General Motors ကား ကုမ္ပဏီကတော့ သူတို့ရဲ့ Truck ကားတွေမှာ Ultium ဘက်ထရီစနစ်နဲ့ တွဲဖက် အသုံး ပြုနိုင်မယ့် အားသွင်းပေါက် နှစ်ပေါက်တွဲ စနစ်ကို စတင်ပြီး မူပိုင်ခွင့် တင်လာခဲ့ပါတယ်။ အဆိုပါ စနစ် မှာတော့ အလွှာ ၂ ခု ပါဝင်တဲ့ ဘက်ထရီကို ဖန်တီးထားမှာဖြစ်ပြီး GMC Hummer EV မှာ သုံးထားသလို ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း ထွက်လာ ဦးမယ့် Chevrolet Silverado EV နဲ့ GMC Sierra EV တွေမှာလည်း ဒီစနစ်ကို စမြင်လာရနိုင်ပြီး အခု အဆိုပြုထားတဲ့ မူပိုင်ခွင့်ထဲက နည်းပညာကတော့ အဆိုပါ အလွှာ ၂ လွှာပါတဲ့ ဘက်ထရီကို ဘယ်လို ပိုကောင်းအောင် အားသွင်းပေးမလဲ ဆိုတဲ့ နည်းပညာပါပဲ။ အဆိုပါ နည်းပညာမှာတော့ အမျိုးမျိုးသော Controller တွေနဲ့ ခလုတ်တွေ သုံးပြီး ဘက်ထရီရဲ့ အလွှာတွေကို တစ်ပြိုင်နက်ထဲမှာပဲ အတူတူ အလုပ်လုပ်စေမှာ ဖြစ်ပါတယ်။

ဥပမာ ပြရမယ် ဆိုရင်တော့ GMC Hummer EV ရဲ့ Battery Module ၁၂ ခုကို Layer တစ်ခုတည်းဖြစ် အောင် ချိတ်ဆက်ပြီး အလုပ်လုပ်ရင်တော့ သီးခြား ဘက်ထရီတွေ ဖြစ်အောင် ဖန်တီးပေးလိုက်မှာပါ။ ဒါကြောင့် အဆိုပါ ကားမှာ ဆိုရင် 100 kWh ရှိတဲ့ ဘက်ထရီကိုမှ 800 V အားသွင်းနှုန်း ထပ်ပေါင်းပြီး ပိုမြန် တဲ့ 350.kw DC အမြန် အားသွင်း စနစ်ကို ရစေမှာလည်း ဖြစ်ပါတယ်။ GM ကတော့ အခု အားသွင်း ပေါက် ၂ ပေါက် နည်းပညာမှာ တစ်ပေါက်ကတော့ 800 V ဒါမှမဟုတ် 400 V ဖြစ်နိုင်ပြီး နောက်တစ်ပေါက် က တော့ ဘက်ထရီရဲ့ နောက်ထပ် အလွှာနဲ့ ချိတ်ဆက်ထားမှာ ဖြစ်လို့ 400 V အထိ ပဲရမယ်လို့ ဆိုထားပါ တယ်။ တကယ်တမ်းမှာတော့ အားသွင်းတဲ့အခါ အဆိုပါ အလွှာတွေကို တစ်ပြိုင်တည်း အားသွင်းပေးနိုင်မှာ ဖြစ်ပြီး မူလ အားသွင်းပေါက်နဲ့သာ ဆိုရင် 800 V လောက်အထိ သွင်းပေးနိုင်မှာ ပါ။ ဒါမှမဟုတ် အလွှာ ၂ ခု ထပ်ခွဲပြီး တစ်ခု ၄၀၀ လောက် နဲ့လည်း သွင်းပေးလာနိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခု အဖြစ် ပါလာတာကတော့ အဆိုပါ အလွှာတွေကို ခွဲထုတ်ပြီး တစ်လွှာကို တစ်ကြိမ် အားသွင်းထားတာမျိုးပါ။ ဒါဆိုရင်တော့ ဒုတိယ မြောက် ပါလာတဲ့ အားသွင်းပေါက်က 400 V နဲ့ အတူ ကောင်းကောင်း အလုပ်လုပ်နိုင် ပြီး ယာဉ် ကလည်း တစ်ဖက်မှာ 800 V နဲ့ပါ အားသွင်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခု နည်းအတိုင်း သာ ဆိုရင်တော့ GM က သူတို့ရဲ့ Truck ကားတွေအတွက် တကယ် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပေးလာနိုင်လိမ့်မယ်လို့ ယုံကြည် နေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပြိုင်ဘက် Ford က သူတို့ရဲ့ F-150 Lightning ကားသစ်ကို တစ်ခြား ပစ္စည်း တွေကိုပင် မီးပြန်ပေးနိုင်တဲ့ ရင်းမြစ်တစ်ခုဖြစ်အောင် လုပ် ပေးထားမယ်လို့ ဆိုထားပေမယ့် အခု နည်းပညာသစ်လိုမျိုး အားသွင်းပေါက် နှစ်ပေါက်ပါလာမှာ မဟုတ်တာ ကြောင့် လိုအပ်ချက်တော့ ရှိ နိုင်ပါသေးတယ်။

                                               Photo Credit: MotorAuthority

GM ကတော့ နောက်ထပ် Switch တစ်ခုထပ်ထည့် ပြီးတော့လည်း ဒုတိယမြောက် အားသွင်းပေါက်ကိုပါ 800 V အား အထိ ရအောင်လုပ်ဖို့ ဖြစ်နိုင်သေးတယ်လို့ ဖော်ပြထားပါတယ်။ အခု မူပိုင်ခွင့် တင်တဲ့ အချက် အလက် တွေထဲမှာ ပါဝင် လာတဲ့ အဆိုပါ နည်းပညာရဲ့ ပုံရိပ်တွေကတော့ ဘေးဘက်ကနေ သရုပ်ဖော်ထား တာတွေ ဖြစ်နေပြီး ကြည့်ရသလောက် ကတော့ သာမန် အိမ်စီးကားတွေထက်စာရင် လုပ်ငန်းသုံး ယာဉ်ကြီး တွေမှာ ပိုအသုံးတည့်တဲ့ နည်းပညာ ဖြစ်လာနိုင်ပါတယ်။ GM က အခုလိုမျိုး အားသွင်း ပေါက် ၂ ပေါက် တကယ်ပါ လာမယ့် လျှပ်စစ်ကားတွေ ကိုတကယ်ပဲ ထုတ်လုပ်ပေးလာနိုင် မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပေမယ့် ဘက်ထရီ အလွှာ ၂ လွှာ အထိ ပါတဲ့ Truck ကားတွေကတော့ ဆက်ပြီး ထွက်လာဖို့ ပြင်ဆင်နေ ပါပြီ။ Chevy Silverado EV နဲ့ GMC Sierra EV တို့ ၂ စီး လုံး ကို လာမယ့် ၂၀၂၃ ဈေးကွက်ထဲမှာ စတင် ဖြန့်ချီနိုင်ဖို့ ရည်ရွယ်ထားပြီး 2024 Model အဖြစ်နဲ့ ရောက်ရှိလာတော့မှာ လည်း ဖြစ်ပါတယ်။

Ref: MotorAuthority