Ford Mustang တို့က အမေရိက ကားဈေးကွက်ထဲမှာ လူကြိုက် အများဆုံး နေရာကို မရနိုင်တော့ပေမယ့် လည်း ဥရောပမှာတော့ ဝယ်လိုအား ခပ်ကောင်းကောင်း ရထားဆဲပါ။ အခုလို ကျန်နေသေးတဲ့ ရောင်းအား ကောင်းကောင်း အရှိန်လေးကို ဆက်ထိန်းနိုင်ဖို့အတွက် ဥရောပဈေးကွက် Mustang အထူးထုတ် တစ်စီးကို ထပ်မံမိတ်ဆက် ပေးလာ ပါတယ်။ အဆိုပါ ကားကတော့ အမေရိက ဈေးကွက်ရဲ့ ကယ်လီဖိုးနီးယား အထူး ထုတ်ကား ဖြစ်ပြီး ဥရောပရဲ့ Mustang GT နဲ့ Mustang Mach 1 တို့နဲ့အတူ ဈေးကွက်ဝင်လာတာ ဖြစ်ပါ တယ်။ အမေရိကမှာတော့ အဆိုပါ အထူးထုတ် ကားအသစ်ကို လွန်ခဲ့တဲ့ ၄ နှစ် လောက် ကတည်းက ပြုပြင် ပြောင်းလဲမှုတွေနဲ့အတူ ချပြခဲ့တာ ဖြစ်ပြီး အခု ဥရောပ ဈေးကွက်ထဲကိုတော့ ခေါင်းသိမ်းနိုင်တဲ့ အမိုးဖွင့် ကားတစ်မျိုးတည်းအနေနဲ့ သီးသန့် တစ်ကျော့ ပြန်ရောက်ရှိ လာတာပါ။ အထူးသဖြင့် အဆိုပါ ကားဒီဇိုင်းက တော့ ၁၉၆၈ တုန်းက မူလ Mustang ကို အခြေခံဂုဏ်ပြုပြီး ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ တစ်ချို့ သော ဒီဇိုင်းပိုင်း အသေးစိတ်တွေမှာ ဆိုရင် Honeycomb စတိုင် အရှေ့ ဘက် Grille ၊ ဘေးဘက်က အနက် ရောင် အစင်းကြောင်းလေးတွေ၊ သာမန်ထက်ပိုကြီးတဲ့ အရှေ့ဘက်က Splitter တွေအပြင် အနောက်ဘက် က Air Scoops တွေလည်း ပါဝင်လာတာကို မြင်ရမှာပါ။ အထူးထုတ် ဆိုတဲ့ CS နဲ့ GT တံဆိပ်တွေကိုလည်း Special Model ဆိုတာသိအောင် နေရာအနှံ့ထည့်ပေးထား ပါသေးတယ်။
အရောင်အနေနဲ့ ကတော့ အပြင်ပိုင်း အရောင်တင် ၁၉ ရောင်အထိ ရွေးချယ်နိုင်ပြီး ဘီးတွေကလည်း ၁၉ လက်မ အရွယ်အဖြစ် တပ်ဆင် နိုင်မှာပါ။ Standard အနေနဲ့ပါလာတဲ့ အရာတွေမှာ ဆိုရင်တော့ အရှေ့ ဘက် ထိုင်ခုံတွေရဲ့ အပူ အအေးစနစ် ၊ Dashboard အတွက် Aluminium Trim ၊ ၈ လက်မအရွယ် Infotainment Display ကိုမှ SYNC 3 Infotainment System ၊ Adaptive Cruise Control စနစ်နဲ့ ယာဉ်တိုက်မှု ဖြစ်နိုင်တာကို ကြိုတင်ကာကွယ် သတိ ပေးနိုင်တာတို့ ပါဝင်လာပါတယ်။ အင်ဂျင်ပိုင်းကတော့ 5.0 Liter Naturally Aspirated Engine ကို သုံးပေးထားပြီး Mustang GT နဲ့ Mustang Bullitt တို့နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဥရောပ မော်ဒယ်အနေနဲ့ကတော့ အမေရိကရဲ့ အထူးထုတ် လိုမဟုတ်ပဲ အနည်းငယ် စွမ်းဆောင်ရည် လျှော့ချထားကာ 450 hp နဲ့ 390 lb-ft Torque အထိ ရမှာ ဖြစ်ပါတယ်။ မူလ အမေရိက ကားမော်ဒယ်မှာတုန်း ကတော့ 460 hp နဲ့ 420 lb-ft Torque လောက် အထိကို စွမ်းဆောင် ထားနိုင်ခဲ့တာ ပါ။
ဂီယာပိုင်း အနေနဲ့ကတော့ Standard Six-Speed Manual ကိုမှ Rev-Matching နည်းပညာနဲ့ ပေါင်းစပ် ထားတာက တစ်မျိုး ၊ 10-Speed Automatic Transmission က တစ်မျိုး စသဖြင့် ၂ မျိုး ရွေးချယ် နိုင်မှာ ပါ။ ဂီယာပေါ်မူတည်ပြီး ကားရဲ့ တစ်နာရီ မိုင် ၆၀ အထိ အရှိန်တင်နှုန်းကလည်း ၄.၈ စက္ကန့် နဲ့ ၄.၅ စက္ကန့် လောက် အချိန်ယူကြရမှာ ဖြစ်ပါတယ်။ Mustang Bullitt လိုမျိုးပဲ အခုအထူးထုတ် ကားအသစ်မှာတော့ Limited Slip Differential စနစ် ပါဝင်လာပြီး MagneRide Suspension စနစ်ကိုလည်း ကားရဲ့အခြေအ နေ အမျိုးမျိုးမှာ အသုံးဝင်နိုင်အောင် ထည့်သွင်း ပေးထားတာ တွေ့ရပါတယ်။
Ref: motor 1.com