Google ရဲ့ Android Auto စနစ် ကတော့ ခေတ်ပေါ် ‌ ကားသစ်တွေ အတွက် ရွေးချယ်စရာ ကောင်းတစ်ရပ် ဖြစ်လာ နေပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံ ကလည်း ဖုန်းနဲ့ ချိတ်ဆက်ပြီးကားရဲ့ Infotainment စနစ်ကို ချောချောမွေ့မွေ့ သုံးလို့ ရတာဖြစ်လို့ ပြိုင်ဘက် Apple CarPlay လိုပဲ တကယ်ကို အဆင်ပြေနေစေတာပါ။ အခုဆိုရင် အဆိုပါ စနစ်ကို Google က Update ပေးလာခဲ့ပြီဖြစ်ပြီး ၂၀၁၄ က ထွက်လာခဲ့ကာ ၂၀၁၉ မှာ Facelift Version ပြောင်းခဲ့တဲ့ Android Auto အဖို့တော့ဒီဇိုင်းပိုင်းတွေ အတော်ပြောင်းလာတာ တွေ့ရမှာပါ။ အပြောင်းအလဲတွေထဲမှာမှ တစ်ခုသိသာလာတာ ကတော့ Google Maps နေရာကို ယာဉ်မောင်း ကိုမြင်သာနိုင်မယ့် အနီးကပ်နေရာအထိ ရွှေ့ပေးလိုက်တာ ဖြစ်ပါတယ်။ တစ်ခြားသော အပြောင်းအလဲ တွေထဲမှာ ဆိုရင်လည်း သီချင်းတွေ နားထောင်ရာမှာ ပိုပြီးရိုးရှင်းတဲ့ Media Card ပုံစံ ထည့်ပေးလိုက်တာ တွေ ၊ မကြာခဏသုံးဖြစ်တဲ့ Apps တွေအတွက် သီးသန့်နေရာ လုပ်ပေးထားတာတွေက ပိုအသုံးတည့် လာနိုင်ပါတယ်။

Photo Credit: MotorAuthority

အမြင်ပိုင်းတင် မဟုတ်ပဲ အသုံးတည့်မယ့် စနစ်တွေကိုပါ အပြောင်းအလဲ လုပ်ပေးလာခဲ့ပြီး Google Assistant ကနေ Missed Calls တွေကို အသိပေးတာမျိုး ၊ Music နဲ့ Podcast တွေအတွက် ဖွင့်မယ့်အချိန်ကို ကြိုရွေးနိုင်တာ မျိုးတွေ အထိအဆင်ပြေလာမှာပါ။ ဒါ့အပြင် တစ်ခြားသီချင်းတွေနဲ့ Podcast တွေဆီကို အလွယ်တကူကျော်နိုင် နားထောင် နိုင်မယ့် Progress Bar ကိုလည်း ထည့်ပေးလာပါတယ်။ On Screen Shortcut တွေ အနေနဲ့ကတော့ Message ပို့တာ တွေ Favorite Contact တွေဆီ ဖုန်းခေါ်ဆိုတာတွေက အစအလွယ်တကူ လုပ်လာနိုင်သလို တစ်ဖက်မှာလည်း Google Pixel နဲ့ Samsung ဖုန်းကိုင်ထားသူတွေ အဖို့ကတော့ Whatsapp ကိုပါ တစ်တွဲတည်းသုံးနိုင်တော့မှာပါ။ အခု Android Auto အသစ်အပြင် Google က ထပ်မံဖန်တီး ပေးလိုက်တာကတော့ Digital Key စနစ်ဖြစ်ပြီး Smartphone ကနေ ကားကို Lock ဖွင့်ဝင်နိုင်မယ့် စနစ် ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ Digital Car Key ကို Google Pixel နဲ့ iPhone ကိုင်ထား သူတွေဆီ အလွယ်တကူ ဝေမျှနိုင်ဝာာဖြစ်ကာ နောက်ပိုင်းမှာလည်း Samsung နဲ့ Xiaomi တို့ပါ ရလာ လိမ့်မယ်လို့ သိရပါတယ်။ Brand အမျိုးမျိုးမှာ ဒီစနစ်ကိုသုံးလာမယ် ဆိုရင်တော့ Google ရဲ့ Version အနေနဲ့ လောလောဆယ်မှာ BMW ကားအတွက်ပဲ ရနိုင်ဦးမယ်လို့ သိရပြီး နောက်ပိုင်း မှာတော့ တိုးချဲ့သွားမှာပါ။

Photo Credit: MotorAuthority

အခု ဆိုရင်လည်း ကားကုမ္ပဏီ အတော်များများက ထုတ်သမျှ ကားသစ်တိုင်းမှာ Google ရဲ့ Infotainment စနစ်တွေ ကို တစ်ပါတည်း ထည့်ပေးလာပြီဖြစ်ပြီး စမတ်ဖုန်းနဲ့ ချိတ်စရာမလိုပဲနဲ့တောင် Google Apps တွေကို သုံးစွဲလာ နိုင်တာ ဖြစ်ပါတယ်။ 2023 Honda Accord မှာဆိုရင် ကားမှာကိုက Google Built-In ပါလာတာဖြစ်ပြီး Volvo နဲ့ Polestar တွေမှာ ဆက်တိုက် ရလာနေပါတယ်။ အခု အသစ်ထုတ် ပေးလာတဲ့ Features တွေအနေနဲ့ ဆိုရင်လည်း Google ရဲ့ HD မြေပုံသစ်တွေပါ ပါလာမှာဖြစ်ပြီး 2024 Volvo EX 90 နဲ့ 2024 Polestar 3 လျှပ်စစ် SUV တွေမှာ စမြင်လာ ရနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ယာဉ်မောင်းတွေ အနေနဲ့ကားရဲ့ Screen တွေပေါ်မှာတင် ပါကင်ထိုးထားစဉ် YouTube Video တွေကို ကြည့်နိုင်တော့မှာဖြစ်ပြီး အခုနှစ် နှောင်းပိုင်းမှာတင်ပဲ Ford နဲ့ Lincoln တွေဆီကို Google Built-In ပါလာ အောင် စီစဉ်ပေးတော့မှာ ဖြစ်ပါတယ်။

Ref: MotorAuthority