး ဒုတိယမြောက် မျိုးဆက် ကတော့ ၂၀၁၃ မှာ ဆက်လက်ထွက်ပေါ်လာခဲ့ကာ အခု လက်ရှိ ဒီဇိုင်းဖြစ်တဲ့ရှေ့မီးကြီး အခွဲပုံစံ စဖြစ်လာခဲ့တာပါ။ ၂၀၁၈ အစပိုင်းမှာပဲ အဆိုပါ ကားကို C 4 SpaceTourer အဖြစ် နာမည် စပြောင်းခဲ့ပြီး Grand C4 SpaceTourer ဆိုပြီးတော့လည်း ပိုကြီးတဲ့ ကားမျိုးကွဲကိုပါ ဖန်တီး ပေးလာနိုင် ခဲ့ပါတယ်။ ၂၀၂၀ တုန်း ကတော့ ထိုင်ခုံ ၅ လုံးပါ ကားမော်ဒယ်က စတင် အဆုံးသတ်ခဲ့ရပြီး အခု ဆိုရင်တော့ ထိုင်ခုံ ၇ လုံးပါ မျိုးကွဲပါ ဆက်လက်ပြီး လိုက်ပါ အဆုံးသတ်ရတော့မှာ ဖြစ်ပါတယ်။

                                                                      Photo Credit: motor 1.com

အဆိုပါ MPV ကား အမျိုးအစားထဲက Citroen တို့အဖို့ အအောင်မြင်ဆုံး ဖြစ်ခဲ့တဲ့နှစ် ကတော့ ၂၀၀၇ ခုနှစ် က ဖြစ်ပါတယ်။ အဆိုပါ နှစ်တုန်းက ဆိုရင် သူတို့ရဲ့ Xsara Picasso ကားပေါင်း ၁၁၅,၀၀၀ နဲ့ C4 Picasso ကားပေါင်းက ၂၁၅,၀၀၀ အထိကိုရောင်းချ နိုင်ခဲ့တာပါ။ တကယ်တော့ အခုပြောပြခဲ့တဲ့ ကားက အဆုံးသတ် ရတော့မယ် ဆိုပေမယ့်လည်း မိသားစုစီး ကားတွေ အတွက် အဆုံးသတ် ခေတ်တော့ မဟုတ်သေးပဲ Van ကား ပုံစံကို အခြေခံ ထားတဲ့ Berlingo နဲ့ SpaceTourer တို့ကတော့ ဆက်လက် ရှိလာနေဦးမှာ ဖြစ်ကာ နောက်ပိုင်းမှာလည်း လျှပ်စစ် ကားတွေ အနေနဲ့ ပြောင်းလဲလာနိုင်တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com