နာမည်ကျော် Ford ကား ကုမ္ပဏီကတော့ အမေရိက ဈေးကွက်ထဲမှာတင်ပဲ ကားအ‌စီးရေ ပေါင်း ၂,၉၂၅,၉၆၈ စီး အထိ ပြန်လည် သိမ်းဆည်းရတော့မယ်လို့ သိရပါတယ်။ အဓိက ပြဿနာကတော့ ကား တွေရဲ့ ဂီယာ စနစ်နဲ့ ချိတ်ဆက်ထားတဲ့ ကေဘယ်ကြိုး‌တွေ အမှားအယွင်း ရှိနေနိုင်တာဖြစ်ပြီး ကိုယ်ထိုးထား တဲ့ ဂီယာနေရာမှာ မဟုတ်ပဲ ‌ရုတ်တရတ် အလိုလို ပြောင်းသွားတတ်တာတွေ ကြုံရ‌နိုင်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အခု ပြဿနာကြောင့် ဖြစ်ထားတဲ့ ယာဉ်မတော်တဆမှု ပေါင်း ၆ ခု အထိ ကြုံတွေ့ထားရ ကာ ၄ ခု မှာတော့ ဒဏ်ရာတွေအထိ ရခဲ့ပြီး အာမခံ ပေါင်း ၁,၆၃၀ လောက် ဆီကလည်း အခု ပြဿနာအ ကြောင်းကို အစီရင်ခံ လာခဲ့တာတွေ ရှိလာခဲ့ပါပြီ။

Photo Credit: motor 1.com

အဆိုပါ ပြန်လည် သိမ်းဆည်းရမယ့် ကားတွေ စာရင်းထဲမှာတော့ ၂၀၁၃ ကနေ ၂၀၁၉ အထိ ထုတ်လုပ်ထား တဲ့ Ford Escape ကားတွေပါဝင်ပြီး 1.5 Liter ၊ 1.6 Liter ၊ 2.0 Liter ဒါမှ မဟုတ် 2.5 Liter Engine တွေနဲ့ ကားတွေလည်း ပါဝင် ပါတယ်။ ဂီယာပိုင်း ကတော့ 6F35 Transmission ဂီယာတွေနဲ့ ကားတွေဖြစ် ပါတယ်။ အထူးသဖြင့် ၂၀၁၁ အောက်တိုဘာ ၅ ရက်ကနေ ၂၀၁၉ ဩဂုတ်လ အတွင်း ထုတ်လုပ်ထားတဲ့ ကားအစီးရေပေါင်း ၁,၇၂၆,၇၆၃ စီး ဖြစ်ပါတယ်။ ၂၀၁၃ ကနေ ၂၀၁၈ Model တွေကိုမှ ၂၀၁၂ ဇန်နဝါရီ ၁၉ ရက်ကနေ ၂၀၁၈ ဧပြီလ ၂၆ ရက် အတွင်း ထုတ်ထားတဲ့ Ford C-Max တွေလည်း ပါဝင်ပြီး အစီးရေ ၁၄၃,၂၂၀ အထိ ရှိနေပါတယ်။ အဆိုပါ ကားတွေမှာတော့ 2.0 Liter Engine နဲ့ ECVT Transmission ဂီယာ စနစ်တွေ ပါဝင်ထားပါတယ်။ ၂၀၁၃ ကနေ ၂၀၁၆ မော်ဒယ် တွေထဲမှာ ဆိုရင်လည်း ပြီးခဲ့တဲ့ ၂၀၁၂ ၊ဖေ‌ဖော်ဝါရီ လ ၃ ရက်နေ့ ကနေ ၂၀၁၆ ခုနှစ် ဧပြီလ ၄ ရက် နေ့ အတွက် ထုတ်ထားတဲ့ Ford Fusion ကား အစီးရေ ၄၃၉,၄၈၃ စီး အထိလည်း ပါဝင်လာပါတယ်။ အဆိုပါ ကားတွေမှာတော့ 1.5 Liter ၊ 1.6 Liter ၊ 2.0 Liter အင်ဂျင်တွေနဲ့ 6F 35 ဒါမှမဟုတ် ECVT Transmission ဂီယာ စနစ်တွေ ပါဝင် လာတာပဲ ဖြစ်ပါတယ်။ 2013 ကနေ 2021 မော်ဒယ် ၊ ၂၀၁၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ကတော့ ၂၀၂၁ ၊ ဇူလိုင် လ ၃၀ ရက်နေ့ အတွင်း ထုတ်လုပ်ထားတဲ့ ကား အစီးရေ ၁၀၇,၁၀၂ စီး သော Ford Transit Connect ကားသစ် တွေလည်း ပါဝင်လာခဲ့ပြီး 1.6 Liter ဒါမှမဟုတ် 2.0 Liter Engine ကားတွေကိုမှ 6F 35 ဒါမှမဟုတ် 8F 35 ဂီယာတွေကို တပ်ဆင် ပေးထားတာလည်း ဖြစ်ပါတယ်။ 2015 ကနေ 2018 Model Ford Edge တွေထဲမှာဆိုရင်တော့ ၂၀၁၄ ဇွန်လ ၂၅ ရက်နေ့ကနေ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၄ ရက် အတွင်း ထုတ်လုပ် ထားတဲ့ ကားအစီးရေ ပေါင်း ၅၀၉,၄၀၀ အထိ ပါဝင်လာမှာပါ။ အဆိုပါ ကားတွေထဲမှာတော့ 2.0 Liter ၊ 2.7 Liter ဒါမှမဟုတ် 3.5 Liter အင်ဂျင်တွေကို 6F 35 ဒါမှမဟုတ် 6 F 55 ဂီယာတွေနဲ့ တွဲဖက် ထုတ်လုပ် ပေး ထားတာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခုလို ပြဿနာတွေကို ကြည့်မယ် ဆိုရင်တော့ ယာဉ်မောင်းအဖို့ ပါကင်ဂီယာမှာ ထိုးထားတာပဲဆိုပြီး ရပ် ထားမယ် ဆိုရင်တောင် လွဲမှားမှုတွေ ဖြစ်စေနိုင်ပြီး တကယ့်အတွင်းက ဂီယာကြိုးတွေက ပါကင်ဂီယာ မဝင် နေတာမျိုး ဖြစ်နိုင်တယ်လို့ သိရပါတယ်။ သေချာတာကတော့ အခုလိုသာဆိုရင် ကားလည်း လိမ့်သွားမှာ ဖြစ်လို့ Ford က အခု ပြဿနာ တွေကို ဖြေရှင်း နိုင်မယ့် အကြောင်းရင်းကို အပူတပြင်း ကြိုးစားရှာဖွေနေပါ တယ်။ ဖြစ်နိုင်ချေရှိတာ တစ်ခု ကတော့ ရာသီဥတု အပူချိန်နဲ့ စိုထိုင်းဆတွေက အဆိုပါ အစိတ်အပိုင်းတွေကို သက်ရောက်မှု ရှိသွားစေခဲ့ဟန် တူပါတယ်။ အခု ပြဿနာကို ဖြေရှင်းနိုင်ဖို့ အတွက် Ford ကတော့ အဆိုပါ အစိတ်အပိုင်းကို ပိုပြီး အပူဒဏ်ခံနိုင်တဲ့ ပစ္စည်း အစားထိုး ပေးသွားမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အဆိုပါ ဂီယာကြိုးတွေအတွက် အပူဒဏ်ကာကွယ် ပေးမယ့် Protective Cap လေးတွေလည်း ထည့်ပေးထားမယ် လို့ သိရပါတယ်။ အခု ပြန်လည် သိမ်းဆည်းခံရမယ့် အထဲ ပါဝင်တဲ့ ကားအမျိုးအစားတွေရဲ့ ပိုင်ရှင်တွေထံ ကိုတော့ လာမယ့် ဇွန်လ ၂၇ ရက်နေ့ကစလို့ ကုမ္ပဏီ ဘက်ကနေ စတင် အကြောင်းကြားလာ တော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com