လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက် အတွင်းမှာပဲ နာမည်ကြီး ကားကုမ္ပဏီ ၂ ခုဖြစ်တဲ့ Ford နဲ့ Volkswagen တို့ရဲ့ ဆက်စပ် ပူးပေါင်းမှုတွေက ပိုပြီး တိုးတက်ခိုင်မာလာတာ သိသာလာပါတယ်။ အထူးသဖြင့် ဥရောပ ဈေးကွက် သီးသန့် Caddy ဆိုတဲ့ကားနဲ့ Tourneo Connect MPV ကားတွေ မှာပူးပေါင်း ထုတ်လုပ်တာ အတော်ကောင်းခဲ့ပြီးနောက် အသစ် ထွက်လာဦးမယ့် Ford Ranger နဲ့ Volkswagen Amarok တို့ အပေါ် မှာ ပူးပေါင်း လုပ်ဆောင်နေမှုကလည်း အတော်လေး သိသာကောင်းမွန်ပါတယ်။ ဒါပေမယ့် အမေရိက ဈေး ကွက်ထဲမှာကတော့ ကံမကောင်းစွာနဲ့ပဲ Ford Ranger တစ်မျိုးတည်းကိုသာ ရနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမ ယ့်လည်း နောက်ပိုင်းမှာတော့ VW Group ရဲ့ All-Electric MEB Platform ကို Ford ရဲ့ နောက်ပိုင်း ထုတ်ကုန်အသစ်တွေမှာ ထည့်သွင်းတော့မှာ ဖြစ်တယ်လို့ Ford ဘက်က အတည်ပြုပေးလိုက်ပြီ ဖြစ်ပါ တယ်။
ဒါကြောင့် Ford နဲ့ VW တို့ ယခင်ကထက်ပိုပြီး နီးနီးကပ်ကပ် အလုပ်လုပ်ကြတော့မှာဖြစ်ကာ VW ရဲ့ MEB Platform တွေကိုလည်း လာမယ့် ၆ နှစ်တာ ကာလအတွင်း Ford ရဲ့ ယာဉ်အစီးရေ ၁.၂ သန်း လောက်မှာ ကို တပ်ဆင်အသုံး ပြုတော့မှာပါ။ ဒါ့အပြင် ပိုစိတ်ဝင်စားဖို့ ကောင်းတာကတော့ အဆိုပါ Platform နဲ့ပဲ အခုလိုပူးပေါင်းမှု အား ကောင်းကောင်း ကနေ All-New ကားအသစ် တစ်စီးကို ဥရောပ ဈေးကွက်အတွက် မိတ်ဆက်ပေးလာဖို့ ရှိနေခဲ့တယ် ဆိုတာပါပဲ။ ဒါတင်မကသေးပဲ အခု Electric Modular Platform ကို အခြားသော ကားထုတ်လုပ်ရေး တွေလည်း ယူသုံးနိုင်ဖို့အတွက် VW တို့က လမ်းဖွင့်ပေးထားပြီး လက်ရှိမှာ တော့ အဆိုပါ Platform သုံးထားတဲ့ ကားအမျိုးအစား ပေါင်းက ၁၀ မျိုး လောက် အထိ ရှိလာနေပါပြီ။ မကြာသေးမီက မိတ်ဆက်ထားခဲ့တဲ့ လူကြိုက်များ ကားတစ်စီး ID.Buzz ကလည်း အခု Platform ကို သုံးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခု Platform ကိုပဲ အတူတူ သုံးခြင်းဖြင့် ကမ္ဘာ့ ကားဈေးကွက်အပိုင်း မှာ ကုန်ကျစရိတ်နည်းတဲ့ ဖြေရှင်းချက်တစ်ခု အနေနဲ့ ချပြနိုင်လိမ့်မယ်လို့ VW က ယုံကြည်ထားတာပဲ ဖြစ်ပါ တယ်။
Ford ဥရောပ အပိုင်းရဲ့ ဥက္ကဌ ဖြစ်သူ Stuart Rowley ကလည်း VW နဲ့ ပူးပေါင်း လုပ်ဆောင်နိုင်မှုတွေဟာ ဂုဏ်ယူဖို့ ကောင်းပြီး Ford ရဲ့ အနာဂါတ် လျှပ်စစ်ကား အခန်းကဏ္ဍအတွက် ဆိုရင်လည်း အများကြီး အထောက်အကူ ဖြစ်တယ် လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဥရောပရဲ့ သဘာဝပတ်ဝန်းကျင် နဲ့ လိုက်လျောညီ ထွေ ရှိနေမယ့် ခေတ်သစ်အတွက် ကိုလည်း Ford က VW နဲ့ အတူ ကောင်းကောင်း ထောက်ပံ့ပေးနိုင် လိမ့်မယ်လို့ ယုံကြည်ထားတာလည်း ဖြစ်ပါတယ်။ အခု နည်းပညာပိုင်းမှာတော့ VW နဲ့ ပူးပေါင်းတဲ့ နေရာမှာ Platform ပိုင်းကိုသာ ပူးပေါင်းနေတာဖြစ်ပြီး နောက်ပိုင်းမှာ လျှပ်စစ် ဈေးကွက်အပိုင်းအတွက် အကျိုးရှိနိုင် မယ့် အခြားသော နည်းပညာပိုင်းတွေ အတွက်လည်း ပူးပေါင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခု လက်ရှိ မှာတော့ အဆိုပါ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကားတွေကို ဥရောပ ဈေးကွက် အတွက်ပဲ ရှိသေးပေမယ့် အခု နောက်ပိုင်း အမေရိကဈေးကွက်ဆီကိုလည်း ဆက်လက်ဖြန့်ကျက် လာဦးမှာ ဖြစ်ပါတယ်။
Ref: carbuzz.com