မျိုးဆက် ၃ ခု ‌လောက်အထိ ဖြတ်သန်းလာခဲ့ အပြီးမှာတော့ Ford ရဲ့ SuperVan ကားလေးဟာ သာမန် အင်ဂျင်တွေ နဲ့ မဟုတ်တော့ပဲ လျှပ်စစ်ကားအဖြစ်ကို အသွင်ပြောင်းသွားခဲ့ပါပြီ။ အဆိုပါ ကားကိုမှ လျှပ်စစ် မော်တာ ၄ လုံး တပ်ပြီး တစ်စီးတည်းသော ပြင်ဆင်မှုအဖြစ် Ford တို့ ကြမ်းပြခဲ့ရာမှာတော့ စွမ်းဆောင် ရည်က 2,000 hp နီးပါး အထိကို တက်လာခဲ့ပြီး တစ်နာရီ မိုင် ၆၀ အရှိန်တင်ဖို့ကို တောင် ၂ စက္ကန့် အောက် ပဲ ကြာပါတော့တယ်။ အဆိုပါ ကားသစ် ကိုတော့ Ford Performance ကနေ ပြိုင်ကား ကျွမ်းကျင်သူတွေ ဖြစ်တဲ့ STARD ရဲ့ အကူအညီနဲ့ ဖန်တီးခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဆိုပါ လျှပ်စစ်မော်တာ ၄ လုံး တပ်ကြီးကို အားဖြည့်ပေးထားတာ ကတော့ အရည်နဲ့ အေးစေတဲ့ 50 kWh ရှိ ဘက်ထရီပဲ ဖြစ်ပြီး E-Transit ဆီက 68 kWh ဘက်ထရီတောင် သေးတယ် ဆိုပေမယ့် စွမ်းဆောင်ရည် ကတော့ အတော် ကောင်းပါတယ်။အဆိုပါ ဘက်ထရီကိုတော့ ယခင် အင်ဂျင်ကားတွေတုန်းက အလယ်မှာ အင်ဂျင် တပ်တဲ့နေရာမှာ တပ်ဆင်ပေးထား လိုက်တာဖြစ်ပြီး အလေးချိန် အတွက်ကော ၊ Center Of Gravity ဆွဲအား အတွက်ပါ တစ်ခါတည်း ချိန်ပေး ထားပြီးသား ဖြစ်သွားတဲ့ ပုံစံနဲ့ ဖြစ်ပါတယ်။ ကားကတော့ Fast Charger နဲ့သာ ဆိုရင် ဘက်ထရီ အပြည့် ရဖို့ အတွက်တောင် ၄၅ မိနစ်ပဲ ကြာမယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

မကြာသေးမီကမှ ချပြထားတဲ့ E-Transit ကားသစ်ကို အခြေခံ ဖန်တီးထားတဲ့ အခုကားလေးကိုတော့ SuperVan 4 လို့ အမည်ပေးထားပြီး ကိုယ်ထည်ကအစ မူလကားထက် အတော်လေး Aggressive ပိုဖြစ် ပါတယ်။ ကားရဲ့ အရှေ့ ဘက်မှာတော့ ထင်ထင်ရှားရှား Splitter တစ်ခုရယ် ၊ ပိုကြီးလာတဲ့ဘေးဘက်က Side Skirts နဲ့ အနောက်ဘက်က Diffuser တွေက အတော်လေး ကြည့်ကောင်းနေပြီး Aerodynamic Package အသစ်အနေနဲ့ ၎င်းတို့ကို ရနိုင်မှာပါ။ ကားရဲ့ အနောက်ဘက် အမိုးမှာ တပ်ဆင်ထားတဲ့ အတောင် ပံ အသစ်ကလည်း လုံးဝကို အနက်ရောင် ခြယ်ထားတာ ကြောင့် အတော်လေး လှပါနေပါတယ်။ အခုလို Aggressive Body ကြီးရဲ့ အောက်မှာကတော့ Double-Wishbone ထည့်ထားတဲ့ Suspension အသစ်ကို သေချာ သုံးပေးထားပါတယ်။ ဒါတင်မကသေးပဲ တစ်စီးတည်းသော အဆိုပါ ကားလေးကို ပိုထူးခြား‌စေဖို့ အတွက် ပြိုင်ကားအဆင့် Subframe တွေကို အရှေ့မှာ ထည့်ပေးထားပြီး ဘရိတ်တွေ ကိုလည်း ပြိုင်ကား တွေရဲ့ စံ အတိုင်းသုံးပေးထားတာပါ။ ထိုင်ခုံတွေကလည်း Bucket Seats တွေနဲ့ ဖြစ်လာတဲ့ အပြင် Roll Cage အပြည့်နဲ့လည်း ကာရံ ပေးထားပါသေးတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပဲ Ford ရဲ့ နောက် ဆုံး ထွက် SYNC 4 Infotainment System ကိုလည်း Display အကြီးစားတစ်ခုနဲ့အတူ ထည့်ပေးထား လိုက်ပါသေးတယ်။

Photo Credit: motor 1.com

အဆိုပါ Screen ကတော့ ဒေါင်လိုက်တပ်ဆင် ပေးထားပြီး Road ၊ Track ၊ Drag ၊ Drift နဲ့ Rally ဆိုတဲ့ မောင်းနှင် ပုံ ၅ မျိုး အထိကိုလည်း ရွေးချယ် နိုင်ပါသေးတယ်။ ပိုစိတ်ဝင်စားဖို့ ကောင်းတာကတော့ Tire Cleaning Mode လို့ နာမည် ပြောင်ပေးထားတဲ့ စနစ်တစ်ခုပါပဲ။ အဆိုပါ Mode ကို ဖွင့်လိုက်ရင်တော့ ကားရဲ့ ဝင်ရိုးတစ်ခုကို လုံးဝ အသေ ဖြစ်အောင် ပိတ်ပေးထားလိုက်ပြီး တစ်ခြားတစ်ခုကိုတော့လည်နေ အောင် ဆက်လုပ်ပေးထား လိုက်ပါတယ်။ ဒီလို ထားခြင့်ဖြင့် တာယာ တွေကို ပူပြီး သန့်သွားစေတယ်လို့ ဆိုကာ အပျော်သဘော နောက်နေကြပေမယ့်ဒီ Mode ရဲ့ တကယ့် ရည်ရွယ်ချက် ကဘာလဲ ဆိုတာကိုတော့ ကားချစ်သူ အတော်များများ သိကြပါလိမ့်မယ်။ အဆိုပါ ကားလေး ကိုတော့ 2022 Goodwood Festival Of Speed ပွဲကြီးမှာစတင်ချပြခဲ့တာ ဖြစ်ပြီး အတော်လေးလည်း နာမည် ရလာ နိုင်တဲ့ တစ်စီးတည်းသော ကားလေးဖြစ်လာမှာပါ။

Ref: motor 1.com