နာမည်ကျော် Ford ကား ကုမ္ပဏီကြီးကတော့ လျှပ်စစ်ကားတွေအတွက် ရည်ရွယ်ထားတဲ့ Modular Platform အသစ်တွေ ၊ Model E Division Platform တွေကို အမေရိက ဈေးကွက်အပိုင်းမှာ အားစိုက်နေ တဲ့အပြင် အခုဆိုရင် တော့ ဥရောဈေးကွက်ကိုလည်း အလွတ်မပေး ပြန်တာတွေ့ရပါတယ်။ ဥရောပအတွက် ကုမ္ပဏီက ထုတ်လုပ် သွားမယ့် လျှပ်စစ်ကားအသစ် တွေထဲမှာ ခရီးသည်တင်ကား ၃ မျိုးနဲ့ စီးပွားရေးလုပ် ငန်းသုံး ကား ၅ မျိုး အထိ ပါဝင်မယ်လို့ သိထားရပါတယ်။ အခု ဆိုရင်တော့ လာမယ့် ၂၀၂၄ က စလို့ တစ်နှစ် ကို လျှပ်စစ်ကားအစီးရေ ပေါင်း ၆၀၀,၀၀၀ လောက်အထိ ရောင်းချနိုင်အောင် ရည်မှန်းထားပြီး ၂၀၂၆ အစောပိုင်း လောက်မှာတင်ပဲ တစ်ကမ္ဘာလုံး ဈေးကွက်အရ အစီးရေ ၂ သန်း လောက်အထိ ဖြစ်လာလိမ့်မယ် လို့ ကုမ္ပဏီဘက်က ထုတ်ဖော်ပြောကြား လာပါတယ်။

Photo Credit: MotorAuthority

ကုမ္ပဏီရဲ့ လက်ရှိ လျှပ်စစ်ကားတွေမှာ ဆိုရင်တော့ Mustang Mach-E ကို ထုတ်လုပ်ထားပြီး လာမယ့် ၂၀၂၃ မှာ ဆိုရင် တော့ VW ရဲ့ MEB Platform ကို အခြေခံ ထုတ်လုပ်ထားမယ့် Crossover အသေးတွေ ကို ဆက်လက်မိတ်ဆက်လာဖို့ ရှိနေပါတယ်။ အဆိုပါ MEB Platform ဆိုတာကိုတော့ VW ကထုတ်လုပ် တဲ့ လျှပ်စစ်ကားတွေမှာ အသုံးပြုနေပြီး ဖြစ်ပြီး VW ID.4 Crossover အသေးစားနဲ့ မကြာသေးမှီကမှ ချပြ ထားတဲ့ ID.Buzz Van ကားတို့ မှာလည်း ထည့်သွင်း ထားပြီ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၄ အရောက်မှာ ဆိုရင်တော့ Ford က MEB Platform ကိုပဲ သုံးထားမယ့် နောက်ထပ် Crossover တစ်စီး ချပြမှာဖြစ်ပြီး Sport Crossover အဖြစ် မြင်ရနိုင်ကာ ID.4 နဲ့ ID.5 တို့လိုမျိုး Coupe ဆန်ဆန် Crossover လည်း ဖြစ် လာဖို့ ရှိနေပါတယ်။ ဒါတင်မကသေးပဲ လာမယ့် ၂၀၂၄ အရောက်မှာ ဆိုရင်လည်း လက်ရှိ ဥရောပဈေးကွက် ထဲမှာ ရောင်းချနေတဲ့ Puma Subcompact Crossover ကားကို လျှပ်စစ်ကားမျိုးကွဲအဖြစ် Ford တို့ ဖန်တီးပေးလာဦးမှာပါ။

Photo Credit: MotorAuthority

စီးပွားရေးလုပ်ငန်းသုံး ကားတွေ အနေနဲ့ ဆိုရင်တော့ အခု ထုတ်ပြသွားတဲ့ ကားတွေထဲမှာ E-Transit ကိုပဲ Full-Size Van အနေနဲ့ အခုနှစ် နှောင်းပိုင်း လောက်မှာတင် စတင် တွေ့ရနိုင် ပါတယ်။ အဆိုပါ ကားပြီးရင် တော့ နောက်နှစ်ထဲ အရောက်မှာ Transit Custom နဲ့ Tourneo Custom Mid-Size Vans တွေကို လျှပ်စစ် ကားတွေ အဖြစ် မြင်ရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ၂၀၂၄ မှာတော့ အနည်းငယ် ပိုသေးတဲ့ Transit Courier နဲ့ Tourneo Courier Vans တွေကို လျှပ်စစ်ကားတွေ အဖြစ် ဆက်လက် ချပြလာမှာပါ။ အခုလို ကားအသစ်တွေအကြောင်း ကြေညာခဲ့တာနဲ့အတူ ကားတွေရဲ့ဘက်ထရီတွေ မပြတ်လပ်သွားအောင် စဉ်ဆက်မပြတ် ထောက်ပံ့ပေးထားနိုင်ဖို့ အတွက်လည်း ရည်ရွယ်ပြီး လာမယ့် ၂၀၂၄ မှာ ဖွင့်လှစ်မယ့် ဂျာမနီ က Cologne ဒေသ စက်ရုံအကြောင်းကိုလည်း အသိပေးသွား ခဲ့ပါတယ်။ အဆိုပါ စက်ရုံကတော့ MEB Platform အခြေပြု Ford ရဲ့ လျှပ်စစ်ကားအသစ်တွေ ထုတ်လုပ်မယ့်စက်ရုံလည်း ဖြစ်ပြန်ပါတယ်။ ဒါ့အပြင် စက်ရုံသစ်တွေနဲ့ ပတ်သက်လို့တော့ တူရကီ မှာလည်း ပူးပေါင်းဘက်ထရီ  စက်ရုံ အသစ် တည်ဆောက် နိုင်ဖို့ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ Ford နဲ့ အတူ ပူးပေါင်းသွားမယ့် ကုမ္ပဏီတွေကတော့ ကိုရီးယား ဘက်ထရီ ကုမ္ပဏီ SK On နဲ့ တူရကီ ကုမ္ပဏီ Conglomerate Koc Holding တို့ပဲဖြစ်ကြပါတယ်။ အဆိုပါ ပူးပေါင်း တည်ဆောက်မယ့် စက်ရုံကိုတော့ တူရကီရဲ့ Ankara ဒေသနားမှာ တွေ့ရမှာဖြစ်ပြီး အခု ဆယ်စုနှစ် အလယ် လောက်မှာပဲ လုပ်ငန်းတွေ စတင်လာနိုင်ဖို့ ရှိနေတာကြောင့် Ford ကတော့ လျှပ်စစ် ကားလောကအတွက် အကြီး အကျယ် ပြင်ဆင်နေပြီဆိုတာ မြင်သာနေတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority