V8 အင်ဂျင်ကြီး တပ်ဆင်ထားမယ့် Ford F-150 Raptor R ကားသစ်ကိုတော့ မကြာမီ စတင် မြင်တွေ့ရတော့မှာပါ။ အဆိုပါ ကားသစ်ကြီးကိုတော့ အခုလာမယ့် ဇူလိုင် ၁၈ ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မယ်လို့ ကြေညာ လိုက်တာဖြစ်ပါတယ်။ အခု ၂၀၂၁ အစောပိုင်းတုန်းကလည်း Ford အနေနဲ့ Raptor Version အသစ်က အတော်လေးကို မြန်ဆန်လာမယ် လို့လည်း ချပြခဲ့ပါတယ်။ ယခင်သာမန် Bronco Raptor ကား မှာကတည်းက အထင်ကြီးစရာ ကောင်းနေခဲ့တာကြောင့် Raptor R ကားကလည်း ပိုကောင်းလာမယ်ဆိုတာ ယုံကြည်ရပါတယ်။ ဒါပေမယ့် အခြား အသေးစိတ်အချက်အလက် တွေကိုတော့ အခုလာမယ့်ပွဲမှာ ချပြသွားတော့မှာဖြစ်ပြီး စိတ်လှုပ်ရှား စရာပါပဲ။ 

Photo Credit: MotorAuthority

Ford အနေနဲ့ ကတော့ ကားသစ်မှာ V 8 Engine ကို ထည့်ပေးလာမယ် ဆိုတဲ့ အချက်ကို အတည်ပြုထားပြီး ဖြစ်ပြီး ဘယ် အင်ဂျင်လဲဆိုတဲ့ အချက်ကိုတော့ မသိရသေးပါဘူး။ အတည်မပြုနိုင် သေးတဲ့ သတင်းတွေ အရတော့ အဆိုပါ Raptor R ကားအသစ်မှာ Shelby GT500 Mustang ရဲ့ 5.2 Liter Supercharged V8 Engine ကို တပ်ဆင် လာလိမ့်မယ် လို့လည်း ကြားသိနေရပါတယ်။ ဒီ အတိုင်းသာ ဆိုရင်တော့ 760 hp ရှိတဲ့ Raptor အသစ်ကို ရလာနိုင်ပြီး ဂီယာ ပိုင်းမှာတော့  Raptor ရဲ့ 10-Speed Automatic Transmission  ကိုပဲ သုံးလာနိုင်ပါတယ်။ Shelby GT 500 ကား မှာ မြင်ခဲ့ရတဲ့ 7-Speed Dual-Clutch Gearbox ကို တော့ သုံးလာနိုင်ဖွယ် မရှိသေးပါဘူး။ 

Photo Credit: MotorAuthority

အခုမြင်ရတဲ့ Raptor R ကတော့ Ford ရဲ့ စွမ်းဆောင်ရည် မြင့် လမ်းကြမ်းပိုင်း Truck တစ်စီး အနေနဲ့ ပြန်ရောက်လာမှာ ဖြစ်ပါတယ်။ ပထမ ဆုံးမျိုးဆက် F-150 Raptor ကား ကတော့ ၂၀၁၀ တုန်း က V 8  Engine နဲ့ပဲ ပွဲထွက်ခဲ့တာ ဖြစ်ပြီး 5.4 Liter နဲ့ 6.2 Liter တွေဆိုပြီး မြင်ခဲ့ရပါတယ်။ 5.4 Liter V8 Engine ကိုတော့ နောက်ပိုင်းမှာ ဖြုတ်ချခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၇ ထုတ် ဒုတိယမြောက် မျိုးဆက် F-150 Raptor ကားအလှည့် မှာလည်း 3.5 Liter Twin-Turbocharged V6 Engine ကို ယခင် 6.2 Liter V 8 Engine နေရာ အစားထိုး ခဲ့ပါတယ်။ 3.5 Liter Twin-Turbo V 6 Engine ကို တော့ တတိယမြောက် မျိုးဆက် F-150 Raptor ကားအထိ ဆက်လက် ယူဆောင်လာခဲ့ပြီး ၂၀၂၁ မော်ဒယ် အနေနဲ့ ပွဲထွက် လာခဲ့တာပါ။ ဒါ့အပြင် ဒုတိယ‌မျိုးဆက်ကစလို့ ပိုကောင်းပြီး လေးထောင့် ခပ်ကျကျ အရှေ့ဘက် ကိုယ်ထည် ပိုင်းကို မြင်လာရတာပါ။ တာယာတွေကလည်း ၃၇ လက်မ အရွယ်ကိုမှ ၁၇ လက်မအရွယ် အလူမီနီယံ ဘီးတွေ တပ်ဆင်ကာ Five-Link Suspension စနစ်ကိုလည်း Coil Spring တွေနဲ့ ပေါင်းပြီး ပိုပိုကောင်းအောင်သာ လုပ်ပေးနေခဲ့တာ ဖြစ်လို့ အခုမျိုးဆက်သစ် ကားမှာလည်း ဘယ်လိုတွေ ပြောင်းလဲလာဦးမလဲ စောင့်ကြည့်ရတော့မှာပါ။ 

Ref: MotorAuthority

Normal
0

false
false
false

EN-US
X-NONE
MY

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:8.0pt;
mso-para-margin-left:0in;
line-height:107%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,sans-serif;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Myanmar Text”;
mso-bidi-theme-font:minor-bidi;
mso-bidi-language:AR-SA;}