ဂတ်စ် စွမ်းအင်သုံး G-Wagon ကားလိုမျိုးပဲ လျှပ်စစ်စွမ်းအင်သုံး EQG ကလည်း ၂၀၂၄ မှာဈေးကွက်ထဲ ရောက်လာတဲ့ အခါ အတော်လေးကို လူကြိုက်များမယ့် SUV တစ်စီးအဖြစ် ဆက်ရှိလာဖို့ များနေပါတယ်။ ကားအသစ် အနေနဲ့ ကတော့ နဂို အတိုင်းပဲ ဇိမ်ခံအပိုင်းတွေနဲ့ နဂိုရှိထားပြီး အစဉ်အလာ တို့ကြောင့်တင် နာမည်ရနိုင်တာမျိုး မဟုတ်ပဲ အခု ဆိုရင်တော့ ပိုပြီးဆန်းသစ်တဲ့ နောက်ဆုံးပေါ် ခေတ်မှီဘက်ထရီ ပါလာ တာမျိုးကြောင့်ပါ ပိုဆွဲဆောင်မှု ရှိလာနေခဲ့ ပါပြီ။ Sila နဲ့ ပူးပေါင်းပြီး အခုကားသစ်မှာတော့ Silicon Anode Chemistry ဘက်ထရီနည်းပညာတွေကို အသုံးပြုသွားတော့မှာပါ။ ဒါတင်မကသေးပဲအခုလိုနည်းပညာသစ် တွေကြောင့် ဘက်ထရီရဲ့ သိပ်သည်းဆကို ပုံမှန်ထက် ၂၀ ကနေ ၄၀ % လောက်အထိ ပိုများလာစေမှာ ဖြစ် ပြီး လုံခြုံရေးပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းတွေကိုပါ ပိုမိုတိုးတက်လာ စေမှာဖြစ်လို့ Range ပါ ပိုများလာအောင် ဖန်တီးနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

သဘာဝ ပတ်ဝန်းကျင်နဲ့ ကိုက်ညီအောင် ဖန်တီးထားရမယ့်ပစ္စည်းတွေ ဖြစ်တာနဲ့အညီ အခု Silicon Anode ဘက်ထရီ တွေကိုလည်း ကုမ္ပဏီရဲ့ဝါရှင်တန် အခြေစိုက် စက်ရုံကနေ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်တွေ အသုံးပြု ဖန်တီးသွားမှာ ပါ။ အခု နည်းပညာသစ်နဲ့ EQG ကားတွေ ကိုတော့လက်ရှိ ဆယ်စုနှစ် အလယ် လောက်မှာ စမြင်လာရဖို့ ရှိနေပြီး သာမန် G-Class လျှပ်စစ် ကားရဲ့ နောက်ထပ် Range ပိုများတဲ့ မျိုးကွဲ တစ်ခု အဖြစ်လည်း ခွဲထွက်လာ နိုင်ပါသေးတယ်။ အခုလိုမျိုး ဂျာမဏီရဲ့ ၂၀၁၉ ကတည်းက စတင်လာခဲ့တဲ့ နည်းပညာ ကုမ္ပဏီ Sila နဲ့ တရားဝင် ပူးပေါင်းကြောင်း ကြေညာ ခဲ့တာတော့ Mercedes တို့က ပထမဆုံး ပါပဲ။ အနာဂါတ်မှာ လျှပ်စစ်သီးသန့် အတွက်ကိုပဲ အာရုံထားနေတဲ့ မာစီးဒီးတို့အဖို့ ကတော့ ဒါက တကယ် အရေးပါတဲ့ ခြေလှမ်းကောင်း တစ်ရပ်ဖြစ်နေပြီး အနာဂါတ် ဇိမ်ခံလျှပ်စစ် ကားကောင်းတွေအတွက် ပူးပေါင်း ဆောင်ရွက်မှုကောင်းလည်းဖြစ်ခဲ့တယ်ဆိုပြီး နည်းပညာပိုင်းဦးဆောင်အရာရှိ Markus Schafer က ဆိုထား ခဲ့ပါတယ်။

Photo Credit: CARBUZZ

တကယ်တော့ လျှပ်စစ်ကားတွေ ဆိုတာ ဆွဲဆောင်မှုတစ်မျိုး ရှိနေပြီး ကားတွေရဲ့ Range ဘယ်လောက်ရှိ သလဲ ဆိုတာ ကိုလည်း ဝယ်ယူမယ့် သူတွေက အထူးကို စိတ်ဝင်စား နေကြတာပါ။ မာစီးဒီးရဲ့ CEO ဖြစ်သူ Ola Kallenius ကိုယ်တိုင် ကလည်း သူတို့ရဲ့ ထုတ်လုပ်ပြီးတဲ့ လျှပ်စစ်ကားတွေ အပေါ်မှာ ဝယ်လိုအားတွေ က အတော်လေးများပြားနေပြီး လက်တလော ဖြစ်ပေါ်နေတဲ့ ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုတွေနဲ့ Chip ပြား ပြတ်လပ်မှုတွေကြောင့်လည်း ကားသစ်တွေ အလျှင်မှီအောင် မထုတ်လုပ်နိုင်ဖြစ်ခဲ့ရတယ်လို့ ဆိုထားပါ တယ်။ အခုဖော်ပြထားတဲ့ EQG လျှပ်စစ်ကားသစ် ကို စတင်နမူနာချပြခဲ့စဉ် ကတည်းက စိတ်ဝင်စားသူတွေ အတော်များများကို မြင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ် ဥရောပ ဈေးကွက်ထဲမှာတောင် သာမန် G Wagon ကားအတွက် မှာယူထားပြီး ၂ နှစ် လောက်အထိ ကို စောင့်ဆိုင်းနေရတယ်လို့လည်း သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လျှပ်စစ်စွမ်းအင်သုံး ပို့ဆောင်ဆက်သွယ်ရေး စနစ်တွေကအနာဂါတ် အတွက် အရေးပါလာတာနဲ့ အမျှ အခုလိုမျိုး နာမည်ကျော် SUV နဲ့ လျှပ်စစ် စွမ်းအင်တို့ ပေါင်းစပ် တာမျိုးက လည်း ရှောင်လွှဲလို့ မရတော့မယ့် ပြောင်းလဲမှု တစ်ရပ် ဖြစ်လာတာပါပဲ။

Ref: carbuzz.com