အခုနှစ် တောင်အာဖရိကမှာ ကျင်းပမယ့် Rally-Raid Championship ပြိုင်ပွဲဝင်မယ့် Ford Ranger ကား ကို တွေ့မြင်လာရပြီဖြစ်ပါတယ်။ အဆိုပါကားကိုတော့ NWM Ford Castrol Team အတွက် Neil Woolridge Motorsport (NWM) ကဖန်တီးထုတ်လုပ်ပေးခဲ့တာဖြစ်ကာ လက်ရှိမျိုးဆက် Ranger ကားနဲ့ ပုံသဏ္ဍာန်ခြင်းဆင်တူပေမယ့် SARRC ရဲ့ Conditions တွေနဲ့ ကိုက်ညီအောင် အပြောင်းအလဲ အတော်များ များ ပြုလုပ်ထားတာဖြစ်ပါတယ်။
ပထမဆုံး ပြိုင်ပွဲကိုတော့ မတ် လ ၂၅ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ကာ Ranger NWM Ford ကားက တော့ စမ်းသပ်မှုတွေကို အောင်မြင်စွာကျော်လွှားနိုင်စွမ်းထက်တောင် သာလွန်နေတာပါ။ Ford ရဲ့ ပြိုင်ပွဲဝင် မယ့် အသင်းကတော့ ပြိုင်ပွဲ ၂ ခုကို အနိုင်ရရှိခဲ့ဖူးပြီး ယမန်နှစ်က ဒုတိယ သာရရှိခဲ့ပေမယ့် အခုကားက အသင်းရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်မှာဖြစ်သလို နိုင်ပွဲရရှိဖို့ အခွင့်အရေးလည်း ပိုမိုတိုးပွားလာ စေမှာ သေချာနေပါတယ်။ ဒီဇိုင်းအကြမ်းစားနဲ့ Ford Ranger မှာတော့ ယခင် Truck ကားရဲ့ Butterfly တံခါးတွေပြန်လည် ပါဝင်လာသလို အတွင်းပိုင်းနဲ့ အပြင်ပိုင်းမှာ နည်းပညာမြင့် ကာဗွန်ဖိုင်ဘာတွေနဲ့ Aramid Weave တွေကို အသုံးပြုပေးထားပါတယ်။ ဘီးခုံးတွေရဲ့အောက်မှာတော့ ၃၇ လက်မ တာယာတွေ ဝန်းရံထားတဲ့ ၁၇ လက်မဘီးတွေ တပ်ဆင်ထားပြီး ပိုမိုကြီးမားတဲ့ ဘီးတွေကြောင့် ပိုလေးလံတဲ့ Brake Discs တွေကို အသုံးပြုထားတာပါ။
Ranger NWM Ford ကားမှာတော့ ယခင်အသုံးပြုခဲ့တဲ့ Dual-Damper Setup အစား Single-Damper Configuration ကို အစားထိုးအသုံးပြုလာခဲ့သလို အနိမ့်နဲ့အမြင့် Control Arms တွေနဲ့ ပိုမိုကြီးမားတဲ့ Drive Shaft တွေကို တပ်ဆင်အသုံးပြုထားတာကြောင့် ဘီးတွေကို ပိုမိုစွမ်းဆောင်ရည်အားကောင်း စေမှာ ပါ။ စွမ်းဆောင်ရည်ပိုင်းအရတော့ 3.5 Liter EcoBoost V6 အင်ဂျင်ကို တပ်ဆင်ပေးထားတာကြောင့် 402 hp နဲ့ 442 lb-ft Torque အထိစွမ်းဆောင်နိုင်မှာဖြစ်ကာ အမြင့်ဆုံးအရှိန်အနေနဲ့ကတော့ 105 mph အထိ မောင်းနှင်နိုင်မှာပဲ ဖြစ်ပါတယ်။
Ref: AllAutoExperts