လာမယ့် ၂၀၂၃ ဩဂုတ်လ ၁၁ ရက် နေ့မှာတော့ နာမည်ကျော် Gran Turismo ကားဂိမ်း Series ကို ရုပ်ရှင် အနေနဲ့ တရားဝင် ပွဲထွက်လာတော့မယ် ဆိုပြီး The Game Award ဆုပေးပွဲကြီးကနေ တရားဝင် ကြေညာ လိုက်ပါတယ်။ အဆိုပါ ရုပ်ရှင်ထဲမှာတော့ Gran Turismo ကားဂိမ်းကို ဆော့နေတဲ့ လူငယ်လေး တစ် ယောက်က တကယ့်လက်တွေ့ ဘဝထဲက ကျွမ်းကျင်ပြိုင်ကား မောင်းသမား တစ်ယောက်အဖြစ် အောင်မြင် လာတာမျိုးကို ရိုက်ပြသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

Photo Credit: MotorAuthority

လက်ရှိမှာတော့ အဆိုပါ ရုပ်ရှင် ကို ရိုက်ကူး ဖို့ အတွက် Neill Blomkamp ဆိုတဲ့ ဒါရိုက်တာကို ‌ရွေးချယ် ထားပါတယ်။ Neill Blomkamp ကတော့ နာမည်ကြီး သိပ္ပံရုပ်ရှင် တစ်ချို့ဖြစ်တဲ့ District 9 ၊ Elysium နဲ့ Chappie တို့လို ကားတွေ ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ ကားတွေနဲ့ ပတ်သက် လာရင် စိတ်ပါဝင်စား သူတစ်ဦး အဖြစ်သိထားကြပြီး BMW ရဲ့ ရုပ်ရှင် တိုတွေကိုလည်း ရိုက်ကူးပေးထား ဖူးသူ တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း အခု ပြိုင်ကားဂိမ်းကို ရုပ်ရှင်အဖြစ် ပြောင်းပေးဖို့ အတွက် အသင့် တော်ဆုံး ဒါရိုက်တာ တစ်ယောက် ဖြစ်နေတာပါ။ Gran Turismo ဂိမ်းကတော့ လက်တွေ့ အဆန်ဆုံးသော ပြိုင်ကားဂိမ်းတွေထဲ Gold Standard အဆင့်ကို ရရှိ ထားတာဖြစ်ပြီး ကားသစ်တွေနဲ့ ပြေးလမ်းတွေရဲ့ ဒီဂျစ်တယ် ပုံရိပ်တွေကို အ‌ကောင်းဆုံး ဖန်တီးပေးထားနိုင်တာ ဖြစ်ပါတယ်။ အခု ရုပ်ရှင်အဖြစ် ပြန်လည် ဖန်တီးပြီဆိုတဲ့ နေရာမှာလည်း ရုပ်ရှင်ဇာတ်ကြောင်းထက် အခုရုပ်ထွက် အခြေအနေတွေက ပိုစိတ်ဝင်စား နေကြတဲ့ အပိုင်းတစ်ပိုင်း ဖြစ်နေပြီး ဂိမ်းထဲက အလန်းစား ပြိုင်ကားမောင်း အခန်းတွေကိုလည်း ရုပ်ရှင်ထဲ မှာ ရင်သပ်ရှုမောဖွယ် ခံစားရနိုင်လိမ့်မယ် လို့မျှော်လင့်ရပါတယ်။

Photo Credit: MotorAuthority

ဒါပေမယ့် ကားဂိမ်း တစ်ခုကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းတာတော့ ဒီဂိမ်းက ပထမဆုံး အကြိမ် မဟုတ် ပါဘူး။ ၂၀၁၄ ခုနှစ်တုန်းက Need For Speed ရုပ်ရှင်ကို ကျယ်ကျယ် ပြန့်ပြန့် ထုတ်လုပ်ခဲ့ ပါတယ်။ နောက်ပိုင်းမှာ လည်း အခုလိုမျိုး ပဲ ကားဂိမ်းတွေကို ပိုကောင်းတဲ့ ရုပ်ရှင်တွေ အဖြစ် ပြောင်းပေးတာမျိုးတွေ ဆက်တိုက် လုပ်လာခဲ့ကြပြီး Hot Wheels ဂိမ်းဆိုရင်လည်း ရုပ်ရှင်အဖြစ် ပြောင်းဖို့ ရှိနေကာ ထုတ်လုပ်လာ မယ့် နေ့ကိုတော့ မသိရသေး ပါဘူး။ Gran Turismo ဂိမ်းရဲ့ နောက်ဆုံးထွက် ထားတာကတော့ Gran Turismo 7 ဖြစ်ပြီး မတ်လကမှ ထွက်ထားတာဖြစ်ပါတယ်။ ဂိမ်းအသစ်ထဲမှာတော့ အတော်လေးကို အသေး စိတ်ကျကျ ဖန်တီးထားတဲ့ ကားအသစ်တွေကို မြင်ရမှာ ဖြစ်ပြီး Porsche နဲ့ Jaguar တို့ဆီက Vision Gran Turismo Concept တွေကိုလည်း မြင်တွေ့ထားရပါတယ်။ Gran Turismo 7 ဂိမ်းအသစ်မှာတော့ ပထမ ဦးဆုံးအနေနဲ့ Genesis ကားတွေကိုပါ မြင်တွေ့လာရပြီ ဖြစ်ပြီး Hyundai ရဲ့ ဇိမ်ခံ Brand ထဲက  G 70 Sedan နဲ့ X GR 3 ကားတွေ ၊ G 70 GR 4 တို့လို Race Car Concept  တွေအထိ စုံစုံလင်လင် ပါဝင် လာ တာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority