ကားမောင်းတတ်သူ အတော်များများ ကြုံရနိုင်တဲ့ အဓိက ပြဿနာတစ်ခုကတော့ ယာဉ်မောင်း ထိုင်ခုံကနေ အရှေ့ မြင်ကွင်းကို ဘယ်လောက်အထိ သေချာမြင်နိုင်သလဲ ဆိုတာပါပဲ။ ကားရဲ့ ရှေ့လေကာမှန် ရှေ့က A- Pillar အုံကြီး တစ်ခုလုံးက တစ်ခါတစ်လေမှာ ကားရှေ့ကို မြင်ရဖို့ ကွယ်နေတာမျိုး တွေ ဖြစ်‌တတ်ပါတယ်။ ကားတွေက နောက်ပိုင်း မှာတော့ မောင်းသူမဲ့ သီးသန့်ကားတွေ ဖြစ်လာနိုင်တာကြောင့် သိပ်ပြဿနာ မရှိပေ မယ့်လည်း အခုလက်ရှိ အနေအထား အရတော့ Blind Spot ပြဿနာကို ဖြေရှင်း ရဦးမှာပါ။ အခုတော့ အဆိုပါ ကိစ္စကို GM တို့က ဆန်းသစ် တဲ့ ဖြေရှင်းနည်းတစ်ခု အဖြစ် Transparent A-Pillar ဆိုတာကို ချပြလာပါတယ်။ အခုမြင်ရတဲ့ အသေးစိတ် မူကြမ်း ဒီဇိုင်းမှာတော့ GM တို့က A-Pillar ကိုပိုပြီး Transparent Design အနေနဲ့ ပုံဖော်ပြထားတာ တွေ့ရပါတယ်။

Photo Credit: CARBUZZ

ကားရှေ့ မြင်ကွင်းကို ပိုကောင်းစေဖို့ အတွက် အခုစနစ်သစ်မှာ Pillar ရဲ့ အပေါ်ဘက်ကို အများဆုံး ၃.၁၅ လက်မ နဲ့ အမြင့်ကိုလည်း ၁၅.၇ လက်မအထိပဲ ယူထားပါတယ်။ မြင်ကွင်းကို ပိုကောင်းအောင် ရှိနေစေဖို့ အတွက် တစ်လက်မ ကို ၀.၅ ဝပ် လောက်အထိ ဖြစ်အောင် ဝိုင်ယာတွေကို ဖန်တီးထားပြီး Transparent Material ဆီ တစ်ဆင့် ပို့ဆောင် ပေးထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ် ဝိုင်ယာကြိုးတွေကိုလည်း Material ထဲမှာ တစ်ခါတည်း မြုပ်နှံထားမှာဖြစ်ပြီး Pillar ရဲ့ မြင်ကွင်းကို သေချာပုံဖော်ပေးနိုင်မှာ ဖြစ်သလို နေဝင်နေထွက် ချိန်တွေမှာ နေထိုးနေရင် တောင် မြင်ကွင်း မကွယ်အောင် လုပ်ပေးထားနိုင်ပါလိမ့်မယ်။

Photo Credit: CARBUZZ

A-Pillar ရဲ့ အကျယ်ကို ချဲ့ပေးနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ကာဗွန်ဖိုက်ဘာတွေ ဒါမှမဟုတ် အလားတူ သတ္တု တွေ နဲ့ ချိတ်ဆက် ပေးထားနိုင်ပါတယ်။ ဒါ့အပြင် Pillar ရဲ့ အလွှာတိုင်းကို ပိုပြီးခံနိုင်ရည်ရှိအောင် သတ္တုတွေ နဲ့ ပြင်ဆင် ပေးထားတာကြောင့် ကား မတော်တဆ လိမ့်ဆင်းသွားတာတွေ ဘာတွေ ဖြစ်ခဲ့ရင်တောင် ခေါင်း နဲ့ မဆောင့်မိအောင် ကာကွယ် ပေးနိုင်မှာပါ။ အခု ဒီဇိုင်းကို လက်ရှိ လုံခြုံရေးဆိုင်ရာ နည်းပညာတွေထဲမှာ တစ်ပါတည်း ထည့်သွင်း နိုင်မလား ဆိုတာ မသေချာသေးပဲ နောက်လာမယ့် GM ထုတ်ကုန်အသစ်တွေမှာပဲ နည်းပညာ အဆန်း အနေနဲ့ တစ်ပါတည်း ပါဝင်လာနိုင်ပါတယ်။ လက်ရှိမှာတော့ GM အနေနဲ့ လည်း ဒီဂျစ် တယ် နည်းပညာရဲ့ အဆင့်အမြင့်ဆုံး သော ကားတွေကို ဆက်တိုက်ချပြနေတာ ဖြစ်ပြီး Cadillac Lyriq လို ကားမျိုး ဆိုရင်လည်း အတော်လေးကို လူကြိုက် များနေတာ ဖြစ်တာကြောင့် အခု နည်းပညာကို မကြာခင် မိတ်ဆက်လာမယ် ဆိုရင်လည်း သိပ်တော့ အံ့အားသင့်စရာ မရှိတာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com