Genesis အနေနဲ့ သူတို့ရဲ့ ထိပ်တန်း အဆင့်မြင့် လျှပ်စစ်ကားသစ် တစ်မျိုးကို မကြာမှီ ချပြလာတော့မယ်လို့ သတင်းတွေ ထွက်ထားတာ ကြာပြီဖြစ်ပြီး ကားသစ်ကလည်း အမိုးဖွင့် X Convertible ဆိုတဲ့ ကားဖြစ်လိမ့်မယ်လို့ သိထားကြပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကားသစ်ကို အရောင်း ကိုယ်စားလှယ်တွေဆီ အရောက်ပို့ဆောင် ပေးနိုင်ဖို့ အတော်လေး နီးစပ်နေပြီ ဖြစ်တယ်လို့ Brand ရဲ့ Chief Creative Officer ဖြစ်သူ Luc Donckerwolke ရဲ့ Automotive News ထံ ပြောကြားချက်အရ သိရပါတယ်။

Photo Credit: AllAutoExperts

ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံတဲ့ အဆိုပါပွဲမှာတော့ Luc က အဆိုပါ ကားသစ်ကို ကိုယ်စားလှယ် ကြီးတွေဆီ မကြာခင် အရောက်ပို့ ပေးနိုင်ဖို့အတွက် အတော်လေး အခြေအနေ ကောင်းနေပြီလို့ ထုတ်ပြောလာတာပါ။ ကားရဲ့ ဈေးကတော့ $ 200,000 ဒါမှမဟုတ် $ 300,000 ကျော် လောက်အထိ ဖြစ်ချင်ဖြစ်နိုင်ပြီး မသေချာ သေးပေမယ့်လည်း တကယ်တမ်း ပွဲထွက်လာတဲ့ အခါမှာ နာမည်ကျော် Bentley Continental အမိုးဖွင့်ကားနဲ့တောင် လဲချင်တဲ့ သူတွေ များလာလိမ့်မယ်လို့ကို ၎င်းက ဆိုထား ခဲ့ပါတယ်။

Photo Credit: AllAutoExperts

Genesis အတွက် ကတော့ တကယ့်ကို စစ်မှန်တဲ့ Flagship Level လျှပ်စစ် ကားသစ်ကြီး တစ်စီး ဖြစ်လာတော့မှာ သေချာနေပါပြီ။ ရောင်းချနိုင်မယ့် ပမာဏကတော့ အတော်လေးကို ကန့်သတ်ထားတာ မျိုးဖြစ်လာနိုင် ပေမယ့်လည်း အခုလိုမျိုး အမိုးဖွင့် ဇိမ်ခံကား စစ်စစ်ကြီး တစ်စီးကို ချပြနိုင်တာကြောင့် Genesis ရဲ့ ဇိမ်ခံကား လုပ်ငန်းဆိုတဲ့ ပုံရိပ်ကို ပိုပြီး ဆွဲတင်ပေးနိုင်မှာ ဖြစ်တယ်လို့ Luc က ထပ်မံ ဆိုထား ခဲ့သေးတာပဲ ဖြစ်ပါတယ်။ ၎င်း ရဲ့ ပြောကြားချက်တွေ အရရော ပုံကြမ်းတွေ အရပါ အတော်လေး ခန့်ညားလှပနေမယ့် အဆိုပါ ကားသစ်ကတော့ စိတ်ဝင်စားစရာ ကားသစ် ကြီး တစ်စီး ဖြစ်လာနေပါပြီ။

Ref: AllAutoExperts

(2) Rolls-Royce ကားတွေဈေးကြီးနေရခြင်းအကြောင်းရင်းများ – YouTube