Foxconn က ပြီးခဲ့တဲ့ တစ်နှစ်တုန်းက တည်ထောင်ခဲ့တဲ့ Foxtron ဆိုတဲ့ လျှပ်စစ် ကားကုမ္ပဏီသစ်အတွက် ကားသစ် နှစ်စီးကို ချပြမိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ ကားနှစ်စီးကတော့ Model V ဆိုတဲ့ Pickup Truck နဲ့ Model B Compact Hatchback ကားတွေပဲ ဖြစ်ပါတယ်။ အဆိုပါ ကားတွေအတွက် Teaser Video တစ်ခုနဲ့အတူ ချပြခဲ့ပြီး လာမယ့် အောက်တိုဘာ လ ၁၈ ရက်နေ့ Hon Hai Tech Day ပွဲမှာ တရားဝင် မိတ်ဆက်မယ်လို့ သိရပါတယ်။

Photo Credit: MotorAuthority

အသေးစိတ် ရိုက်ပြထားတဲ့ အဆိုပါ Video ထဲမှာတော့ Pickup ကားလေးကို ထိုင်ဝမ်ရဲ့ ပထမဆုံး ကိုယ်ပိုင်ဒီဇိုင်း ဆွဲပြီး တီထွင်ဖန်တီးထားတဲ့ ဘက်စုံသုံး လျှပ်စစ် Pickup Truck ကားလေးအဖြစ် ဖော်ပြထားပါ တယ်။ Teaser တစ်ခု တည်းနဲ့တော့ ခန့်မှန်းရခက်နေနိုင်သေးပေမယ့် Model V ကတော့ အရွယ်အစား အလယ်အလတ်ရှိတဲ့ Pickup Truck ကားတစ်စီးဖြစ်ဖို့ များနိုင်ပါတယ်။ ဒါ့အပြင် Conventional Brake Rotors တွေကိုပဲ သုံးလာနိုင်ဖို့ လည်းရှိပြီး မကြာခင် မှာ လျှပ်စစ် ကားကုမ္ပဏီသစ် Lordstown အတွက် Foxconn တို့ ထုတ်လုပ်ပေးမယ့် လျှပ်စစ်ကားသစ် ရဲ့ In-Wheel Motors တွေတော့ မသုံးထားဖို့ များနေ ပါတယ်။ Model B ကားကတော့ အတော်လေးလှပတဲ့ C-Pillar Design နဲ့ ခန့်ခန့်ညားညား Hatch ကားတစ်စီးဖြစ်ပြီး Volkswagen ID.3 Hatch ရဲ့ ပုံစံတစ်ချို့ကိုတော့ မှီငြမ်းထားပါတယ်။ Foxconn ကတော့ အခု ကားကို ကုမ္ပဏီရဲ့ ကိုယ်ပိုင် Modular EV Platform ပေါ် မှာ ဖန်တီး ပေးထားတယ်လို့ ဆိုထား ပါတယ်။ ၂၀၂၀ ကတည်းက မိတ်ဆက်ထားတဲ့ အဆိုပါ Platform မှာတော့ Model C Crossover နဲ့ Model E Sedan တို့မှာ သုံးထားဖူးတာဖြစ်ပြီး အဆိုပါ ကား ၂ စီး လုံးကတော့ မနှစ်က Model T Bus နဲ့အတူ မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ကားတွေဈေးကွက်ထဲရောက်လာမယ့် အချိန်နဲ့ဈေးတွေကိုတော့ မသိရသေး ပါဘူး။

အခုလို Foxtron ဆိုတဲ့ Brand အခွဲအပြင် နောက်ထပ် လျှပ်စစ်ကားသစ်တွေကိုလည်း Foxconn တို့ ထုတ်လုပ်ဖို့ ရှိနေသေးပြီး မနှစ်က ဆိုရင်လည်း Foxconn ကနေ Lordstown ကို ကျောထောက် နောက်ခံပေးခဲ့ ပါသေးတယ်။ Foxconn ကတော့ အဆိုပါ ကုမ္ပဏီရဲ့ စက်ရုံကို Lordstown Endurance Pickup ကားတွေ ထုတ်လုပ်ပေးဖို့ သုံးမှာ ဖြစ်ပါတယ်။ အခုတစ်ပတ်ထဲမှာ Foxconn က အိုဟိုင်းယိုးမှာ ရှိတဲ့ EV Startup Indi ကနေ Compact Sedan တစ်စီးအတွက် Prototypes တွေကို ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့လည်း ကြေညာထားခဲ့သေးတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority