အမေရိကရဲ့ နိုင်ငံတကာ အဝေးပြေး အဖွဲ့အစည်း NHTSA ရဲ့ ထုတ်ပြန်ချက်အရတော့ 2021 Ford Mustang Mach-E လျှပ်စစ်ကား တစ်ချို့မှာ Software ပြဿနာ ရှိနေနိုင်တယ်လို့ သိရပါတယ်။ အဆိုပါ ပြဿနာတွေထဲမှာတော့ ရုတ်တရက် အရှိန်မြင့်သွားတာ ၊ နှေးသွားတာနဲ့ ပါဝါကျသွားတာ စက်သေသွားတာ တွေ ဖြစ်တတ်တာတွေက အစ ပါဝင် နေပါတယ်။ အခု ပြဿနာတွေကတော့ ယာဉ်မတော်တဆမှု ဖြစ်နိုင် တဲ့ အခြေအနေတွေ ‌ဖြစ်နေတာကြောင့် အခုဆိုရင် Ford က ပြန်လည် သိမ်းဆည်းဖို့ လုပ်ဆောင်နေပါပြီ။ ဒါကြောင့်လည်း လက်ရှိမှာ Mustang Mach-E စုစုပေါင်း ၄၆၄ စီး ကို မေလ ၁၃ ရက်နေ့ကစလို့ ပြန်လည် သိမ်းဆည်းဖို့ စီစဉ်ထားခဲ့ပါတယ်။ NHTSA ကတော့ ကားရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ  Software က အဓိက ကောင်းကောင်း အလုပ်မလုပ်တာ ဖြစ်တယ်လို့ ဖော်ပြထားပြီး အသေးစိတ်ပြောရရင်တော့ ယာဉ်ရဲ့ ရုတ်တ ရက် အရှိန်မြင့်သွားတာ နှေးသွားတာတွေကို Software က မသိရှိနိုင်ပဲ ဘယ်လိုမှ မတားဆီးနိုင် ဖြစ်နေတဲ့ သဘောပါပဲ။ ဒါတင်မကသေးပဲ ကားရဲ့ဒုတိယမြောက် ဝင်ရိုးပေါ်က လှုပ်ရှားမှုကိုမှားယွင်း ထောက်လှမ်းတာ အပြင် အဓိကဝင်ရိုးပေါ်ကိုလည်း အချက်အလက် အမှားတွေနဲ့ လုပ်ဆောင်မိတာ မျိုးတွေ ဖြစ်တတ်လို့ ဆိုထားပါတယ်။

Photo Credit: motor 1.com

တစ်ချို့ စုံစမ်းစစ်ဆေးမှုတွေ အရတော့ နောက်ပိုင်းနှစ် ကားမော်ဒယ်တွေအတွက် ပေးထားတဲ့ Software Update အသစ်တွေကို အခု 2021 Mach-E SUV တွေဆီ မှားယွင်းပေးမိသွားပုံ ရတယ်လို့လည်း သိရပါ တယ်။ ဒါကြောင့် အဆိုပါ Update ကနေ ကားရဲ့ ဒုတိယဝင်ရိုး ပေါ်က Torque လုပ်အားနှုန်းတွေ ကိုက အစ သေချာမတွက်ချက် နိုင် တော့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကြိုတင်မသိနိုင်တဲ့ အရှိန်မြှင့်တင် သွားမှုတွေကတော့ နောက်ပိုင်းမှာ ဖြစ်နိုင်ချေနည်းပြီး တစ်ချို့ကားတွေမှာဆိုရင်လည်း လုံးဝကို မဖြစ်နိုင်ဘူး လို့ သိရပြန်ပါတယ်။ ဒါပေမယ့် ကွန်ပြူတာ စနစ်ကို အားကိုးထားရတဲ့ ကားတွေ အနေနဲ့တော့ Software ရဲ့ Bugs တွေ အမှားအယွင်းတွေကို ဆက်လက်ကြုံ နေရနိုင် ပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Ford က ဒီပြဿနာကို မြန်မြန်ရှာတွေ့ထားပြီ ဖြစ်တာကြောင့် ပြင်ပေးနိုင် ဖို့ကိုပဲ မျှော်လင့် ရတော့မှာပါ။

Photo Credit: motor 1.com

ကံကောင်းတာ ကတော့ Ford အနေနဲ့ အခု Mustang Mach-E တွေရဲ့ Power Control Module တွေ အတွက် အဓိက ရည်ရွယ်ထားတဲ့ Software Update တွေ ကိုထုတ်ပေး လာနိုင်ပါတယ်။ အခုလို ပြန်လည် သိမ်းဆည်းတယ် ဆိုတာ ကလည်း Ford ဒါမှမဟုတ် Lincoln ‌အရောင်းကိုယ်စားလှယ်တွေဆီမှာ Update တွေ ထုတ်ပေးတာလောက်နဲ့ပဲ အဆင်ပြေသွားနိုင်ပြီး ကိုယ်စားလှယ်တွေ ဆီကိုတောင် မလာပဲနဲ့ OTA Update ကနေ တစ်ဆင့်လည်း ဖြေရှင်းလို့ ရကောင်းရနိုင်ပြန်ပါတယ်။ အခု မေလထဲမှာပဲ ဒီပြဿနာတွေကို Ford ဘက်က ဖြေရှင်းပေးနိုင်ဖို့ ကြိုးစား နေတာပါ။ Ford ကတော့ အခု ပြဿနာရှိနေတဲ့ ‌ကားတွေမှာ ဆိုရင် ၂၀၂၀၊ အောက်တိုဘာ ၃ ရက် နေ့ကနေ ၂၀၂၁ ၊ မေလ ၂၆ ရက်အတွင်း ထုတ်ထားတဲ့ကားတွေ အဓိက ပါဝင်မယ်လို့ ဆိုထား ခဲ့ပါတယ်။ တကယ်လို့ အဆိုပါ ရက်အတွင်း ထုတ်လုပ်ထားတဲ့ Ford Mustang Mach-E ကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ အခု မေလ ၃၀ ရက်မတိုင်ခင် အကြောင်းကြားလာ မှာဖြစ်ပြီး Showroom တွေဆီကိုလည်း မေလ ၁၆ ရက် နောက်ဆုံးထား အကြောင်းကြားလာမှာ ပါ။

Ref: motor 1.com