Google ကတော့ လျှပ်စစ် ကားသုံးစွဲသူတွေ အတွက် ပိုမိုလွယ်ကူစွာနဲ့ အားသွင်းဖို့ နေရာတွေကို ရှာဖွေနိုင်ဖို့ အတွက် Fast Charging Station တွေ ရှိတဲ့နေရာကိုပါ Google Maps ထဲ ထည့်ပေးလာခဲ့ပါပြီ။ ပိုကောင်းတာ ကတော့ Google Maps ကနေ Fast Charger တွေရှိရာကို ဦးစားပေး လမ်းညွှန်ပေးနိုင်တာကြောင့် အားအမြန် သွင်းနိုင်မယ့် နေရာကိုရှာရင်းနဲ့ ပုံမှန်ပဲ အားသွင်းရမယ့် နေရာကို ရောက်သွားတာမျိုး မဖြစ်နိုင်အောင် တားဆီး ပေးနိုင်တော့မှာပါ။ ဒါ့အပြင် မြေပုံက လမ်းညွှန်ပေးနိုင်မယ့် အမြန်အားသွင်းရုံတွေကတော့ အနည်းဆုံး 50 kW ဆိုတဲ့ ပမာဏကို ထောက်ပံ့ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: InsideEVs

အခု စနစ်ကို သုံးချင်တယ် ဆိုရင်တော့ Google Maps ရဲ့ မြေပုံ Search Box ထဲမှာ ကိုယ်တိုင်က လျှပ်စစ်ကားကို မောင်းနှင်နေပြီး အားသွင်းဖို့ လိုအပ်နေကြောင်းကို တစ်နည်းနည်းနဲ့ ရိုက်ပြီးရှာလိုက်ရုံနဲ့ ရနိုင်မှာပဲ ဖြစ်ပါတယ်။ မြေပုံက အကြံပြုထားတဲ့ ရလဒ်တွေ ထွက်လာပြီ ဆိုတာနဲ့ ဘယ်လိုမျိုး Charger ကို အသုံးပြုပြီး အားသွင်းမလဲ ဆိုတာ စိတ်ကြိုက်ရွေးချယ်နိုင်မှာပါ။ အခု စနစ်ကို သုံးဖို့ဆိုရင်တော့ Apple ပဲဖြစ်ဖြစ် Android Device တွေမှာပဲ ဖြစ်ဖြစ် Google Maps နောက်ဆုံး Version ရှိထားရင်ကို အဆင်ပြေပြီ ဖြစ်ပါတယ်။ နောက်တစ်ချက် ပို ကောင်းတာ ကတော့ ဘယ်လို အားသွင်းရုံရဲ့ ဘယ်လောက်အားနဲ့ သွင်းမလဲ ဆိုတာကို ရွေးချယ်ခွင့် ရထားရုံမကပဲ CCS ၊ J1772 ၊ Tesla နဲ့ CHAdeMo စတဲ့ အားသွင်းခေါင်း အမျိုးအစားတွေကိုပါ တစ်ပါတည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Photo Credit: InsideEVs

Google Maps Update အသစ်မှာ ထပ်ပါလာတာတဲ့ နောက်တစ်ချက် ကတော့ရွေးချယ်နေတဲ့ ကားရဲ့ အမျိုး အစားကိုပါ တစ်ပါတည်းထည့်သွင်း တွက်ချက်နိုင်မှာဖြစ်ပြီး လျှပ်စစ်ပေါင်းထားတဲ့ သာမန်အင်ဂျင် ကားလား ဒါမှ မဟုတ်  လျှပ်စစ်သီးသန့်လား ဆိုတာကပါ အရေးပါလာ ဦးမှာပါ။ တကယ်လို့ လျှပ်စစ်ကားသီးသန့် အတွက် ဆိုရင်တော့ အားသွင်းမယ့် နေရာကို ပိုပြီးစွမ်းအင် ချွေချွေတာတာနဲ့ အမြန်ဆုံး ရောက်နိုင် မယ့် လမ်းကြောင်းကို ရွေးပေးနိုင် မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်အားဖြင့်တော့ အားသွင်းနေရာတွေအကြား အကွာအဝေးကို တတ် နိုင်သလောက် လျှော့ချပေးကာ အားသွင်းရမယ့် နေရာဆီမြန်မြန် ပို့ပေးနိုင်မယ် ဆိုပေမယ့် လုံးဝကို ပြီးပြည့်စုံတဲ့ လျှပ်စစ်ကား လမ်းကြောင်းတစ်ရပ်တော့ မဟုတ်သေးတာ ဖြစ်ပါတယ်။ အခုစနစ်ကိုတော့ လျှပ်စစ်ကားတွေ စသုံး နေပြီး EV Charging Network ကွန်ရက်သစ် တွေရှိနေတဲ့ ဘယ်နိုင်ငံတွေမှာမဆို စတင်အသုံး ပြုနိုင်မယ်လို့လည်းသိရပါတယ်။

Ref: InsideEvs