တောင်ကိုရီးယား ရဲ့ ဇိမ်ခံကား ကုမ္ပဏီကြီး Genesis ကတော့ အမေရိက ဈေးကွက် အထိကို ချဲ့ထွင်လာ ခဲ့ပြီး အမျိုးမျိုး သော လျှပ်စစ်ကားတွေကိုပါ ရောင်းချဖို့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ။  ရောင်းချဖို့ အဆင်သင့် ဖြစ်နေတဲ့ ဇိမ်ခံ SUV ကားတွေထဲမှာ လျှပ်စစ် စွမ်းအင်သုံး GV 70 တို့လို ကားတွေလည်း ပါဝင်သလို Mercedes-Benz S-Class တွေ ကိုတောင် ယှဉ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ G 90 လို ကားသစ်ကြီးတွေလည်း ပါဝင်ပါတယ်။ လတ်တလော အခြေအနေ တွေ အရတော့ ကုမ္ပဏီရဲ့ အနာဂါတ်က တောက်ပနေပြီး ဘာလာ လာ အဆင်ပြေတယ်ဆိုတဲ့ ရင်ဆိုင်နိုင်စွမ်းတွေ ကိုရထား သလိုပါပဲ။ အခု ဆိုရင်လည်း ဈေးကွက်ထဲမှာ ပို ကောင်းတဲ့ အဆင့်တစ်ခုကို ရစေမယ့် ကားလောကရဲ့ နာမည်ကြီး ဆုတံဆိပ် တစ်ခုကိုလည်း GV 80 SUV ကားက ပိုင်ဆိုင် ခဲ့ပါသေးတယ်။ အဆိုပါ SUV ကားကတော့ J.D. Power Engineering ဆုကို ရရှိခဲ့တာ ဖြစ်ပြီး All-New ကားအသစ် စက်စက်တွေ အတွက် အမြင့်ဆုံး ပေးအပ်တဲ့ ဆုကို ရခဲ့တာပါ။ ဒါကြောင့် သိသာအောင်ပြောရမယ် ဆိုရင်တော့ အခု လတ်တလော ဈေးကွက်ထဲ ထွက်ထားတဲ့ ကားသစ် တွေထဲမှာ GV 80 ကားက အကောင်းဆုံး ဆိုတဲ့ဆုကို ရလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အဆိုပါ ဂုဏ်သိက္ခာပိုင်းအရ ကြီးမားတဲ့ ဆုကို တော့ ၂၀၂၁ ရဲ့ Entry Level ကားမော်ဒယ်တွေ အတွက် အင်ဂျင်နီယာ ပိုင်း ကောင်းမွန်မှုတွေရယ် ၊ J.D. Power Automotive Performance ရဲ့ J.D. Power Initial Quality Study ( IQS ) ဆိုတဲ့ သတ်မှတ်ချက် ခေါင်းစဉ်တွေရယ် အောက်ကနေ ရွေးချယ်ပေးထား တာပါ။ အဆိုပါ IQS Study ဆိုတာ ကတော့ ကားအသစ် အစီးရေ ၁၀၀ ရဲ့ ပထမဆုံးရက် ၉၀ ကို ကြည့်ပြီး ဆုံးဖြတ်တာ ဖြစ်ပြီးတော့ APEAL Study ဆိုတာ ကတော့ ကားသစ် ဝယ်ယူခဲ့တဲ့ ပိုင်ရှင်ရဲ့ ပထမဆုံးသော ရက် ၉၀ အတွင်း စိတ်ကျေနပ်မှု အတိုင်းအတာ ဘယ်လောက် အထိ ရှိလဲ ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါ တယ်။ အဆိုပါ မှတ်တမ်း ရလဒ်တွေ အကုန်လုံးကိုတော့ ပြိုင်ဘက်တွေနဲ့ အတူတူ စစ်ဆေးခံရတာ ဖြစ်ပြီး Genesis GV 80 ဆိုရင်လည်း Premium Upper Middle SUV Class ထဲမှာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့တာ ပါ။

Photo Credit: CARBUZZ

ကမ္ဘာ့အဆင့် ထုတ်ကုန်တွေအနေနဲ့ ဒီဇိုင်းနဲ့ ကားတည်ဆောက်မှု အင်ဂျင်နီယာ ပိုင်းတွေကို ကောင်းကောင်း အလေးထား ပေးထားတာဖြစ်လို့ အခုလိုမျိုး J.D. Power ရဲ့ ဂုဏ်သိက္ခာ ကြီးမားတဲ့ဆုကို ရခဲ့တာ ဖြစ်ပါ တယ်လို့ Genesis Motor ‌မြောက် အမေရိက ရဲ့ Chief Operating Officer ဖြစ်သူ Claudia Marquez က ဆိုထားပါတယ်။ ဒါ့အပြင် ၎င်းက အဆိုပါ ကားတွေ ရဲ့ စွမ်းဆောင်ရည် ပိုင်းတွေ အပြင် ခန့်ညားတဲ့ ဒီဇိုင်း သစ် ၊ အဆင့်မြင့် နည်းပညာ တွေ နဲ့ သက်တောင့် သက်သာရှိမှုတွေကြောင့် ကားလောကထဲမှာ ရွေးချယ်လို့ ကောင်းတဲ့ စံနမူနာ ဇိမ်ခံ ကားကောင်း တစ်စီး ဖြစ်ခဲ့တာပါလို့ ဆိုထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ 2021 Genesis GV 80 ကားသစ်က $ 48,900 ကျသင့်ပြီး 2022 Model ဆိုရင် တော့ $ 50,200 အထိ ‌ဈေးရှိ လာမှာ ဖြစ်ကာ 2.5 Liter Engine ဒါမှမဟုတ် 375 hp အထိ ရှိတဲ့ Twin-Turbo 3.5 Liter V 6 Engine တွေနဲ့ ရွေးချယ်ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကားရဲ့ စံစနစ်တွေ အနေနဲ့ကတော့ ပုံစံ ၁၂ မျိုးအထိ ပြောင်းနိုင်တဲ့ Heated အရှေ့ဘက် ထိုင်ခုံတွေ ၊ Dual-Zone Climate Control စနစ်နဲ့ Adaptive Cruise Control စနစ်တွေ ပါဝင်လာမှာပါ။ အဆိုပါ GV 80 ကို သာမန်ထက် ပိုပြီး ဆွဲဆောင်မှုရှိစေဖို့ ရည်ရွယ်ပြီး Evasive စတီယာတိုင်စနစ် ၊ Front-Cross Traffic လမ်းကြောင်း သတိပေးစနစ် ၊ Lane-Keep Assist ၊ Blind-Spot Monitor စနစ်တို့နဲ့ အတူ ကားထွက်ရင်လည်း အလိုအလျောက် သတိပေးမယ့် စနစ်တွေစတဲ့ ယာဉ် မောင်း အကူနည်းပညာ တွေကိုလည်း ဝေဝေဆာဆာ ထည့်ပေးထားတာဖြစ်ပါတယ်။ တကယ်တော့ ဒီဇိုင်း ပိုင်း စကြည့်ကတည်းကကို တကယ်ကြွားတဲ့ ပုံစံနဲ့ လှပလွန်းတာကြောင့် အခု အဆင့်မြင့်ဆုံးသော ဆုတွေ ထဲက တစ်ဆုရနိုင်ခဲ့တာကို ပရိသတ် တွေ အားလုံးလည်း သဘောတူနိုင်ကြလိမ့်မယ်လို့ ယုံကြည်ရတာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com