လူကြိုက်အတော်များပြီးနှစ်သက်ကျလို့ ဈေးကွက်အစုံမှာရောင်းအားကောင်းတဲ့ Mercedes-Benz G-Class ကားကတော့ရှေ့ဆက်လည်း ပိုအရောင်းသွက်ဦးမယ့် အလားအလာပါပဲ။ မကြာသေးမီ တုန်းကတော့ အဆိုပါ ကားက ၂၀၂၄ လောက်အထိ ရောင်းရမယ့် ပမာဏက ကုန်သွားပြီမို့လို့ ဒီကြားထဲ ထပ်မရနိုင်တော့ဘူး ဆိုပြီး သတင်းတွေ ထွက်ခဲ့သေးပေမယ့် တကယ်တော့ မမှန်ခဲ့ပဲ အခု ဆိုရင်တော့ အမေရိက ဈေးကွက်အတွက် Special Edition အသစ်တစ်မျိုးကိုတောင် ထပ်မံ ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ Edition အသစ်ကိုတော့ Edition 550 လို့ နာမည်ပေးထားပြီး အမေရိက ဈေးကွက် တစ်ခုတည်းအတွက်ကိုပဲ အစီးရေ ၂၀၀ သာ ရောင်းချပေးမှာ ဖြစ်ကာ Jupiter Red ၊ Arabian Grey နဲ့ Moonlight White တို့ဆိုပြီး အပြင်အရောင် ၃ ရောင်ကိုလည်း ရွေးချယ် နိုင်မှာပါ။ အဆိုပါ အရောင်အသစ်တွေ အပြင် သီးသန့်ဖြစ်မယ့် G-Class ဆိုတဲ့ တံဆိပ်အလန်းတွေကိုလည်း နေရာ အနှံ့နဲ့အတူ အတွင်းခန်း နေရာ အတော်များများမှာ ထည့်သွင်း ပေးထားမှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အတွင်းခန်းမှာတော့ နှစ်ရောင်စပ် Leather Upholstery ကိုပဲ လှပလွန်းတဲ့ Diamond ကွက် Stitch လေးတွေ ၊ အရောင်စုံတဲ့အရှေ့ဘက် ထိုင်ခုံတွေနဲ့ Active Side Bolsters တွေ ၊ Cabin တစ်‌လျှောက်က ကာဗွန်ဖိုက်ဘာ Trim တွေ စတာတွေ အကုန်လုံးက အထူးထုတ် ကား တစ်စီး ဆိုတာကိုသက်သေပြနေပါတယ်။ ဒါ့အပြင် အရှေ့ဘက် ခရီးသည်ခုံမှာကအစ အစီး ၂၀၀ ထဲက တစ်စီးဆိုတဲ့ အဓိပ္ပါယ် ဆောင်တဲ့ 200 ဆိုတဲ့စာသားနဲ့ Edition 500 ဆိုတဲ့ စာသား Logo လေးတွေကို ထည့်ပေးထား သေးတာပါ။ အင်ဂျင် ပိုင်းမှာဆိုရင်တော့ 4.0 Liter Twin-Turbo V8 Engine ကိုပဲ သုံး ပေးထားတာကြောင့် 416 hp နဲ့ 450 lb-ft Torque အထိကို ရရှိနိုင်မှာဖြစ်ပြီး Nine-Speed Automatic Transmission နဲ့အတူ Two-Speed Transfer Case ကိုတွဲဖက်ပေးထားပါတယ်။ အခုကားကတော့ AMG Version မဟုတ်ပေမယ့်လည်း အတော်လေး တိုးတက်ကောင်းမွန်ထားတဲ့ G 550 Base Model ဖြစ်ကာ လက်ရှိအချိန်ထိတော့ အဆိုပါ အထူးထုတ် ကားရဲ့ ‌တရားဝင်ဈေးနှုန်း အတိအကျကို မထုတ်ပြန် ထားသေးပါဘူး။

Photo Credit: CARBUZZ

တကယ်လို့ စိတ်ဝင်စားတယ် ဆိုရင်တော့ မာစီးဒီးရဲ့ တရားဝင် အရောင်းကိုယ်စားလှယ်တွေထံ အမြန်ဆုံး ဆက်သွယ်ဖို့ လိုအပ်ပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းနေတာကတော့ အဆိုပါ Mercedes G-Class တွေရဲ့ ဒုတိယ မြောက်မျိုးဆက်နဲ့ ပတ်သက်လို့ပါပဲ။ ဒီဇိုင်းပိုင်း ပြောင်းလဲမှုတွေနဲ့ အတူ ပွဲထွက်လာဖို့ ပြင်ဆင်နေပြီလို့လည်း သတင်းတွေ ထွက်နေခဲ့ပြီး စိတ်ဝင်စားစရာ ‌အကောင်းဆုံးကတော့ အဆိုပါ ကားကိုပဲ လျှပ်စစ်စွမ်းအင် သီးသန့် အဖြစ် ၂၀၂၄ မှာအသစ် ထွက်ပေါ်လာမယ့် EQG ကားသစ် ဖြစ်ပါတယ်။ အဆိုပါ ကားကိုလည်း မနှစ်က Concept အနေနဲ့ မြင်ခဲ့ရပြီး ထုတ်လုပ်မယ့် ပုံစံနဲ့တော့ အတော်နီးစပ် နိုင်ပါတယ်။ ကားရဲ့ ပုံစံကတော့ G-Class အတိုင်းပဲ ဖြစ်ပေမယ့် စိတ်ဝင်စားစရာ စိန်ခေါ်မှုတစ်ခုကတော့ လမ်းကြမ်းပိုင်း ဘယ်လောက် အထိ စွမ်းဆောင်နိုင်မလဲ ဆိုတာ ပါပဲ။ G-Class ကတော့ လက်ရှိမှာ လမ်းကြမ်းပဲ မောင်းမောင်း သာမန် လမ်းတွေပဲ သွားသွား ဘယ်နေရာ ရောက်ရောက် တင့်တယ်တယ် ဆိုတဲ့ မာစီးဒီး ကားကောင်း တစ်စီး ဖြစ်နေပြီး ဒီဇိုင်းပိုင်းရော အတွင်းခန်းတွေကပါ သူမတူအောင် ကောင်းမွန်လှပနေတော့တာပါ။ ဒါကြောင့် အနာဂါတ် လျှပ်စစ်ကား EQG ကားသစ်လည်း အဆိုပါ အစဉ်အလာကိုတော့ ဆက်လက် ထိန်းသိမ်းလာလိမ့်မယ်လို့ မျှော်လင့် ရပါတယ်။

Ref: carbuzz.com