Ford ရဲ့ ကားသစ် တွေထဲမှာတော့ တံခါးလေးပေါက်ပါ Bronco Raptor က အတော်လေး လူစိတ်ဝင်စားမှု မြင့်တက် နေကြတဲ့ ကားပဲ ဖြစ်ပါတယ်။ အခုနှစ် နွေရာသီလောက်မှာ ဈေးကွက်ထဲ ရောက်လာမှာဖြစ်ပြီး လမ်းကြမ်းမောင်း အဆင့်မြင့် SUV ကား တစ်စီးလည်း ဖြစ် တာကြောင့် ဈေးနှုန်းက $ 69,995 ကနေ စတင်နေမှာပါ။ Base Four-Door Bronco ကားသစ်နဲ့ ယှဉ်ရင်တော့ အခု Bronco  Raptor အသစ်က ၉.၈ လက်မ ပိုကျယ်ပြီး Suspension ကလည်း ပိုမြင့်လာတာကြောင့် ကားအကျယ်ကပါ ၈.၆ လက်မလောက် အထိ ပိုလာပါ တယ်။ မြေပြင်ကင်းလွတ် အမြင့်က လည်း အနည်းဆုံးတော့ ၁၃.၁ လက်မ အထိ ရှိနေတာဖြစ်ပြီး ယခင် Base Version ထက်စာရင် ၅ လက်မ နီးပါး လောက်ကို ပိုမြင့်လာတာပါ။ ဒါတင်မကသေးပါဘူး၊ ကားအသစ် ရဲ့ တာယာတွေကလည်း ၃၇ လက်မ အရွယ်တွေ ဖြစ်ပြီး စက်ရုံက ထုတ်ဖူးသမျှ ထဲမှာတော့ အကြီးဆုံးပဲလို့ ပြောလို့ရပါတယ်။ အခုလိုကြီးမားလွန်းတဲ့ Bronco Raptor ဆိုတဲ့ ကားကြီးရဲ့ အဓိက အားနည်းချက်ကတော့ သူ့ကိုထုတ်လုပ်ပေးမယ့် Ford ရဲ့ Michigan Assembly Plant စက်ရုံအတွက် တစ်ချို့နေရာတွေ ကြီးလွန်း နေ တော့တာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

Automotive News ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ အခု ကားအသစ်ရဲ့ အရွယ်အစားက စက်ရုံရဲ့ Assembly Line အတွက် ဆိုရင် ကြီး လွန်းနေတာဖြစ်ပြီး အခုချိန်မှ ကားရဲ့ ဒီဇိုင်းပိုင်း ၊ အရွယ်အစားတွေကို ‌ပြန်ပြောင်းလဲလို့လည်း မရတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် စက်ရုံ မှာ ကားသစ်ရဲ့ အရွယ်အစားနဲ့ မဆံ့တာကြောင့် တစ်ခြား အဆင်ပြေ နိုင်မယ့် အဖြေတစ်ခုကို အလျှင်အမြန်ရှာဖို့ လိုအပ်နေပါပြီ။ Ford Performance ရဲ့ ယာဉ်ပိုင်းဆိုင်ရာ အင်ဂျင်နီယာ ကတော့ ဒီအတွက် ရိုးရှင်းတဲ့ အဖြေတစ်ခု ရှိထားပြီလို့ ဆိုထားပြီး ကားရဲ့ ဝင်ရိုးတစ် ဖက်တစ်ချက်ဆီမှာ Bolts ၂ လုံးလောက် ထပ်ထည့်လိုက်ရင် အဆင်ပြေတယ်လို့ သိရပါတယ်။ အထူးသဖြင့် Assembly Line မှာ ရှိတဲ့ ကားထုတ်လုပ်ပေးတဲ့ လုပ်သားတွေအဖို့ အခု ကားသစ်ကြီးရဲ့ဝင်ရိုးကို ကောင်းကောင်း ထိန်းထားနိုင်ဖို့သာ အရေးကြီးပြီး ဒါဆိုရင်တော့ အဆင်‌ပြေပြီ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

နောက်ဆုံး ကားက အဆိုပါ ထုတ်လုပ်ရေး အဆင့်ကို ကျော်ဖြတ်နိုင်ပြီ ဆိုရင်တော့  အပိုတပ်ဆင်ထားခဲ့တဲ့ Bolts ၂ လုံးကို ပြန်ဖြုတ် လိုက် ရုံပဲ ဖြစ်ပါတယ်။ ဒါကြောင့် Ford ကတော့ အခု ပြဿနာ‌အပေါ်မှာ အလွယ်ဆုံး ၊ အရိုးရှင်း ဆုံး နဲ့ အမြန်ဆန်ဆုံး ဖြေရှင်းနည်း တစ်ရပ်ကို သုံးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ အခုလို အကြီးစား အကြမ်းစား SUV ကားသစ် ကြီးကို အချိန်မှီ ‌ဈေးကွက်ထဲ ရောက်ပေးနိုင်ဖို့ သိပ်မသေချာသေးဘူး ဆိုတာ ပါပဲ။ အထူးသဖြင့် Standard Model Bronco Lineup မှာတင် အတော်လေး စောင့်ဆိုင်း နေရပြီး အဓိက ဝယ်လိုအား နဲ့ ထုတ်လုပ်ပေးနိုင်မှု အချိုးမမျှ ဖြစ်နေတဲ့ ‌အပိုင်းကတော့ Molded In Colour ( MIC ) လို့ ခေါ်တဲ့ Hardtop အမိုး ပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ကားတွေ ဈေးကွက်ထဲ ရောက်ဖို့ကိုလည်း တစ်နှစ်လောက်ကတော့ ထပ်မံ စောင့်ဆိုင်း ရဦးမှာပါ။ အခု ဖော်ပြခဲ့တဲ့ Bronco Raptor ကားကြီးရဲ့ ဈေးနှုန်းနဲ့ အားပေးကြမ်းတဲ့ ပရိသတ်တွေ ကြောင့် ထုတ်လုပ်ရေး လုပ်ငန်းစဉ် အပိုင်းတွေ အခုထက်ပိုပြီး ချောချောမွေ့မွေ့ ဖြစ်ဖို့ကိုပဲ မျှော်လင့်ရတော့မှာပါ။

Ref: carbuzz.com