Ford Performance တို့ကတော့ Ford Bronco ကားအတွက်တင် သာမကပဲ Explorer ST ကားအတွက် ကိုပါ စွမ်းဆောင်ရည်ပိုင်း ပိုကောင်းမယ့် အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပေးလာပါတယ်။ အဆိုပါ Explorer ST ကားသစ်မှာ တော့ ပုံမှန်အားဖြင့် 3.0 Liter V6 Engine ကို တပ်ဆင်ထားပြီး Turbocharger ၂ လုံး နဲ့အတူ 400 hp နဲ့ 415 lb-ft Torque အထိကို စွမ်းဆောင်ထားနိုင်တာပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

ဒါပေမယ့် အခု Ford Performance ရဲ့ ကားအပေါ် အင်ဂျင်ပိုင်း ပြန်လည်အဆင့်မြှင့်တင် ပေးခဲ့အပြီးမှာတော့ Ford Explorer ST ဟာ 30 hp နဲ့ 35 lb-ft Torque အထိကို ပိုတိုးလာ‌အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ ဒီနေရာမှာ ပိုထူးခြားတာ ကတော့ အခုလို တိုးလာတဲ့ စွမ်းဆောင်ရည်ပိုင်းတွေက အင်ဂျင်ကို Tuning လုပ်ရာကနေပဲ ရလာတာ ဖြစ်ပြီး တစ်ခြား ဘယ်လို စက်ပိုင်းဆိုင်ရာ ပြောင်းလဲမှုမျိုးကိုမှ မထည့်ပေးထားသေး တာ ဖြစ်ပါတယ်။ ဂီယာ ပိုင်းမှာ တော့ 10-Speed Automatic Gear ကိုလည်း ပိုသုံးလို့ ကောင်းအောင် ပြင်ဆင်ပေးထားပြီး Ford Explorer ST ရဲ့ Throttle Response ကပါ ပိုကောင်းခဲ့လာပါတယ်။

Photo Credit: AllAutoExperts

ဒါပေမယ့် တစ်ခုရှိတာကတော့ အခုလိုမြင့်တက်လာတဲ့ စွမ်းဆောင်ရည်ပိုင်းတွေဟာ ကားအတွက် အဆင့်မြင့် Premium Fuel ကို ထည့်သုံးမှသာ ခံစားနိုင်မှာ ဖြစ်ပါတယ်။ $ 825 လောက် ထပ်သုံးမယ်ဆိုရင်တော့ အိမ်မှာပဲ အလွယ်တကူ တပ်ဆင်လို့ရမယ့် ProCal 4 Handheld Tuning Device လေးပါဝင်တဲ့ Kit ကိုပါ ရရှိနိုင်ဦးမှာဖြစ်လို့ အတော်လေးအကျိုးရှိတဲ့ Tuning ပိုင်းကို ရရှိခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts