ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀၂၁ တုန်းကပဲ ဥရောပ ဈေးကွက်အတွက် Ford ကနေ လျှပ်စစ် သီးသန့် ခရီးသည် တင် ကား တစ်မျိုးကို ချပြလာဖို့ ရှိတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၃၀ မတိုင်ခင်မှာ တင် PHEV နဲ့ EV သီးသန့် ကားတွေရဲ့ ရောင်းအားက အားလုံးရဲ့ ၃ ပုံ ပုံရင် ၂ ပုံအထိ ရောင်းအား ရှိရမယ် လို့ Ford က ရည်ရွယ် ထားတာပါ။ ဒါကြောင့် သူတို့ရဲ့ ပထမ ခြေလှမ်းကလည်း လာမယ့် ၂၀၂၄ မှာတင် Lineup တွေကို သေချာပြုပြင်ပြောင်းလဲကာ နောက်တစ်ဆင့်စမြှင့်ဖို့ ဖြစ်ပါတယ်။ သာမန် အိမ်စီးကားတွေ ထဲ မှာဆိုရင်တော့ Mustang Mach-E ကားရှိထား ပြီ ဖြစ်ပြီး နောက်ပိုင်းမှာ ဆိုရင်တော့ Puma Crossover လျှပ်စစ် ကား ကို အရွယ် အစား အလယ် အလတ် ကားအဖြစ် ဆက်လက် ထွက်ပေါ်လာမှာပါ။ ဒါ့အပြင် နောက်နှစ် အနည်းငယ် အကြာလောက်မှာတော့ Sport Crossover အဖြစ်ပါ ဆက်လက်ထွက်ပေါ် လာတော့မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ စီးပွားရေးလုပ်ငန်းသုံး လျှပ်စစ် ကား ၅ မျိုး အထိကို ချဲ့ထွင် ထုတ်လုပ်သွားတော့မှာဖြစ်ပြီး အဆိုပါ ကားတွေကတော့ Transit Courier ၊ Tourneo Courier ၊ Transit Custom ၊ Tourneo Custom နဲ့ ချပြထားပြီးသား E-Transit ကားတို့ပဲ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အဆိုပါ ကားတွေထဲက နောက်ထပ် တစ်စီးကို ၂၀၂၄ အရောက်မှာ စတင် ရောင်းချနိုင်ဖို့ အတွက် မကြာခင် မှာပဲ ကြေညာတော့မှာပါ။ ကား ရဲ့ နာမည်ကို သေချာမချပြ ထားသေးပေမယ့်လည်း Tourneo Custom ဖြစ်မယ်လို့တော့ ယုံကြည်ရပါတယ်။

 

Ford ရဲ့ အသစ်ထွက်လာမယ့် ခရီးသည်သုံး လျှပ်စစ်ကားတွေထဲက ၂ စီးကတော့ Volkswagen ရဲ့ MEB Platform ပေါ်မှာ အခြေခံကာ ဖန်တီးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခု အသစ်ထွက်လာမယ့် Tourneo Custom မှာ တော့  အခု Platform နဲ့ မဟုတ် လာနိုင်တော့တာ သေချာပါတယ်။ အခုထွက်လာမယ့် ကား သစ်ကတော့ ဘက်စုံသုံး လုပ်ငန်းသုံး ကားကောင်းတစ်စီး ဖြစ်လာမှာ ဖြစ်ပေမယ့် လက်ရှိ အထိတော့ အသေးစိတ် အချက်အလက်တွေကို ဖုံးကွယ် ထားနိုင်ဆဲ ဖြစ်ပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် အခု လာမယ့် မေလ ၉ ရက်နေ့ မှာတင် စတင်မိတ်ဆက် ပေးလာ တော့မယ် ဆိုတာကိုတော့ သိနိုင်ခဲ့ပြီဖြစ်ပြီး လာမယ့် ၂၀၂၃ မှာ တင်ပဲ ဥရောပ ဈေးကွက်မှာ စတင် ရောင်းချလာဖို့ ရှိနေပါတယ်။ ကားရဲ့ Platform ပိုင်းကတော့ လက်ရှိ သာမန် အင်ဂျင်သုံး ကားတွေအတွက် ဖန်တီးထားတဲ့ Platform ကိုပဲ ပြန်လည် ပြုပြင် မွမ်းမံ ထား တာမျိုး ဖြစ်နိုင်ပါတယ်။

Photo Credit: motor 1.com

အခုမြင်ရမယ့် Tourneo Custom EV အသစ်ကတော့ E-Transit နောက်ကနေကောင်းကောင်း လိုက်လာ မယ့် လျှပ်စစ် ကားကောင်းတစ်စီး ဖြစ်ပြီး E-Transit ကလည်း ပြီးခဲ့တဲ့လ ကမှ စတင် ထုတ်လုပ်ပြီပဲ ဖြစ်ပါ တယ်။ လာမယ့် နှစ်မှာတော့ Transit Custom နဲ့အတူ Transit Courier နဲ့ Tourneo Courier တို့က လည်း ၂၀၂၄ မှာ စတင် အဖွင့် စလာဖို့ ရှိနေပါပြီ။ Ford ရဲ့ အဓိက ရည်မှန်းချက်ကတော့ လာမယ့် ၂၀၃၅ မှာ တင်ပဲ ဥရောပ ‌ဈေးကွက် ထဲကို သာမန် ခရီးသည်တင် ကားတွေရော ၊ စီးပွားဖြစ် လုပ်ငန်းသုံး ယာဉ်‌တွေ ကိုပါ လျှပ်စစ်ကားတွေ အဖြစ်ပဲ ပို့ဆောင်ပေးချင်တာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ ကိုက်ညီစေဖို့ အတွက် သူတို့ ထုတ်လုပ်မယ့်ကားတွေကိုတင် လျှပ်စစ် ကားအဖြစ် ပြောင်းလဲမှာ မဟုတ်ပဲ ကားထုတ်လုပ်ရေး စက်ရုံ တွေ ၊ အခြားသော ကုန်ကြမ်း ပို့ဆောင်ထောက်ပံ့ရေး လုပ်ငန်း တွေဆီမှာပါ ကာဗွန်ထုတ်လုပ်မှု လျော့ကျ သွားနိုင် အောင် စီစဉ်နေပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com