လက်ရှိ မှာ နာမည်ကျော် Ford Mustang Sports ကားသစ်ထွက်‌ဖို့က နီးစပ်နေပြန်တာကြောင့် ကားချစ်သူ အတော် များများကတော့ အဆိုပါ S 650 မျိုးဆက် ကားအကြောင်းကို ပိုစိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ တော့ Ford က သူတို့ရဲ့ လျှပ်စစ်သီးသန့် Mustang Mach-E ကို ဥရောပ ဈေးကွက်ထဲ တိတ်တိတ်လေး အဆင့်မြှင့်တင် ပေးနေပြီး အခုဆိုရင်လည်း နည်းပညာပိုင်း ၊ ဒီဇိုင်းပိုင်းတွေပါ သာမန် ထက် ပိုကောင်းအောင် ပြောင်းလဲ ပွဲထုတ် ပေးလိုက် ပြန်ပါပြီ။ လုံခြုံရေးစနစ် အသစ်တွေ Standard အနေနဲ့ပါဝင်လာတဲ့ အဆိုပါ ကားမှာတော့ ကုမ္ပဏီရဲ့ Automated Cruise Control 2.0 စနစ်ကို ထည့်ပေးလာ ပါပြီ။ အဆိုပါ စနစ်မှာတော့ ကားရဲ့ မြန်နှုန်းတွေကို သာမန် အခြေအနေတွေမှာ အပြင် အကွေ့ အဝိုက် နေရာတွေမှာပါ စနစ်တကျ ထိန်းပေးလာနိုင်မယ့်အထိ တိုးတက်လာခဲ့ ပါပြီ။ အဆိုပါ လုံခြုံရေးစနစ် အချက်အ လက်တွေ အတွက်ကိုတော့ အရှေ့ဘက်မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေနဲ့ လမ်းညွှန်စနစ်တွေရဲ့ အချက်အလက်တွေပေါင်းကာ အလုပ်လုပ်မှာလည်း ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားသစ် ဝယ်ချင်သူတွေအတွက် ပိုပျော်ဖို့ ကောင်းတာကတော့ ယခင်ကထက် ပိုပြီး စိတ်ကြိုက်ပြင်ဆင် ရွေးချယ်လို့ရမယ့်အရာတွေ ပိုများလာတာပါပဲ။ အထူးသဖြင့် Premium Trim Level မှာကိုမှ RWD စနစ်နဲ့ AWD စနစ်တွေ ဆိုပြီး စိတ်ကြိုက် ရွေးဝယ်နိုင်နေပြီ ဖြစ်ပါတယ်။ အဆိုပါ Grade မှာတော့ ၁၉ လက်မ အရွယ်ဘီးတွေ ၊ Adaptive LED Headlights တွေကိုမှ High-Beam Function ပါလာတာတွေအပြင် ၊ အလိုအလျောက် ယာဉ်မောင်းနဲ့ခရီးသည် ထိုင်ခုံ တွေ ၊ အနီရောင်ဘရိတ် Calipers တွေကို အနက်ရောင် အပြင်ဘက် Accents တွေနဲ့ ပေါင်းပေးထားတာတွေ စသဖြင့် အတော်လေးကို စုံစုံလင်လက် ရှိလာခဲ့ပါတယ်။ အပြင်ဘက် အရောင် ၂ ရောင်အသစ်ဖြစ်တဲ့ Vapor Blue နဲ့ Carbonized Gray တွေ ဆိုတဲ့ အရောင်တွေကိုလည်း ဘီးဒီဇိုင်းသစ် ၂ မျိုးနဲ့အတူ တွဲဖက်ရနိုင်ပါသေးတယ်။ Ford ကတော့ အဆိုပါ လျှပ်စစ်ကားသစ်ရဲ့ အနောက်ဘက်ကနေ ဆွဲနိုင်မယ့် ပမာဏကို ဥရောပစံတွေနဲ့ ညီအောင် ကြိုးစားမြှင့်တင် ပေးလိုက်ပါတယ်။ Rear-Wheel Drive ရော All-Wheel Drive Model တွေမှာပါ 91 kWh Battery တွေကို တပ်ဆင်ထား တော့မှာ ဖြစ်လို့ ယခင်က ၁,၁၀၂ ပေါင် အလေးချိန်လောက်ကိုပဲ ကားကဆွဲနိုင်ရာကနေ အခု ဆိုရင် ၃.၃၀၇ ပေါင်အထိကို ဆွဲနိုင်တော့မယ့်အထိ တိုးတက်လာခဲ့ပါပြီ။

Photo Credit: motor 1.com

Ford ကတော့ ဥရောပဈေးကွက် အတွင်း အဆိုပါ လျှပ်စစ်ကား ရောင်းအားတွေကို ပိုပြီး သဘောကျနေပုံ ရပါတယ်။ လက်ရှိ ၂၀၂၂ အထိ ရောင်းအားစာရင်းတွေအရဆိုရင် အဆိုပါ လျှပ်စစ်ကားသစ်ဟာ သာမန် Mustang Sports ကားတွေထက်ကိုပိုရောင်းကောင်းနေတာဖြစ်ပြီး ၈ စီး ၁ စီးနှုန်းလောက်အထိကို ပိုရောင်းနေရတာပါ။ ပိုအရေးကြီးတာကတော့ Mustang Mach-E ကား ဝယ်ယူသူတွေရဲ့ ၈၀%‌ ဝန်းကျင်လောက် က ယခင်က အခြားကား Brand တွေ အားပေးနေရာကနေ ပြောင်းလဲ ဝယ်ယူလာကြတာဖြစ်ပြီး Ford ရဲ့ Customer အသစ်တွေ ဖြစ်လာကြတာ ပါပဲ။ ထုတ်လုပ်သူတွေ ဘက်ကတော့ Ford ရဲ့ အခုမိသားစုစီး လျှပ်စစ် SUV အသစ်ဟာ လျှပ်စစ်ကား ခေတ်သစ်တစ်ခု အစပျိုးဖို့ အတွက် အလျှင်မြန် ဆုံးတိုးတက်လာတဲ့ ကားတစ်စီးပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: motor 1.com