McLaren F1 Designer ဖြစ်သူ နာမည်ကျော် Gordon Murray ရဲ့ ကားကုမ္ပဏီအသစ် ဖြစ်တဲ့ Gordon Murray ကား ကုမ္ပဏီကတော့ အခုဆိုရင် အမေရိက ဈေးကွက်ထဲမှာ တရားဝင် ကားတစ်စီး စတင် ချပြလာ နိုင်ခဲ့ပါပြီ။ အဆိုပါ ကားနဲ့အတူ မြောက်အမေရိက ဈေးကွက်ထဲ လိုအပ်တာတွေ လုပ်ဆောင်နိုင်ဖို့အတွက် Gordon Murray Automotive Inc. ဆိုတဲ့ လုပ်ငန်းခွဲ တစ်ခုကိုပါ တစ်ပါတည်း တည်ထောင်ထားလိုက် နိုင်ပြီ ဖြစ်ပါတယ်။ အဆိုပါ GMA လုပ်ငန်းကနေ အမေရိက ဈေးကွက်ထဲမှာ T.50 နဲ့ T.33 ဆိုတဲ့ စူပါကားတွေကို စတင် ရောင်းချမှာဖြစ်ပြီး အစီးရေ ကတော့ ၁၂၅ စီး အထိပဲ ကန့်သတ်ထားပါတယ်။ အဆိုပါ ကားတွေထဲကမှ အစီးရေ ၁၀၀ ကတော့ လမ်းမထက် သွားနိုင်မယ့် ကားတွေဖြစ်ပြီး ကျန် ၂၅ စီးကတော့ T.50s Niki Lauda ဆိုတဲ့ ပြိုင်ကားသီးသန့်တွေ အဖြစ် ထွက်ပေါ်လာမှာပါ။ ဒါပေမယ့် အဆိုပါ ကားတွေကိုပဲ တစ်ခြားသော ကမ္ဘာ့ဈေးကွက် တွေထဲမှာ အစီးရေ ၁၀၀ အထိ ရောင်းချသွားမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ရောင်းကုန်ထားပြီ ဖြစ်တဲ့  T.50 ကို ‌ ဒေါ်လာ ၂.၅ သန်း နဲ့ T.33 ကို ဒေါ်လာ ၁.၉ သန်းအထိ ကျသင့် ထားတာပါ။

Photo Credit: MotorAuthority

Car And Driver မဂ္ဂဇင်းကို Murray ရဲ့ ပြောကြားချက် ထဲမှာတော့ T.50 ကားက လက်ရှိ အချိန်အထိ အမေရိက လမ်းမတွေထက် မောင်းနှင်ဖို့ တရားဝင် မဖြစ်သေးပဲ Murray ရဲ့ F1 လိုပဲ အခြားသော စစ်ဆေး စရာ စည်းမျဉ်း စည်းကမ်း လိုအပ်ချက်တွေ ကျန်နေသေးတယ်လို့ သိရပါတယ်။ အဓိက ပြင်ဆင်ရနိုင်တဲ့ အပိုင်းကတော့ ကားအတွင်းခန်းထဲက အလယ်တည့်တည့်မှာ ဖြစ်နေတဲ့ ယာဉ်မောင်းရဲ့ ထိုင်ခုံနေရာပါပဲ။ အလားတူ ပြဿနာ မျိုးကို McLaren ရဲ့ Speed Tail ကားမှာ ကြုံခဲ့ရဖူးသလို အဆိုပါ ထိုင်ခုံ အလယ်မှာ တပ်ထားတာမျိုးက ဘေးဘက်က လေအိတ် အခြေအနေနဲ့ မကိုက်ညီဘူးလို့ သတ်မှတ်ထားတာပါ။

Photo Credit: MotorAuthority

T.33 ကားမှာကတော့ ယာဉ်မောင်းအတွက်ရော ခရီးသည်အတွက်ပါ ထိုင်ခုံ ၂ လုံး ပါရှိထားတာကြောင့် အမေရိက ကားဈေးကွက် ထဲမှာ တရားဝင် ရောင်းချနိုင်ပြီ ဖြစ်တယ်လို့ GMA ဘက်က အတည်ပြုပေးထားပါ တယ်။ ဒါကြောင့် လမ်းမထက်သွားလာရမယ့် ယာဉ်တစ်စီးအတွက် လိုအပ်တဲ့ စည်မျဉ်းစည်းကမ်းတွေ အကုန်လုံးကို T.33 တို့ ကိုက်ညီ သွားခဲ့ပါပြီ။ တကယ်တော့ အဆိုပါကား အခုလို အဆင်ပြေပြေနဲ့ တရားဝင် ရောင်းချနိုင်ဖို့အတွက် မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်မှာတင် ဒေါ်လာ ၃၃ သန်းကျော်အထိ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ T.33 ကားတွေကိုတော့ လာမယ့် ၂၀၂၄ အရောက်မှာ စတင်ရောင်းချမှာဖြစ်ပြီး မြောက် အမေရိကမှာ ရှိတဲ့ GMA ရဲ့ စက်ရုံကနေ ထုတ်လုပ် စီစဉ် ပေးပါလိမ့်မယ်။ ဒါ့အပြင် ဖလော်ရီဒါ အရှေ့ပိုင်း အတွက်ကိုလည်း စက်ရုံသစ် တည်နေရာသစ်တစ်ခု ကြိုတင် စီစဉ် နေပါသေးတယ်။ T.50 ကားတွေ ဈေး ကွက်ထဲ ပို့ဆောင်နိုင် ဖို့ကိုတော့ အခုနှစ် နှောင်းပိုင်းလောက်မှာ ဖြစ်မယ် လို့ ခန့်မှန်းထားပြီး ယူကေမှာ ရှိတဲ့ GMA ရဲ့ ရုံးချုပ်ကနေ တရားဝင် မိတ်ဆက် ပေးလာနိုင်ပါတယ်။

Ref: MotorAuthority