မကြာသေးမီကပဲ Ford ရဲ့ နောက်ထပ် ကားအသစ်တစ်စီးဖြစ်တဲ့ F-150 Raptor R ကို အများပြည်သူသုံး လမ်းမတွေထက်မှာ သွားလာ နေတာ မြင်တွေ့လိုက်ရပြီ ဖြစ်ပါတယ်။ ရုတ်တရတ် ကြည့်လိုက်ရင်တော့ ဘာမှ အကာအကွယ် တွေ မပါတော့တဲ့ အဆိုပါ လိမ္မော်ရောင် ကားကြီးက Raptor နဲ့ အတူတူပဲလို့ မြင်မိမှာပါ။ ဒါပေမယ့် သေချာ ကြည့်လိုက်ရင်တော့ အသေးစိတ်တွေအရ အတော်များများ တောင့်တ နေကြတဲ့ V 8 Engine ကြီး ပါလာမယ့် အရိပ် အယောင် တွေ မြင်နေရပါပြီ။ သိသိသာသာ မြင်နိုင်တဲ့ အပိုင်းတွေမှာ ဆိုရင်တော့ ကားရဲ့ လေကာမှန်ပေါ်မှာ မြင်ရတဲ့ Sticker အစိမ်းရောင်လေးက ကားသစ် ဆိုတာကို ညွှန်ပြနေပြီး Standard 2023 F-150 Raptor ကို ပြနေ တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ဒီ အစိမ်းရောင် Sticker လေးက နယ်နယ်ရရတော့ မဟုတ်တဲ့အပြင် Grille ပေါ်က R ဆိုတဲ့ တံဆိပ်လေးကလည်း သာမန် Raptor နဲ့တော့ လုံးဝတူနေပြီး R မျိုးကွဲ ဖြစ်မလာနိုင်တာ ကြောင့် ဘာကို ဆိုလိုသလဲဆိုတာ ကြည့် ကြရအောင်ပါ။

Photo Credit: motor 1.com

အဆိုပါ တံဆိပ်လေးကိုတော့ လောလောဆယ်မှာ တိပ်အမဲလေးနဲ့ အုပ်ထားသေးတာကြောင့် နောက်ပိုင်း ကားအသစ် တရားဝင် ထွက်လာ တဲ့အခါမှာ Grille Design ပြောင်းလာဦးမှာလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယာဉ်မောင်းဘက်က D ဆိုတဲ့ စာသားလေးကတော့ သာမန် Raptor ကားမှာ မမြင်ခဲ့ရတဲ့ အပိုင်းလေး ဖြစ်နေ ပြန်တာပါ။ ဒါကြောင့် Ford ကတော့ အခု ကားသစ် မှာ အပြင်ပိုင်းမှာ ပိုပြီး အသေးစိတ် အပြောင်းအလဲ တစ်ချို့ ထပ်လုပ်လာနိုင်တယ်လို့ ခန့်မှန်းရမှာ ဖြစ်ပြီး တကယ်လို့ ဘန်ဘာ အောက် ဘက်ကို ဆက်ကြည့်မယ်ဆိုရင်တော့ငွေရောင် Skid Plate အစား အနက်ရောင်လေး ပြောင်းသုံးထား ပေးထားကိုတွေ့ရဦးမှာ ဖြစ်ပါတယ်။ အမြင်ပိုင်းမှာ အခု ကားကို သာမန်နဲ့ ပိုကွဲထွက်နေတာ မြင်ချင်သေးသူတို့ အဖို့တော့ ကားရဲ့ ထောင့်တွေမှာ R ဆိုတဲ့ စတေကာ လေးတွေ ကို ထည့်ပေးလာနိုင်မယ့် Graphic Package ကိုလည်း နောက်ပိုင်းမှာ ရကောင်းရလာနိုင်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အနောက်ဘက်ကို ကြည့်လိုက်မယ် ဆိုရင်တော့ သာမန် Raptor က Trailing Arms တွေနဲ့ မတူတဲ့ ပုံစံ အသစ် ကို မြင်ရမှာပါ။ ဒါ့အပြင် အိတ်ဇောပိုက် ၂ ခု တွဲကြီးကို သေချာကြည့်မယ် ဆိုရင်လည်း မြင်ဖူးနေပြီးသားကိုမှ ပိုကြီးတဲ့ ပိုက် တွေသုံးပေးထားတာကို တွေ့ နိုင်ပါတယ်။ အရေးအကြီးဆုံး အပိုင်းကတော့ အင်ဂျင်ဖြစ်ပြီး Shelby GT 500 ရဲ့ Supercharged 5.2 Liter V8 Engine ကို သုံးလာ မယ်လို့တော့ လောလောဆယ် အတည်ပြုထား နိုင်ပါတယ်။ ပြိုင်ဘက် ကောင်း ဖြစ်နေတဲ့ Supercharged Ram TRX ကားကို ကျော် တက်နိုင်ဖို့ ဆိုရင်တော့ အဆိုပါ ကားရဲ့ 450 hp ပမာဏထက် ‌သိသိသာသာ မြင့်မားတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့လိုနေပြီး အခု Shelby ရဲ့ 760 hp စွမ်းဆောင် ရည်ရှိတဲ့ အင်ဂျင် ဆိုရင်တော့ အသာလေး ကျော်တက်သွားမှာ အသေအချာပါပဲ။ လောလောဆယ်မှာတော့ အဆိုပါ 760 hp လောက် ကိုသာ မျှော်လင့်ထားနိုင်ပေမယ့်လည်း တကယ်တမ်း ထွက်လာတဲ့ အခါမှာတော့ 700 hp လောက် ပဲရှိတာမျိုးလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပေမယ့် စွမ်းဆောင်ရည် ကောင်းမယ်ဆိုတာ ကတော့သေချာ နေပါပြီ။ လောလောဆယ် အနေအထား အရတော့ စောင့်ကြည့် ရတော့မယ့် အခြေအနေပဲ ရှိနေသေးပြီး လမ်းပေါ်ကိုတောင် အခုလို ကားတစ်စီးလုံး ထွက်ပြနိုင်တဲ့ အဆင့်ရောက်လာပြီ ဖြစ် လို့ မကြာမီမှာပဲ တရားဝင် မိတ်ဆက်ပေးတဲ့ အဆင့် ကိုလည်းရောက်လာတော့မယ်လို့ မျှော်လင့်ရပါတယ်။

Ref: motor 1.com