လူငယ်ဆန်တဲ့ အရသာအပြည့်နဲ့ ဆိုင်ကယ်တွေအကြောင်း ပြောမယ်ဆိုရင်တော့ တရုတ်အခြေစိုက် Super Soco ကုမ္ပဏီက အတော်လေး ဖန်တီးပေးနိုင်တယ်လို့ ဆိုရမှာပါ။ လူငယ် ဆိုင်ကယ်သမားတွေအတွက် TC Max နဲ့ TC Wanderer တို့လို အလန်းစားလျှပ်စစ်ဆိုင်ကယ်တွေကစလို့ CPx နဲ့ CUmini တို့လို လျှပ်စစ်စကူတာ လေးတွေအထိ အမျိုးစုံအောင် ထုတ်ပေးထား နိုင်ပါတယ်။ ဒါပေမယ့် ဆိုင်ကယ် Brand တွေရဲ့ ဒီဇိုင်းတွေကလည်း ယခင်ထက် ပိုပိုပြီးတိုလာကာ ခေတ်ဆန်လာတာကြောင့် အခုလိုမျိုး ဒီဇိုင်းအိုင်ဒီယာအသစ် အသစ်တွေရစေဖို့ အတွက် ရည်ရွယ်ပြီး ကုမ္ပဏီကနေ အင်္ဂလန်မှာရှိတဲ့ Coventry College ရဲ့ ပို့ဆောင်ဆက်သွယ်ရေး ဒီဇိုင်းဌာနနဲ့ ပူးပေါင်းခဲ့ပါတယ်။ အဆိုပါ ပူးပေါင်း Project အရတော့ ကျောင်းသားတွေ အနေနဲ့ CPx လိုမျိုး Scooter ကိုပိုပြီး မိုက်တဲ့ Brand-New Design အသစ်ဖန်တီး ပေးရမှာပါ။ ဒါကြောင့် အခုဆိုရင် အဆိုပါ တက္ကသိုလ်ရဲ့ Dr.Shaun Hutchinson & Aamar Mahmud နဲ့ ကျောင်းသားတွေ ပူးပေါင်းကာ ဆိုင်ကယ်ပုံကြမ်းတွေ ရေးဆွဲခဲ့ကြပါတယ်။ ပုံကြမ်း‌တွေ အားလုံးကို စီစစ်ပြီးကြတဲ့ အခါမှာတော့ Super Soco အနေနဲ့ Vivek Marathe ၊ Samuel Potts နဲ့ Sandeep Vasireddy ဆိုသူထံကို ပထမဆုတွေအနေနဲ့ ရွေးချယ်ပေးခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: RideApart

အဆိုပါ ပုံကြမ်းတွေထဲကမှ Marathe ရဲ့ ပုံစံဟာ ဆိုရင် သဘာဝပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ ကိုယ်ထည်ကိုမှ လူငယ်ထုအတွက် ပိုပြီး အလေးပေး ရေးဆွဲပေးထားပါတယ်။ Samuel Potts ရဲ့ ပုံစံကတော့ Fun N Go ဆိုတဲ့ ဒီဇိုင်း နဲ့ လျှပ်စစ်စွမ်းအင်ကို ပိုပြီး ပေါ်လွင်အောင်ဖန်တီးပေးထားပြီး CPx ရဲ့ Chassis နဲ့ ကောင်းကောင်းပေါင်းစပ် ပေးထားတဲ့ပုံဖြစ်ပါတယ်။ Potts ကတော့ အခု Project ကို အဓိကအားဖြင့် စိတ်လှုပ်ရှား စရာကောင်းစေဖို့နဲ့ Sci-Fi Theme လိုမျိုးရနိုင်ဖို့အတွက် ပြင်ဆင်ပေးထားတယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့် အရှေ့ဘက် အပြင်အဆင် ၊ ရိုးရှင်းတဲ့ ဘက်ထရီကာဗာ ၊ မျောလွင့်နေတဲ့ ထိုင်ခုံဒီဇိုင်းတို့ကြောင့် အမြင်ပိုင်းဆိုင်ရာအရကိုပဲ မြင်လိုက်တာနဲ့တင် စိတ်လှုပ်ရှားဖို့ ကောင်းနေတယ်လို့ Potts က ဆိုထားခဲ့ပါတယ်။ Sandeep Vasireddy ကလည်း Potts လိုမျိုး အရသာနဲ့ပဲ ဆိုင်ကယ်လေးကို ဒီဇိုင်း ထုတ်ပေးထားပေ မယ့် ထူးခြားတာကတော့ ယခင်က EN3 ဆိုတဲ့ Concept ကိုပဲ ပြန်လည် မှီငြမ်းထားတာပါ။ အဓိက ကတော့ အနာဂတ် ခေတ်လွန်ပြိုင်ဘီးတွေကိုမှ ပိုပြီးရင်းနှီးပြီးသား ပုံစံကို ဖန်တီးထားတာဖြစ်ပါတယ်။

Photo Credit: RideApart

Frost ကလည်း အခုလိုမျိုး စိတ်လှုပ်ရှားစရာ ဒီဇိုင်းအသစ်တွေနဲ့ လျှပ်စစ်ဆိုင်ကယ်တွေက မြို့ပြရဲ့ လမ်းမ တွေထက် မှာ လိုက်လျောညီထွေ ပေါ်ထွက်လာတာ အတော်လေး စိတ်လှုပ်ရှားဖို့ ကောင်းတယ်လို့ ဆိုထား ပါတယ်။ ဒါကြောင့် Super Soco ကလည်း မျိုးဆက်သစ် လူငယ်ပညာရှင်တွေနဲ့ လက်တွဲ အလုပ်လုပ်ချင်ခဲ့တာဖြစ်ပြီး မျိုးဆက်သစ် ပို့ဆောင် ဆက်သွယ်ရေး လိုအပ်ချက်တွေအတွက် အံကိုက်ဖြစ်ခဲ့ပါတယ်။ အခု လိုမျိုး Coventry နဲ့ Soco Moto တို့ရဲ့ ဒီဇိုင်းတွေကနေ လက်ရှိ စကူတာတွေကိုပါ ဒီထက် အများကြီး အကန့်အသတ်မဲ့ ဖန်တီးလို့ ရသေးတယ်ဆိုတဲ့ အချက်ကိုပါ ထောက်ပြနိုင်ခဲ့ပါတယ်။ လတ်တလောမှာတော့ အခုမြင်ရတဲ့ Concept Design တွေကို ကုမ္ပဏီကနေ ထုတ်လုပ်မယ့် အဆင့်အထိ မယူဆောင်နိုင်လောက်သေးပေမယ့် အနာဂတ်ယာဉ်ဒီဇိုင်းအသစ်တွေ အတွက် ကျောင်းသားတွေရဲ့ စိတ်ကူးလက်ရာတွေကို မြင်ရ တာက အမြတ်ဖြစ်ခဲ့ပါတယ်။

Ref: RideApart