ခွေးလေးတွေက လူသားတွေရဲ့ အကောင်းဆုံး မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို များစွာသော အဖြစ်အပျက် တွေက သက်သေခံထားပြီးဖြစ်ပါတယ်။ ဥပမာ အားဖြင့် John Wick ကိုပဲ ကြည့်လိုက်ပါ။ အခုပြောပြမယ့် အဖြစ်အပျက်လေး ကတော့ လက်ရွေးစဉ် လူသတ်သမား အုပ်စုနဲ့ Muscle Cars တွေ အကြောင်းတော့ မဟုတ်ပေမယ့် မိသားစု တစ်စုနဲ့ Marley ဆိုတဲ့ ခွေးလေးအကြားမှာရှိတဲ့ မိသားစု မေတ္တာအကြောင်းပဲ ဖြစ် ပါတယ်။ ဂျော်ဂျီယာနိုင်ငံ Cobb County မှာနေတဲ့ Derek နဲ့ Alex Kirchner တို့က Marley ဆိုတဲ့ ခွေး လေးကို ၂၀၂၁ စက်တင်ဘာလထဲက ရှာဖွေနေကြတာပါ။ အဆိုပါ မိသားစုက ပျောက်ဆုံးနေတဲ့ ခွေးလေးကို ရှာဖွေဖို့ မှတ်တိုင်တိုင်းမှာ ပိုစတာတွေနဲ့ ကြော်ငြာထားခဲ့ ပေမယ့်လည်း ဘာမှထူးမလာခဲ့ပါဘူး။ အခုနောက် ဆုံးမှာတော့ ခွေးလေး Marley ကို ရှာဖွေပေးနိုင်သူကို 2016 Chevy Corvette Z51 ကားနဲ့ ဒေါ်လာ ၄၀၀၀ ကို ပေးအပ်သွားမှာဖြစ်တယ်လို့ Derek က ကမ်းလှမ်းလိုက်ပါတယ်။
Marley ကတော့ Whippet မျိုးစပ် ခွေးလေးဖြစ်ကာ အခုဆိုရင် အသက် ၄ နှစ်ရှိနေပါပြီ။ သူမကိုတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက Cherokee County Humane Society ဆီကနေ ခေါ်ဆောင်လာပြီး မွေးစားခဲ့တာပါ။ Derek နဲ့ သူ့မိသားစုက ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ကယ်ရိုလိုင်းနားတောင်ပိုင်းမှာ ရှိတဲ့ Hilton Head ကို အလည်အပတ်သွားနေခဲ့စဉ်မှာပဲ Marley က ထွက်ပြေးသွားခဲ့တာပါ။ အဲ့ဒီအချိန် ကတည်းကစလို့ Derek က Marley ကို Hilton Head မှာ အဆက်မပြတ် ရှာဖွေနေခဲ့တာဖြစ်ပြီး ခွေး ပျောက် တဲ့သတင်းကို ဆိုင်ကယ်တစ်စီးနဲ့ လိုက်ဖြန့်သလို ပိုစတာတွေလည်း ဖြန့်ဝေနေခဲ့တာဖြစ်ပါတယ်။ ဒါတင်မကသေးပဲ သူက Trail Cams တွေတောင် တပ်ဆင်ထားပြီး အကြားအမြင်ဆရာတွေကိုလည်း မေး မြန်းရှာဖွေနေပါသေးတယ်။ မနက်ခင်းနိုးလာတာနဲ့ အပြင်ထွက်ပြီး ခွေးလေးကို ရှာဖွေတော့တာပဲ။ ဆိုင်ကယ် ပေါ်မှာလဲ Lost Dog ဆိုတဲ့ ပိုစတာတွေအများကြီး တင်သွားပြီး Hilton Head မြို့ပတ်ဝန်းကျင် မှာ မောင်းနှင်လိုက်ရှာနေတာပါ။ အခုဆိုရင် Hilton Head က လူတိုင်းနီးပါးကတောင် ငါ့ကို Marley ရဲ့ အဖေဆိုတာ သိနေကြပါပြီ လို့ Derek Kirchner က Fox News ကိုပြောကြားခဲ့ပါတယ်။
Alex နဲ့ သားဖြစ်သူတို့ကတော့ Georgia က အိမ်ကို ပြန်သွားခဲ့ပြီး Marley ကိုရှာဖွေဖို့ ရည်ရွယ်ဖန်တီးလိုက် တဲ့ Facebook Group ကနေတဆင့် ကြော်ငြာ ရှာဖွေနေပါတယ်။ Marley နဲ့ပတ်သက်တဲ့ သတင်းတစ်စုံ တစ်ရာ ရှိမယ်ဆိုရင် Derek နဲ့ Alex Kirchner ထံကို သင့်လျော်တဲ့ Channels တွေကနေဆက်သွယ်ပြီး ကူညီပေးနိုင်ကာ Corvette နဲ့ ဆုကြေးတို့ကို ရယူနိုင်တာထက် မိသားစုတစ်စု ပြန်လည်ဆုံဆည်းဖို့ ကူညီ ပေးနိုင်မှာပါ။ တကယ်လို့များ တစ်စုံတစ်ယောက်က ငါ့ဆီလျှောက်လာပြီး သူ့ဆီမှာ Marley ရှိတယ်၊ ခွေးကို ပေးမယ်ဆိုရင် ကားကို ရနိုင်မလားလို့ ပြောလာခဲ့မယ်ဆိုရင် ငါက ခွေးလေးကို ခေါ်ဆောင်ပြီး ပျော်ရွှင်စွာနဲ့ လမ်းလျှောက်ထွက်သွားမှာပဲ ဖြစ်တယ်လို့ Derek က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
Ref: motor 1.com