Ford Bronco နဲ့ နှင်းတွေ ရေခဲတွေနဲ့ကတော့ ဘယ်လိုမှ မသက်ဆိုင်တဲ့ အရာတွေပါပဲ။ ဒါပေမယ့်လည်း Ford Bronco နဲ့ ဆီးနှင်းတွေ ပေါင်းစပ်လို့ရတဲ့ အရာတစ်ခုတော့ ပေါ်လာခဲ့ပါပြီ။ ကားပြပွဲတွေကို ကြည့် လိုက်မယ် ဆိုရင်လည်း ပုံမှန် အားဖြင့် ပြပွဲခန်းမတွေရဲ့ အထဲမှာ၊ ဒါမှမဟုတ် မြေလွတ်အကျယ်ကြီး နေရာမှာ ပြကြတာမျိုးကိုပဲမြင် ဖူးကြပါ လိမ့်မယ်။ ဒါပေမယ့်လည်း အခု ရေခဲဆီးနှင်း တွေနဲ့ Ford Bronco ပေါင်းစပ် မှုကိုတော့ အခုနှစ် ကျင်းပနေတဲ့ Buffalo Auto Show ကြီးရဲ့ အပြင်ဘက်မှာတင် ပြသထားတာကိုတွေ့ရပါ တယ်။ အဆိုပါ ကားပုံစံတူ ရေခဲပန်းပုကိုတော့ ပညာရှင်တစ်ဦး ဖြစ်တဲ့ Eric Jones ဆိုသူက ဖန်တီးခဲ့တာ ဖြစ်ပြီး ပြပွဲတင် မဝင်ခင် အဆိုပါ လက်ရာကို အရင်ခံစား လို့ ရနေတာကြောင့် ပရိသတ်တွေ အဖို့ ပွဲကျစရာ ဖြစ်လို့နေပါတယ်။ အခုနှစ် ပွဲမှာတော့ Eric Jones တစ်ယောက် အဖို့ ဆီးနှင်းတွေနဲ့ ဖန်တီးထုလုပ်ထားတဲ့ Ford Bronco ကားရုပ်တုလေးကို ဖန်တီးဖို့ အတွက် အကြံရခဲ့တာ ဖြစ်ပြီး အတော်လေးတော့ အလုပ်ဖြစ်ခဲ့ ပါတယ်။
WKBW သတင်းနဲ့ အင်တာဗျုးမှာတော့ အဆိုပါ လက်ရာကို ၅ ရက် ထုဆစ်ခဲ့ရပြီး Jones ကတော့ အခု လက်ရာက သူ ထုလုပ် ခဲ့ဖူးသမျှထဲ လက်အဝင်ဆုံး တစ်ခုပဲလို့ ဆိုထားခဲ့ပါတယ်။ “လက်ရှိ ဖန်တီးဖူးသမျှ ထဲကို အခက်ဆုံးပါပဲ၊ အကြောင်းကတော့ ၃၆၀ ဒီဂရီ ပတ်ပတ်လည်ကို ပုံစံတူအောင်ဖန်တီးထားရတဲ့ အပြင် ပြပွဲခန်းမ ဘက်ကို ဦးတည်ပြီး ကုန်ဆင်း သွားတဲ့ Ford Bronco တစ်စီး အဖြစ် မြင်စေချင်လို့ ပါ” ဆိုပြီး Jones ကတော့ သူ့ရဲ့ လက်ရာကို အမွှန်းတင် ခဲ့ ပါတယ်။ Jones ကတော့ နယူးယောက် အခြေစိုက် ပန်းပု လက်ရာပညာရှင်တစ်ဦး ဖြစ်ပြီး သူ့ရဲ့ Website မှာ ဖော်ပြထားချက် အရကတော့ ဒီလက်ရာတွေကို ဖန်တီး လာတာ ၂၁ နှစ်အထိ ရှိနေပြီ ဖြစ်ပါတယ်။ တကယ့် လက်တွေ့ ကမ္ဘာထဲက လှုပ်ရှားမှု ပုံရိပ်ပေါင်း ၁၀၀,၀၀၀ ကျော်နဲ့ ဓာတ်ပုံတွေထဲကနေ ပြန်လည်ဖန်တီးတာ မျိုးက ၇၀,၀၀၀ ကျော်အထိကိုလက်ရာတွေ ရှိနေခဲ့ပြီးပါပြီ။ လက်တွေ့ ကမ္ဘာထဲက ပုံတွေကိုပုံဖော်ရာမှာတော့ သူ့အနေနဲ့ Traditional နဲ့ Digital ဆိုပြီး ၂ မျိုး ခွဲခြား ထားပါတယ်။ သူ့အတွက် ပညာရှင်ခ ကတော့ အရွယ်အစား ပေါ်မူတည်ကာ ကွဲပြား ပါတယ်။ ဒါပေမယ့် အခု Ford Bronco အရွယ်အစားတူ ရေခဲပန်းပုရုပ်ရဲ့ လက်ရာတန်ဖိုးကိုတော့ မသိရသေးပါဘူး။
Jones ကတော့ သူ့အနေနဲ့ အမြဲတမ်း ရုပ်တုတွေထက်စာရင် ယာယီပဲ ခံမယ့်ရုပ်တုတွေကို ဖန်တီးရတာ ပို သဘော ကျတယ်လို့ သိရပါတယ်။ တစ်ချို့ ဖန်တီးသူတွေ ကတော့ သူတို့ရဲ့ လက်ရာလေးတွေကို တစ်သက် လုံး အမှတ်တရ ဖြစ်နေစေဖို့ အလိုရှိကြတယ် ဆိုပေမယ့်လည်း သူ့အနေနဲ့ကတော့ အချိန်တန်ရင် ပျက်စီး သွားမှာမျိုး ၊ အခု ပန်းပု ရုပ်တု မှာဆိုရင် အရည်ပျော်ပြီးမရှိတော့တာမျိုးကိုပဲ ပိုသဘောကျတာမို့လို့ ထူးဆန်း နေတာတော့ သေချာပါတယ်။ ဒါပေမယ့် Jones ကတော့ အခုလိုမျိုး ယာယီသာခံစားနိုင်မယ့် အနုပညာ လက်ရာတွေမှာလည်း လှပလွန်းတဲ့ အရာတွေရှိနေပြီး ခံစား သိရှိနိုင်မယ် ဆိုရင်တော့ ပိုပြီးဆွဲဆောင်မှု ရှိနေ လိမ့်မယ်လို့ ဆိုထားတာပဲ ဖြစ်ပါတယ်။
Ref: motor 1.com