GMC ရဲ့ ဒုတိယမြောက် လျှပ်စစ်ကား သစ်ကတော့ မကြာခင်ပဲ ထွက်ရှိလာတော့မှာပါ။ ပြီးခဲ့တဲ့ သောကြာနေ့ မှာပဲ GMC Sierra EV Denali လို့ နာမည်ရတဲ့ ကုမ္ပဏီရဲ့ ဒုတိယမြောက် လျှပ်စစ်ကားကို လာမယ့် အောက်တိုဘာ ၂၀ ရက် နေ့မှာ မိတ်ဆက်တော့မှာ ဖြစ်တယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အသစ်ဖော်ပြလာခဲ့တဲ့ Teaser Video အရလည်း ကားသစ်ရဲ့ အရှေ့ဘက် မျက်နှာစာ ဒီဇိုင်းပိုင်း တစ်ချို့တို့ကို သေချာမြင်တွေ့ လာရပါတယ်။ မြင်ရသလောက် ကတော့ ကားရဲ့ မျက်နှာစာပိုင်း ဒီဇိုင်းက မူလ ဒီဇိုင်းပုံကြမ်းတွေအတိုင်း ဖြစ်လာတာ တွေ့ရပြီး LED နဲ့ ပြပေးနေမယ့် အားဝင်တဲ့ မီးလူံလေူတွေကိုလည်း ဘေးတစ် ဖက် တစ်ချက်စီမှာ ထည့်ပေးထားပါတယ်။ အဆိုပါ မီးလေးတွေကိုတော့ C ပုံစံ LED Daytime Running Lights တွေနဲ့အတူတူ တွဲပေးထားကာ Headlights တွေ ကတော့ အခွဲဒီဇိုင်းလေးတွေနဲ့ ဖြစ်လာဖို့ ရှိပါ တယ်။ GMC ဆိုတဲ့ တံဆိပ်ကိုလည်း မီးလင်းတဲ့ ဒီဇိုင်း လုပ်ပေးထားပြီး Grille တစ်ခုလုံးကိုလည်း LED Backlightတွေ ထည့်ပေးထားတာပဲ ဖြစ်ပါတယ်။

ကားရဲ့ အတွင်းခန်းမှာတော့ အရှေ့ဘက် လယ်သာသားတွေနဲ့ အလန်းစားအပြင်အဆင်တွေ ရှိလာမယ်ဆိုတာကို Teaser Video ထဲမှာ မြင်လိုက်ရပါတယ်။ Panoramic ဖြစ်တဲ့ အမိုးအပြည့် Glass အမိုးနဲ့  အနောက် ဘက်က LED Taillight တွေကိုတော့ အနီရောင် Lightning လေးတွေနဲ့ ဖန်တီးပေးထားပြီး ယခင် GMC Hummer EV မှာ တုန်းကလည်း အလားတူပဲ ဖြစ်ပါတယ်။ GM ကတော့ အခု ကားသစ်တွေကို 2024 Chevrolet Silverado EV နဲ့ အတူတူတွဲပြီး အမေရိကန် ၊ မီချီဂန် ပြည်နယ်မှာရှိတဲ့ Orion ကားထုတ်လုပ်ရေး စက်ရုံမှာ တပ်ဆင် ထုတ်လုပ် သွားမှာပါ။ အတူတူ ထုတ်လုပ်မယ့် Chevrolet ကားမှာလိုပဲ အခု ကားသစ်ကိုလည်း GM ရဲ့ Ultium Platform ပေါ်မှာ ဖန်တီးတည်ဆောက်ထားမှာကြောင့် တစ်ခါအားသွင်းထားရင် မိုင် ၄၀၀ ဆိုတဲ့ ပမာဏကိုလည်း မောင်းနှင် နိုင်မှာပါ။ Chevrolet ကားမှာ တုန်းကတော့ Rear-Wheel Steering စနစ်ပါ ပါဝင်လာတာ ဖြစ်ပြီး 240-V Outlet ပါဝင်တဲ့ အားသွင်းပေါက်ကလည်း ၁၀ ပေါက် အထိ ပါဝင်ခဲ့တာပါ။ ဒါကြောင့် ကားကနေပဲ အခြားသော လျှပ်စစ် ကားတွေဆီ 10.2 kw လောက်နဲ့ ပြန်အားသွင်း ပေးနိုင်ပါသေးတယ်။

Photo Credit: MotorAuthority

800-V အထိ ရှိတဲ့ ကားရဲ့ Architecture Platform ကြောင့် ကားကို အားပြန်သွင်းရင်လည်း 350 kw အထိ ရမှာ ဖြစ်ပြီး GM ကတော့ ၁၀ မိနစ် အားသွင်းရုံနဲ့ ကားသစ်ဟာ မိုင် ၁၀၀ အထိ မောင်းနှင် နိုင်လိမ့်မယ်လို့ လည်း ဆိုထားဖူးပါတယ်။ တစ်ဖက်က Chevrolet မှာ တုန်းကဆိုရင်တော့ လျှပ်စစ်မော်တာ ၂ လုံး ပါဝင်တာကြောင့် 664 hp နဲ့ 780 lb-ft Torque အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကားရဲ့ မြန်နှုန်းကလည်း တစ်နာရီ မိုင် ၆၀ ပမာဏ အတွက် ၄.၅ စက္ကန့် အောက်နဲ့တင် အရှိန်တင်မောင်းနိုင်တာဖြစ်လို့ စွမ်းဆောင်ရည် မြင့်ပါတယ်။ ကုန်တင် ပမာဏအနေနဲ့ တော့ ပေါင် ၁၀,၀၀၀ လောက် အထိကို ဆွဲနိုင်ပြီး ပေါင်ချိန် ၁,၃၀၀ လောက် အထိ ကားပေါ် တင်ဆောင်နိုင်ပါတယ်။ ဒါကြောင့် အတူတူတွဲ ထုတ်လာပြီး မကြာခင် မိတ်ဆက်တော့မယ့် GMC ကားမျိုးကွဲမှာလည်း အလားတူ စွမ်းဆောင်ရည်တွေ ပါလာနိုင်ပါတယ်။

Ref: MotorAuthority