G-Class Pickup ကားကိုတော့ Mercedes-Benz တို့ က ဆက်မထုတ်ပေးတော့ ပေမယ့်လည်း ကုမ္ပဏီရဲ့ ပင်တိုင် Tuner ဖြစ်သူ Brabus ကုမ္ပဏီကတော့ ကားကိုဆက်ပြီး ပြောင်းလဲ ဆန်းသစ်ပေးနေဆဲပါ။ ၂၀၂၀ တုန်းကတော့ G- Class Pickup ကို Brabus တို့ ဖန်တီးပေးခဲ့ပြီး အခုဆိုရင်တော့ အဆိုပါ ကားကိုပဲ ပိုစွမ်း ဆောင်ရည် ကောင်းတဲ့ Version အဖြစ် တစ်ကျော့ပြန်လာခဲ့ပါပြီ။ အဆိုပါ ကားကိုတော့ Brabus 900 XLP လို့ အမည်ပေးထားပြီး ၁၀ စီးတည်း ပဲ သီးသန့် ထုတ်လုပ်မယ်လို့ သိရပါတယ်။ အခု ကားသစ်မှာတော့ လက်မ ၂၀ အရွယ် ဘီးကြီးတွေကို သုံးထားပြီး အနောက်ဘက် ပြတင်းပေါက်ကလည်း ဒီဇိုင်းအသစ် ဖြစ်လာ ခဲ့ ပါတယ်။ အခုကားရဲ့ အနောက်ဘက် ကုန်တင်မယ့် Bed ကို တော့ ကာဗွန်ဖိုက်ဘာနဲ့ ပြုလုပ်ထားပြီး ၊ သတ္တုစပ်တွေ စတီးတွေကိုလည်း ကားရဲ့ ကြမ်းခင်းနဲ့ Tailgate တွေ အတွက် သုံးပေးထားတယ်လို့ သိရပါ တယ်။
အနောက်ဘက် ကုန်တင်နေရာတင် ကားအပြင်ပိုင်းမှာ ပြောင်းလဲလာတာ မဟုတ်ပဲ ပိုကျယ်တဲ့ Widestar Body Kit ကိုလည်း ထည့်ပေးထားကာ Fender Flares တွေကအစ မူလစက်ရုံထုတ် G-Wagen ထက် ၄.၆ လက်မ လောက် ပိုကျယ်လာပြီ ဖြစ်ပါတယ်။ အဆိုပါအပိုင်းတွေကပဲ Brabus ရဲ့ ကိုယ်ပိုင် Monoblock ဘီးတွေကို ကာပေးထားပြီး Pirelli ရဲ့ Scorpion All-Terrain တာယာတွေကိုလည်း သုံးပေး ထားပါတယ်။ ဒါ့အပြင် အရှေ့ဘက် Fascia နဲ့ အင်ဂျင်စက်ဖုံးတွေက အစ Twin Scoops တွေအဖြစ် ဖန်တီး ပေးထားပြီး Carbon Fiber Trim တွေလည်း ထပ်ထည့် ပေးထား ပါသေးတယ်။ ဒါ့အပြင် ပိုပြီး ပြည့်စုံသွား စေတာကတော့ Winch နဲ့ Light Bar တို့ ထပ်ပေါင်းထည့်ပေးထား လိုက်တာ ပါပဲ။ အင်ဂျင်ပိုင်းမှာတော့ 4.5 Liter Twin-Turbocharged V8 Engine ကိုသုံးပေးထားပြီး 888 hp အထိကို ထူးထူးခြားခြား စွမ်း ဆောင် နိုင်မှာပါ။ ဒါ့အပြင် All-Wheel Drive စနစ်ကိုမှ 9-Speed Automatic Transmission ဂီယာ တွေနဲ့ ပေါင်းစပ် ထားပါသေးတယ်။ ကားရဲ့ Torque အပိုင်းကတော့ 922 lb-ft Torque အထိ စွမ်းဆောင် နိုင်ပေမယ့် အင်ဂျင်ပိုင်းကိုရေရှည်ခံအောင် ကာကွယ်ပေးနိုင်ဖို့အတွက် 774 lb-ft Torque အထိပဲ ကန့် သတ်ပေးထားတယ်လို့ Brabus က ဆိုထားပါတယ်။ အခုကားကတော့ တစ်နာရီ ၆၂ မိုင် မြန်နှုန်း အရှိန်တင် နိုင်ဖို့ ၄.၄ စက္ကန့် လောက်ပဲ အချိန်ယူရမှာ ဖြစ်ပြီး အမြင့်ဆုံး မြန်နှုန်းကိုလည်း ၁၈၆ မိုင် နှုန်း ရပေမယ့် All-Terrain တာယာတွေကြောင့် ၁၃၀ မိုင် အထိပဲ ကန့်သတ်ပေးထား ပြန်ပါတယ်။
အခု ကားကတော့ Brabus ရဲ့ ကိုယ်ပိုင် Coilover Suspension စနစ်ကို သုံးထားတဲ့ ကားတစ်စီး ဖြစ်ပေ မယ့် G-Class ရဲ့ Dynamic Select လုပ်ရတဲ့ Drive Mode တွေကိုတော့ ဆက်သုံး ပေးထားပါသလို ကား ရဲ့ အနိမ့်အမြင့် ကိုလည်း လိုသလို ပြောင်းလဲနိုင်ဦးမှာပါ။ Brabus ရဲ့ အခု ကားထုတ်လုပ်ဖို့ ပြထားတဲ့ နမူနာ ကားမှာ ဆိုရင်တော့ အတွင်းခန်း ကို အနက်ရောင် လယ်သာ သားတွေကိုမှ အနီရောင်လိုင်းတွေ ဖောက်ထား တဲ့ ပလတ်စတစ် Trim တွေနဲ့ မြင်တွေ့ ရတာ ပဲ ဖြစ်ပါတယ်။ တစ်ချို့ နေရာတွေမှာတော့ ကာဗွန်ဖိုက်ဘာနဲ့ အလူမီနီယံ Kits တွေကို မြင်တွေ့ထားရပြီး အတွင်း ခန်းကိုတော့ မှာယူသူတွေ စိတ်ကြိုက်အတော် လေး ပြုပြင် ဖန်တီးပေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အတွင်းခန်းထဲမှာတော့ နာရီထုတ်လုပ်ရေး Panerai က ဒီဇိုင်းဆွဲ ပေးထားမယ့် သီးသန့် နာရီလေးလည်း ထူးထူးခြားခြား ပါဝင်ဦးမှာပါ။ ကားရဲ့ ဈေးနှုန်း ပိုင်းမှာတော့ $ 658,625 ကနေ စတင်လာနိုင်ပါတယ်။ တကယ်လို့ $ 790,000 လောက်အထိ သုံးနိုင်တယ် ဆိုရင်တော့ အခု 900 XLP လိုပဲ G-Class ကိုပဲ အခြေခံ ဖန်တီးထားတဲ့ ကား တစ်စီး ရှိပါသေးတယ်။ အဲ့ဒါ ကတော့ အမိုး ပွင့်ကိုယ်ထည် ခပ်ကျယ်ကျယ်နဲ့ Brabus 900 Crawler ဖြစ်တာကြောင့် အခု ကားသစ်နဲ့ ယှဉ်ပြီး ကြိုက်နှစ်သက်ရာကို ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။
Ref: MotorAuthority