အမေရိကန် ရဲ့ မူပိုင်ခွင့်ဆိုင်ရာ ရုံးမှာ ကားလောက‌ထဲကနေ ထူးထူးခြားခြား တင်သွင်းလာခဲ့တဲ့ မူပိုင်ခွင့် နည်းပညာသစ် တစ်ခုကို မကြာသေးမီကပဲ တွေ့ခဲ့ရပါတယ်။ အဲ့ဒါကတော့ GM ကား ကုမ္ပဏီက တင်သွင်းခဲ့ တဲ့ ယာဉ်မောင်း စသင်မယ့် သူ‌တွေကို ကားအမောင်း သင်ပေးနိုင်မယ့် မောင်းသူမဲ့ ကားနည်းပညာပဲ ဖြစ်ပါ တယ်။ အဆိုပါ မောင်းသူမဲ့ကားတွေကို အသုံးပြုသင်ကြားခြင်းဖြင့် အနာဂါတ်မှာကားမောင်းသင်တဲ့ သူတွေ က လမ်းမတွေထက်က အခြေခံ လမ်း စည်းကမ်း‌တွေကို ပိုနားလည်လာအောင် ကူညီပေးလာနိုင်လိမ့်မယ်လို့ လည်း မူပိုင်ခွင့်ထဲမှာ ဆိုထားပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ပိုင်း နာမည်ကြီးလာတော့မယ့် မောင်းသူမဲ့ စနစ်ကို ပုံမှန် စဉ်းစားနေကျ နည်းပညာတွေ ထက် အခုလို အမောင်းသင်တဲ့ အပိုင်းမှာသုံးဖို့ စဉ်းစားလာတာ ကတော့တကယ် ထူးထူးခြားခြား ဖောက်ထွက် လာတာပါပဲ။ လက်ရှိ ကားလောကကြီး တစ်ခုလုံး ကလည်း ယာဉ်မောင်းမလိုတော့မယ့် အနာဂါတ် မောင်းသူမဲ့ စနစ် တွေဆီကို ဦးတည်ကာ နည်းပညာတွေကို ကောင်း သထက်ကောင်းအောင် ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။ ဒီအထဲမှာ GM လည်းပါဝင်ပြီးတော့ GM ကတော့ မောင်းသူမဲ့ ကားဆိုတာကို ယာဉ်မောင်းရဲ့ အကူအညီ နည်းနိုင် သမျှ နည်းအောင်သာ ပါမယ့် ကားတွေအဖြစ် မှတ်ယူထားပြီး သူတို့ရဲ့ စနစ် တွေထဲမှာလည်း Lidar Sensor တွေ ၊ ကင်မရာ လိုမျိုး ပုံရိပ်ဖမ်းတဲ့ Sensor ‌တွေနဲ့ အခြားသော GPS စနစ် တွေကိုပါ သုံးစွဲကာ စမ်းသပ်နေတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခုလိုမျိုး အမျိုးမျိုးသော Sensors တွေကို သုံးကာ မောင်းသူမဲ့ စနစ်အတွက် ကျယ်ကျယ် ပြန့်ပြန့် ဖန်တီး နေပေမယ့် အခု မူပိုင်ခွင့်ထဲ မှာတော့ GM က မောင်းသူမဲ့ စနစ်မပါပဲ လူသားတွေက တစ်ခါတစ်လေ ပြန် ထိန်းချုပ်ရတာမျိုးတွေ လည်း လိုအပ်နေဦးမှာ ဖြစ်တယ်လို့ ဆိုထားသေးတာပါ။ အဆိုပါ အခြေအနေ‌တွေကို လူသားတွေရဲ့ အပျင်းပြေ ယာဉ် မောင်းချင်တဲ့ အခြေအနေတွေရယ် ဒါမှမဟုတ် ယာဉ်ရဲ့ မောင်းသူမဲ့ စနစ်က မထောက် လှမ်းနိုင်သေးတဲ့ နေရာ အသစ် တွေရယ်မှ လိုအပ်လိမ့်မယ် ဆိုပြီး GM က ဖော်ပြထားတာ ဖြစ်ပါ တယ်။ အခုလိုမျိုး မောင်းသူမဲ့စနစ်နဲ့ လူသားတို့ရဲ့စွမ်းဆောင်ရည်တွေ အနာဂါတ်မှာ အတူတွဲ အလုပ်လုပ်နိုင် ဖို့ ရည်ရွယ်ပြီး အခုလိုမျိုး မောင်းသူမဲ့ကား အမောင်း သင်ပေးတဲ့ စနစ် ဖြစ်လာမှာပါလို့လည်း ဖော်ပြထားပါ တယ်။ အခုလို နည်းပညာအသစ်ကြောင့် ကားမောင်း သင်ပေမယ့် သူတွေ လိုအပ်နေတာမျိုးတွေ ၊ ကုန်ကျ စရိတ် နည်းပါးတာ မျိုးတွေနဲ့ အခြားသော အချိန်မရွေး လေ့ကျင့် နိုင်တာ မျိုးတွေမှာလည်း အကျိုး ဖြစ်ထွန်း လာ နိုင်ပါတယ်။ အမောင်းသင်သူ‌တွေ ရဲ့ ရလဒ်တွေကိုလည်း Sensors ပေါင်းစုံ ကနေ တိတိကျကျ ဖော်ပြ ပေးနိုင်မှာ ဖြစ်လို့ အမောင်းသင်ပေးမယ့်သူတွေ အဖို့လည်း အလုပ်ရှုပ် သက်သာ သလို ပိုပြီးလည်း မှန်ကန် စေဦးမယ်လို့ သိရပါတယ်။ အခုလို လေ့ကျင့်မောင်းနှင်နေတဲ့ အချိန်အတွင်းမှာလည်း ဘရိတ် နင်းတဲ့ အနေ အထား ၊ စတီယာတိုင် အချိုးအကွေ့တွေ အပြင် လီဘာနင်း‌တာတွေကအစ အဆင်ပြေမပြေ စတဲ့ အချက် တွေကို တစ်ပြိုင်နက်တည်း ဖော်ပြပေးနေမှာ ဖြစ်လို့ အတော်လေး အဆင်ပြေနိုင်ပါတယ်။

Photo Credit: motor 1.com

အခုလို နည်းပညာအသစ်တွေကို ကောင်းကောင်း အသုံးချသွားဖို့ ရှိနေတဲ့ အနာဂါတ် ကားသစ်တွေထဲမှာ တော့ GM ရဲ့ Bolt EUV နဲ့ Silverado လျှပ်စစ်ကားသစ် တွေလည်း ပါဝင်လာဖို့ ရှိနေပါတယ်။ အနာဂါတ် မှာတော့ ယာဉ်မောင်း တွေ လည်း ကားအတွင်း မောင်းစရာမလိုပဲ သက်တောင့်သက်သာ လိုက်ပါနိုင် အောင် လို့ မောင်းသူမဲ့ စနစ်တွေကလည်း တဖြည်းဖြည်း နဲ့ လိုအပ်ချက်တွေ ဖြည့်တင်းပြီး တိုးတက်လာတော့မှာ ဖြစ်ပါတယ်။ ဒီ နည်းပညာအသစ် ကတော့ လက်ရှိမှာ ကား အမောင်းသင်နေသူတွေ လက်ထဲ ကားတစ်စီး လုံး ပုံအပ်ထားရတာ မျိုးတွေကို ပြေလည်သွား စေနိုင်ကာ ပိုပြီးလည်း ဆန်းသစ်လာစေလိမ့်မယ်လို့ မျှော် လင့်ရပါတယ်။

Ref: motor 1.com