လက်ရှိမှာတော့ ကမ္ဘာတစ်လွှား Semiconductor Chip ပြား ပြတ်လပ်မှုပြဿနာက မရပ်တန့်သေးတာ ကြောင့် ကား ကုမ္ပဏီတွေလည်းရရာ နည်းလမ်းတွေနဲ့ အလျင်မှီအောင် ကြိုးစားနေကြရတာပါ။ အခု ပြဿ နာရဲ့ အကျိုးဆက် အနေနဲ့ လာမယ့် မေလကစလို့ ထုတ်လုပ်သွားမယ့် နာမည်ကျော် Ford Bronco ကား တွေမှာ စက်ရုံကနေ တစ်ပါတည်း ထည့်ပေးထားမယ့် လမ်းညွှန်စနစ်တွေ ပါမလာနိုင်တော့ဘူးလို့ သိရပါ တယ်။ Ford Authority က လာတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ချို့ အရတော့ အဆိုပါ စနစ်တွေ ကို လာမယ့် မေလ ၂ ရက် နေ့မှာတင် ဖြုတ်ချ တော့မယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဆိုပါ သတင်း ကို အတည်ပြုနိုင်ဖို့ကား သတင်းဝက်ဘ်ဆိုက်ဒ် တစ်ခု ဖြစ်တဲ့ Motor.1 က မေးမြန်းခဲ့ရာမှာတော့ ကုမ္ပဏီ ဘက်ကနေ 2022 Bronco တွေမှာ လမ်းညွှန်စနစ် ထည့်ပေးနိုင်မှာ ဖြစ်ပေမယ့် အခု အခက်အခဲတွေ ကြား ကနေ ကားမှာယူထားသူတွေ လျှင်လျှင်မြန်မြန် ရနိုင်ဖို့အတွက်ကို ပိုဦးစားပေးပြီး နည်းလမ်းပေါင်းစုံ စဉ်းစား နေတယ်လို့ တော့ ဆိုထား ခဲ့ပါတယ်။ ဒါကြောင့် အခုလိုမျိုး Ford Bronco တွေမှာ နဂို မူလလမ်းညွှန် စနစ် ပါမလာနိုင်တော့ဘူး ဆိုတဲ့ သတင်းကိုတော့ ကုမ္ပဏီဘက်က တိုက်ရိုက် မငြင်းထားဘူးလို့ပဲ သတ်မှတ် ရတော့မှာပါ။
ယခင်ကတော့ အဆိုပါ စနစ်ကို Entry Level Base Trim တွေကလွဲရင် အခြားသော Bronco အကုန်လုံး မှာ တစ်ပါတည်း ထည့်ပေးထားတာ ဖြစ်ပြီး အခုဆိုရင်တော့ Bronco ကားသစ်တိုင်းမှာ ဖြုတ်ချဖို့ အတွက် ကို စဉ်းစားလာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမြဲတော့ မဟုတ်ပဲ လမ်းညွှန်စနစ်ကို ပြန်ထည့် ပေးလာ နိုင်ပြီး အခု ပြဿနာ ဖြစ်နေတဲ့ ၂၀၂၂ မဟုတ် လာမယ့် ၂၀၂၃ မော်ဒယ် လောက် အထိကို ဖြစ်သွား နိုင်ပါ တယ်။ အခု မပါလာမယ့် မော်ဒယ် တွေကိုလည်း နောက်ပိုင်း အဆင်ပြေသွားတဲ့ အချိန်မှာ လိုအပ်တဲ့ အစိတ် အပိုင်း တစ်ရပ်အနေနဲ့ ပြန်ပေးနိုင် မလား ဆိုတာကလည်း မသေချာ သေးပြန်ပါဘူး။ လက်ရှိ မှာတော့ Bronco ရဲ့ ဝယ်လိုအားက တကယ်မြင့်မားနေဆဲ ဖြစ်ပြီး ၂၀၂၂ အတွက် အမှာစာတွေကို မတ်လ အစော ပိုင်းထဲက ပိတ်ခဲ့ရပြီးပါပြီ။ ဒါပေမယ့် Ford တို့ ရုန်းကန် နေရတာ အခု Bronco တစ်စီးတည်းတင် မဟုတ်ပဲ Ford Explorer ရဲ့ အနောက်ဘက် ထိုင်ခုံ Climate Control စနစ် တွေကိုပါမထည့်ပေးနိုင်တဲ့ ပြဿနာ ကြုံနေရ ပြန်တာပါ။ ဘယ်လိုပဲ အကောင်းဆုံး ကြိုးစား ပေးနေပေမယ့် ပြဿနာ ကတော့ အားလုံးကို ရိုက် ခတ်နေခဲ့တာကြောင့် F-150 နဲ့ Mustang တို့ မှာလည်း ဆက်တိုက် ထုတ်လုပ်နိုင်ခြင်းမရှိပဲ အလှည့်ကျ ထုတ်လုပ်နေရတာ ဖြစ်ပါတယ်။
အခုလိုမျိုး ပစ္စည်း ပြတ်လပ်မှုဒဏ်ကိုတော့ Ford အပြင် GM ကလည်း ကြုံနေရပြန်တာဖြစ်ပြီး Super Cruise နဲ့ Park Assist တို့လို အဆင့်မြင့် နည်းပညာတွေကို Cadillac ကားတွေမှာ ထည့်မပေးနိုင်တော့ တာ ဖြစ်ပါတယ်။ မနှစ် က နှောင်းပိုင်းလောက် တုန်းကတော့ Chevrolet Silverado နဲ့ GMC Sierra တို့ ကလည်း ထိုင်ခုံတွေနဲ့ စတီယာတိုင် တို့ကို အပူပေး စနစ်မှာ မထည့်ပေးနိုင်တော့ သလို တစ်ချို့စနစ်တွေကို လည်း နောက်ပိုင်းမှ ပြန်ထည့်ပေးမယ်ဆိုပြီး စီစဉ်ခဲ့ကြရတာ တွေ့ရပါတယ်။ အခြားသော ကုမ္ပဏီ အတော် များများလည်း အခုလို ပြဿနာတွေကြောင့် ပြီးခဲ့တဲ့ လပိုင်းတွေထဲမှာ ထုတ်လုပ်မှုတွေ ရပ်တန့် ဆိုင်းငံ့လိုက် ကြရပါသေးတယ်။ အခုအကျိုးဆက်တွေကိုတော့ ၂၀၂၂ ရဲ့ First Quarter ရောင်းအားတွေမှာ ကုမ္ပဏီ တိုင်း အတွက် သိသိသာသာ သက်ရောက်ခဲ့ပြီး တစ်ချို့ဆိုရင် မနှစ်ကထက် ၂ ဆ လောက် အထိကို ကျဆင်း သွားကြတာပဲ ဖြစ်ပါတယ်။
Ref: motor1.com