General Motors ကုမ္ပဏီ ကတော့ သူတို့ရဲ့ တရားဝင် Instagram စာမျက်နှာမှာ Compact Pickup Truck ကား တစ်စီးရဲ့ ဒီဇိုင်းပုံကြမ်း တစ်ရပ်ကို ချပြလာခဲ့ပါတယ်။ ဒီလို အလန်းစား ကားတစ်မျိုးကို ပုံကြမ်း ချပြလာတာကြောင့် GM အနေနဲ့ ခပ်သေးသေး လျှပ်စစ် Truck ကားတစ်မျိုးကို မိတ်ဆက်ပေးလာတော့မှာ လားဆိုပြီး မျှော်လင့်ချင်စရာ ကောင်းလာပြန်ပါတယ်။ GM ရဲ့ Logan Philips ဆိုသူ က အခုကား ဒီဇိုင်း Concept ကို ဖန်တီးပေးခဲ့တာ ဖြစ်ပြီး  အတော်လေး အသုံးတည့်မယ့် ခေတ်လွန် ဒီဇိုင်းအရသာကို အထင်းသား သုံးပေးထားတာပါ။ Single Cab Truck ကား တစ်စီးအဖြစ် ပုံဖော်ထားတဲ့ အဆိုပါ Concept မှာတော့ အရှေ့ဘက် Grille မပါဝင်လာပဲ အတော်လေး လန်းတဲ့ နောက်ဆုံးပေါ် LED ရှေ့မီးကြီးတွေကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ တံခါးကလည်း ၂ ပေါက် ထဲဖြစ်ပြီး အတော်လေးကို ကြီးတဲ့ ဘီးဖုံးကြီးတွေအပြင် အောက်ခြေကြမ်းခင်းအပြား ပုံစံတွေကို သုံးထားတာ တွေ့ရမှာပါ။ 

Photo Credit: AllAutoExperts

ထူးခြားတာကတော့ အခု Concept မှာ ဘယ် Logo မှ မပါဝင်လာတာပါပဲ။ ဒါပေမယ့်လည်း ကားရဲ့ ကြီးမားတဲ့ အလွိုင်းဘီးတွေကို အထင်းသား မြင်နိုင်ပြီး ဘီးနဲ့လည်း လိုက်ဖက်တဲ့ All-Terrain တာယာတွေ ကိုပါ အသုံး ပြုပေးထားပါတယ်။ တကယ်တော့ အစောပိုင်းကတည်းက GM အနေနဲ့ နောက်ပိုင်းမှာ လျှပ်စစ် စွမ်းအင် သီးသန့် Pickup Truck ကား တစ်စီးကို ဈေးအသင့်အတင့်နဲ့ ရောင်းချပေးလာလိမ့်ဦးမယ်လို့လည်း သတင်းတွေ ထွက်ထားတာကြောင့် အခုပုံရိပ်က ပိုပြီး မျှော်လင့်ချင်စရာ ဖြစ်လာပြန်တာပါ။ ဒါ့အပြင် အမေရိကန် နိုင်ငံ ၊ မီချီဂန် ပြည်နယ်ထဲက GM Design Lab မှာတင် ခေတ်လွန် ပုံစံနဲ့ Prototype ကား နမူနာ တစ်စီး စမ်းသပ်နေတာကို မြင်ထားရတယ်ဆိုတဲ့ သတင်းတွေကြောင့် ပိုပိုပြီးကို စိတ်ဝင်စားစရာ ကောင်းလာ နေပြီပဲ ဖြစ်ပါတယ်။ 

Ref: AllAutoExperts