Ford ရဲ့ နာမည်ကျော် Mustang ကားကို တံခါးလေးပေါက်ပါ Sedan တစ်မျိုး အနေနဲ့သာ ကုမ္ပဏီဘက်က ထုတ်လုပ်လာခဲ့မယ်ဆိုရင် Ford အမာခံ ပရိသတ်တွေ အတွက်ကတော့ မနှစ်မြို့စရာဖြစ်နေမှာ သေချာ ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ကားကိုပဲ Sedan တစ်စီး အနေနဲ့သာ ဆိုရင်လည်း ဘယ်လိုနေမလဲဆိုပြီး သိချင်ကြတဲ့ ကား ဝါသနာရှင်တွေလည်း အများကြီး ရှိနေဦးမှာပါ။

Photo Credit: AllAutoExperts

တကယ်တော့ အခုတစ်ခေါက် ၇ ခု မြောက်မျိုးဆက် Ford Mustang ကားသစ်ကို တရားဝင် မိတ်ဆက်ခဲ့စဉ်တုန်းက Ford အနေနဲ့ အလားတူ တံခါးလေးပေါက်ပါ Mustang Sedan ကားလိုမျိုးကို ပုံကြမ်းဖန်တီး ကြည့်ခဲ့ ဖူးပါသေးတယ်။ အခုဆိုရင်တော့ အဆိုပါ ပုံကြမ်းကို ကြည့်ပြီး Sugar Design ဆိုတဲ့ အဖွဲ့ကနေ ဒီဂျစ်တယ် Concept ပုံရိပ်တစ်ခု ဖန်တီးကြည့်ကာ အများပြည်သူကို ချပြလာပါတယ်။

Photo Credit: AllAutoExperts

ဒီဇိုင်နာရဲ့ လက်ရာအရတော့ အခုကားပုံကြမ်းမှာ အရှေ့တံခါးကို ပုံမှန်ထက် နည်းနည်း ပိုသေးအောင် ဝိတ်လျှော့ထား လိုက်ပြီး အနောက်တံခါး ထည့်လို့ရအောင် နေရာချန်‌ပေးထားတာက ပုံမှန် Mustang တွေနဲ့ သိသိသာသာ ကွဲထွက် သွား စေပါတယ်။ မူလ Mustang ကားတွေ ရဲ့ အပြင်ဘက် အပြင်အဆင်အတိုင်း ခံစားရစေဖို့ အတွက်တော့ Sugar Design အနေနဲ့ မူလတံခါး လက်ကိုင်တွေကိုပဲ ထည့်သုံး ပေးထားပါ တယ်။ နောက်ဆုံးမှာတော့ Sedan Version ဆိုတာ သိသာစေမယ့် ပိုရှည်တဲ့ ကိုယ်ထည်အပြင် အရှေ့ဘီး အနောက်ဘီးတွေအကြား အကွာ‌အဝေးကိုလည်း နည်းနည်း ပိုများအောင် ဖန်တီးပေးထားရင်း Mustang ကို ဆန်းသစ်ထားတော့တာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts