McLaren F1 ကားတွေရဲ့ ဒီဇိုင်နာဖြစ်သူ Gordon Murray ရဲ့ Gordon Murray Automotive ဆိုတဲ့ ကားကုမ္ပဏီသစ် ကတော့ လောလောဆယ်မှာ V12 အင်ဂျင်သုံး စူပါကားတွေကို စတင်ဖန်တီးပေးနေ ပါ တယ်။ လောလောဆယ်မှာ တော့ V12 အင်ဂျင်ကားတွေကိုသာ ဖန်တီးနေတယ် ဆိုပေမယ့် အနာဂါတ်ရဲ့ လျှပ်စစ် ကားလောကထဲကို တိုးဝင် နိုင်ဖို့အတွက် လျှပ်စစ် ကားသစ်တွေ ထုတ်နိုင်ဖို့ပါ ကြိုတင် ပြင်ဆင်‌ နေပြီး  SUV အမျိုးအစားတွေ တောင်ပါနိုင်တယ် လို့ သိရပါတယ်။ Autocar နဲ့ အင်တာဗျူး တစ်ခုမှာတော့ Murray က GMA အတွက် တစ်စီးနဲ့ အခြာသော ကုမ္ပဏီ အတွက် တစ်စီးဆိုပြီး လောလောဆယ်ကိုပဲ လျှပ်စစ် SUV ကား ၂ စီး ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ အတည်ပြု ထားပါတယ်။ SUV တစ်စီး ကတော့ ၄ ယောက်စီးနဲ့ အတူ Front-Wheel Drive ဖြစ်လာနိုင်ပြီး နောက်တစ်စီး ကတော့ ၅ ယောက် စီးနဲ့ Four-Wheel Drive ဖြစ်လာဖို့ များနေပါတယ်။ ဈေးနှုန်း တွေကတော့  GMA Supercar တွေ အတိုင်းပဲ ဒေါ်လာ သိန်း ဆယ်ဂဏန်း ဝန်းကျင်အထိ ရှိလာနိုင်ပြီး SUV တွေကတော့ Range အပိုင်း စိုးရိမ်နေရမှုတွေနဲ့ ကားရဲ့ Dynamic အပိုင်းတွေမှာ အတော်လေး သိသိသာသာ ပြောင်းလဲပေးနိုင် လိမ့်မယ်လို့လည်း Murray က ဆိုထားပါ တယ်။ SUV တွေ ကိုတော့ Gordon Murray Design ဆိုတဲ့ သီးသန့်ကုမ္ပဏီ ကနေ ဖန်တီးပေး မှာ ဖြစ်ပြီး Platform ပိုင်းကိုတော့ Gordon Murray Group ထဲက အခြားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Gordon Murray Electronics ကနေပဲ စီစဉ်ပေးမှာပါ။

Photo Credit: MotorAuthority

Autocar ရဲ့ ဖော်ပြချက် အရတော့ Murray ရဲ့ iStream Design နဲ့ ထုတ်လုပ်တဲ့ အဆင့်ဆင့်တွေကို အခု SUV အသစ် တွေမှာ သုံးလာနိုင်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်ကတော့ ကားသစ်တွေကို ထုတ်လုပ်တဲ့ နေရာမှာ ကြိုတင် ထုတ်လုပ်ထားတဲ့ Honeycomb Structure နဲ့ Composite Panels တွေကို Tubular Frames တွေနဲ့  ပေါင်းစပ်ပြီး အလွယ်တကူ ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။ အခုလို iStream နည်းပညာ ကိုသုံးခြင်းဖြင့် ကားသစ်တွေက ပိုမို ပေါ့ပါး လာနိုင်စေရုံတင် မကပဲ ထုတ်လုပ်ရတဲ့ အဆင့်တိုင်းမှာပါ ပိုမို လွယ်ကူ အဆင်ပြေစေမှာပါပဲ။ SUV တွေကို ထုတ်လုပ် လာမယ့် ရက်တွေတော့ အတိအကျ မသိရသေး ပေမယ့် GMA ရဲ့ လက်ရှိ မော်ဒယ်တွေထဲက T.50 Supercar ကိုတော့ အခုနှစ် နှောင်းပိုင်းလောက်မှာ စတင် ထုတ်လုပ်လာနိုင်ပါတယ်။ နောက်ပိုင်းမှာတော့  T.33 Supercar ကို လာမယ့် ၂၀၂၄ မှာ ဆက်လက် ထုတ်လုပ် ပေးလာနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ GMA ကလည်း လျှပ်စစ် ကားတွေပဲ ထုတ်လုပ် လာ တော့မှာဖြစ်လို့ အခု T.33 ကပဲ V 12 အင်ဂျင်သုံး နောက်ဆုံး စူပါကား တစ်စီး ဖြစ်လာဖို့ ရှိနေခဲ့ပါပြီ။

Ref: MotorAuthority