အတော်လေး ပြောင်းလဲမှုတွေ လုပ်ထားတဲ့ Explorer ကားသစ်ကိုတော့ တရုတ်ဈေးကွက် ထဲမှာ Ford တို့ ချပြလာ ခဲ့ပါပြီ။ အရွယ်အစား အလယ်အလတ် ရှိတဲ့ အဆိုပါ SUV ကားကိုတော့ အရှေ့ရော အနောက်ပါ ဒီဇိုင်းတွေ ပြောင်းပေးထားတဲ့အပြင် အတွင်းခန်းမှာလည်း အလျားလိုက်တပ်ဆင်ထားတဲ့ ၂၇ လက်မ အရွယ် Infotainment Screen ကြီးနဲ့အတူ အပြောင်းအလဲတွေ များလာခဲ့ပါတယ်။

Photo Credit: MotorAuthority

ကားရဲ့ အရှေ့ပိုင်းကို ကြည့်မယ်ဆိုရင်တော့ Headlights အသစ်တွေ တပ်ဆင်ထားတာ တွေ့ရမှာဖြစ်ပြီး ပိုကြီးလာတဲ့ Grille အကြီးကိုမှ ခြင်္သေ့ နှာခေါင်းပုံ ကို Inspire ယူကာ ခပ်ဝိုင်းဝိုင်း ထောင့်ချိုးလေးတွေနဲ့ ပြင်ဆင်ပေးထား လိုက်ပါတယ်။ အနောက်ဘက် မှာတော့ Tailgate တစ်လျှောက် ဖြန့်ပေးထားတဲ့ C ပုံစံ Taillight တွေ လည်းတပ်ဆင် ပေးထားလိုက်တာ ဖြစ်ပြီး Ford Logo ကို အလယ်မှာထားကာ အနက်ရောင် မျဉ်းကြောင်းလေးနဲ့ ပိုင်းခြား ပေးထားပါ တယ်။ အခုလိုမျိုး အပြောင်းအလဲ အသစ်တွေနဲ့ ကားဒီဇိုင်းပိုင်းကိုတော့ တရုတ်ဈေးကွက် အတွက် သီးသန့် ဒီဇိုင်းတွေ ပြင်ဆင်ပေးနေတဲ့ Ford ရဲ့ China Design Center ကနေ စီစဉ် ပေးထားတာပါ။ ဒါပေမယ့် အခုလိုမျိုး အဆင့်မြှင့်တင်မှုတွေကို အခြားသော ဈေးကွက်တွေထဲက Ford Explorer တွေမှာ မြင်ရ ဖို့ မဖြစ်နိုင်သေးပဲ တရုတ်မှာ ပဲ အများနဲ့မတူ တစ်မူကွဲတဲ့ အခြေအနေနဲ့ စတင်ရောင်းချနေဦးမှာပါ။

Photo Credit: MotorAuthority

Explorer ကားသစ်ကိုတော့ တရုတ်ဈေးကွက်ထဲမှာ ပြီးခဲ့တဲ့ ၂၀၁၂ ကတည်းက စတင် ထုတ်လုပ်နေခဲ့တာ ဖြစ်ပြီး တရုတ် ပြည်တွင်း ကားကုမ္ပဏီ Changan နဲ့လည်း ပူးပေါင်းထားတာ ဖြစ်ပါတယ်။ Explorer ကား အတွက်ကတော့ မြောက်အမေရိက ဈေးကွက်ပြီးရင် တရုတ်ဈေးကွက်က ဒုတိယမြောက် အကြီးဆုံး ဈေးကွက်လည်း ဖြစ်လို့ နေပါတယ်။ အဆိုပါ SUV ကိုတော့ Turbocharged 2.3 Liter Inline-4 Engine ဒါမှမဟုတ် Twin-Turbocharged 3.5 Liter V6 Engine တွေအနေနဲ့ စိတ်ကြိုက် ရွေးဝယ်နိုင်မှာဖြစ်ပြီး ဂီယာပိုင်း ကတော့ 10-Speed Automatic ဂီယာ တစ်မျိုးတည်းပဲ ရွေးနိုင်မှာပါ။ Grade အကုန်လုံး နီးပါးမှာတော့ All-Wheel Drive စနစ်ကို Standard အနေနဲ့ ထည့်ပေးထားမှာဖြစ်ပြီး Rear-Wheel Drive စနစ်တွေကိုတော့ Base Grade တွေမှာ သုံးပေး ထားမှာ ဖြစ်ပါတယ်။ အမေရိကဈေးကွက် အတွက် Explorer ကားကို နောက်ဆုံး အဆင့်မြှင့်တင် ပြောင်းလဲ ပေးထားတာကတော့ ပြီးခဲ့တဲ့ ၂၀၂၀ မော်ဒယ် တုန်းက ဖြစ်ပြီး လာမယ့် ၂၀၂၄ ဝန်းကျင်လောက်မှာ တစ်ခါပြန် Update ဖြစ်လာနိုင်ပါတယ်။ Ford က အဆိုပါ အချိန် ကာလလောက် အရောက်မှာ ဆိုရင် လျှပ်စစ်စွမ်းအင်သီးသန့်သုံး Explorer ကိုလည်း ချပြနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး သီးသန့် EV Platform တစ်ခုကိုသုံးလာနိုင်ကာ Lincoln Aviator လျှပ်စစ် ကားကိုလည်း တစ်ပြိုင်တည်း ဖန်တီးလာနိုင်တာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority