ဂျာမနီနိုင်ငံ ဟန်နိုဗာမှာ ကျင်းပနေတဲ့ IAA Transportation Show ပွဲကြီးထဲမှာတော့ Fuso ရဲ့ မျိုးဆက်သစ် eCanter လျှပ်စစ်ကုန်တင်ကား အသစ်တွေကို Mitsubishi တို့ ပွဲထုတ်လာခဲ့ပါတယ်။ အခု ကားတွေကို ဥရောပ ဈေးကွက်အတွက် သီးသန့်ထုတ်လုပ်လာခဲ့တာဖြစ်ပြီး ဂျပန်ပြည်တွင်းအတွက် ကားတွေနဲ့ အနည်းငယ် ကွဲပြားမှု လေးတွေ ရှိပေးမယ့် အဓိက အချက်အလက်တွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ ၆ ဘီး ကားပုံစံကိုမှ မျိုးကွဲ ၄၂ မျိုး လောက်အထိ ရနိုင်မှာဖြစ်ပြီး ခေါင်းခန်းပုံ ၂ မျိုး နဲ့ အဆိုပါ ကားတွေမှာဆိုရင် အလေးချိန်က ၄.၂၅ ကနေ ၈.၅၅ တန် လောက်အထိရှိမှာ ဖြစ်ပါတယ်။ တင်ဆောင်နိုင်မယ့် ပမာဏကတော့ ၅ တန် လောက်အထိ ရှိမယ်လို့ သိရပါတယ်။

Photo Credit: InsideEvs

41.3 kWh ၊ 82.6 kWh နဲ့ 123.9 kWh ဆိုတဲ့ ဘက်ထရီ ၃ မျိုးပေါ် မူတည်ပြီး အဆိုပါ လျှပ်စစ် ကုန်တင်ကားတွေ ဟာ တစ်ခါအားသွင်းထားတာနဲ့ ၄၄ မိုင် ၊ ၈၇ မိုင် ဒါမှမဟုတ် ၁၂၄ မိုင် အထိကို မောင်းနှင်နိုင်ပါလိမ့် မယ်။ ဂျပန် ပြည်တွင်း ဈေးကွက်က ကားမျိုးကွဲမှာ ဆိုရင်တော့ အနိမ့်ဆုံး ဘက်ထရီကိုပဲ တစ်ခါအားသွင်းထားရင် မိုင် ၅၀ အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဂျပန် ပြည်တွင်းကားတွေနဲ့ အဓိက ကွဲပြားသွားတဲ့ အချက်တွေကတော့ CCS Combo 2 ဆိုတဲ့ အားသွင်းခေါင်းတွေကို အသုံးပြုလာတာပါပဲ။ အဆိုပါ အားသွင်းခေါင်းတွေကတော့ အမြန် အားသွင်း စနစ် 104 kW အထိ ရရှိနိုင်မှာဖြစ်ပြီး 1 ဒမှမဟုတ် 3-Phase Charging AC စနစ်လည်း ရမယ်လို့ သိရပါတယ်။ Three-Phase Charging စနစ်မှာမှ 11 kW ဒါမှမဟုတ် 22 kW အထိကို အားသွင်းနိုင်တာက အတော် လေး အဆင်ပြေတာဖြစ်ပြီး အသုံးဝင်ဖို့လည်း များပါတယ်။ အဆိုပါ Three-Phase အားသွင်းစနစ် ကလည်း ဥရောပ ‌ဒေသ အတော်များများမှာ စံစနစ်တစ်ခုလို ဖြစ်နေပြီဖြစ်လို့ ပိုပြီးအဆင်ပြေသွား ပြန်ပါတယ်။

Photo Credit: InsideEvs

လက်ရှိ Mitsubishi Fuso Truck and Bus Corporation (MFTBC) ဆိုတဲ့ လုပ်ငန်းကတော့ Daimler Truck ကုမ္ပဏီ ရဲ့ အခွဲတစ်ခု ဖြစ်လာခဲ့ပြီး လာမယ့် ၂၀၂၃ နွေဦးရာသီလောက် အရောက်မှာ ဂျပန်ကား ဈေးကွက်တွေထဲ အထိ ကားတွေ ပို့ဆောင်ရောင်းချသွားဦးမှာ ဖြစ်ပါတယ်။ ဥရောပ ဈေးကွက်မှာလည်း လာမယ့် ၂၀၂၃ အရောက်မှာ အခု ကားသစ်တွေကို မြင်ရဖို့ မျှော်လင့်နိုင်ပြီး ကားတွေရဲ့ ပထမမျိုးဆက်တုန်း ကလည်း ဥရောပက ရောင်းအား အကောင်းဆုံး  ဈေးကွက်ကြီးတစ်ခု ဖြစ်ခဲ့တာပါ။ တရုတ် ၊ ဂျပန်နဲ့ အိန္ဒိယ ‌ကားဈေးကွက်တွေ အတွက်တာဝန်ရှိတဲ့ Daimler Truck Holding AG ဘုတ်အဖွဲ့ဝင် BharatBenz ဆိုသူကတော့ သူတို့ရဲ့ အခုမျိုးဆက်သစ် eCanter ကားသစ်တွေထက် ယခင်မျိုးဆက် ပိုကြီး ပိုကောင်းလာခဲ့လို့ ခေတ်သစ်ရဲ့ လိုအပ်ချက်တွေနဲ့လည်း ပိုမိုကိုက်ညီ လာ ပြီဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ကာဗွန်ထုတ်လွှတ်မှု မရှိပဲ မြို့တွင်း ပို့ဆောင်ဆက်သွယ်ရေးမှာ အတော် လေး အသုံးဝင်လာတော့မှာ ဖြစ်တယ်လို့ ဆိုထားတာကြောင့် ဘယ်လောက်အထိ တိုးတက်လာမလဲ ဆိုတာ စောင့်ကြည့်သွား ရတော့မှာပဲ ဖြစ် ပါတယ်။

Ref: InsideEvs