Tesla ရဲ့ Elon Musk လိုပဲ အခု Fisker ကားကုမ္ပဏီ တည်ထောင်သူ Henrik Fisker ကလည်း သူ့ ကုမ္ပဏီ ရဲ့ ထုတ်ကုန် အသစ်တွေ အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက် Instagram ပေါ်ကနေအမြဲ မျှဝေပေး လေ့ရှိသူ ဖြစ်ပါတယ်။ အခု ဆိုရင်လည်း အသစ်ထွက်လာမယ့် Fisker Pear ရဲ့ အတွင်းခန်း ပုံရိပ်တစ်ချို့ကို ချပြလာခဲ့ပြန်ပါတယ်။ PEAR ဆိုတဲ့ စာလုံးကတော့ Personal Electric Automotive Revolution ဆိုတဲ့ စာလုံးတွေကို အတိုကောက် ယူထားတာဖြစ်ပြီး Tesla Model S နဲ့ Lucid Air တို့လို တကယ့် လျှပ်စစ်ကား ခေတ်သစ်ကို ဦးဆောင်လာနိုင်တဲ့ ကားတွေလိုပဲ အခုလည်း တကယ် လုပ်လာနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါ။ တကယ်လို့ Fisker အနေနဲ့ သတ်မှတ်ထားတဲ့ $ 29,000 အတိုင်းသာ ဒီကားဈေး ကို တကယ်ထွက်လာပေးမယ် ဆိုရင်တော့ အမေရိက ဈေးကွက်မှာတင် ဈေး အသက်သာဆုံးသော လျှပ်စစ် ကားတစ်စီး ဖြစ်လာမှာပါ။

Photo Credit: CARBUZZ

အခု မြင်လာရတဲ့ အတွင်းခန်း အပိုင်းမှာတော့ အတော်လေးကို ခေတ်ဆန်တာတွေ့ရပြီး အရှေ့ဘက် တစ်ခု လုံးကို ပတ်ထားတဲ့ Screen ကြီးနဲ့အတူ Ambient Lighting တွေကြောင့်လည်း အတော်လေးကို ဒီဈေး တန်းနဲ့ မထင် ရလောက်တဲ့ အသွင်အပြင်တွေ ဖြစ်လို့ နေပါတယ်။ အခု Pear မှာ ပါလာနိုင်တဲ့ ဒီဇိုင်းအသစ် တွေကိုလည်း နည်းနည်း တော့ အကြိုပြလာခဲ့ပြီး ယခင် Fisker Ocean အတိုင်းပဲ Center Touchscreen ကို ထည့်ပေးလာပါတယ်။ ကား တစ်စီးမှာ အရေးကြီး ဆုံးတော့ မဟုတ်ပေမယ့်လည်း အခု Screen ကတော့ တစ်သမတ်တည်း မဟုတ်ပဲ အလျားလိုက်ရော ဒေါင်လိုက်ပါ အဆင်ပြေသလို ပြောင်းလဲနိုင်မယ့် Screen ကြီးပဲ ဖြစ်ပါတယ်။ အခု ကားတန်းမှာတော့ Fisker Pear ရဲ့ အတွင်းခန်းက အတော်လေး ကွဲပြားထူးခြား နေမှာ ဖြစ်ပြီး ဒီဇိုင်းပိုင်း ၊ ဘေးဘက်လိုင်းတွေနဲ့ ဘေးတံခါးပေါက် နေရာ တွေကလည်း အတော်လေးကို နိမ့်‌ဆင်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကား အတွင်းထဲက ပတ်ပတ်လည် ဝိုက်နေတဲ့ Screen အကြီးကြီး ကတော့ ကားမောင်းနှင်နေရင်းနဲ့ အတော်လေးကို ကြိုက်တဲ့ Function ကိုပြောင်းပေးနိုင်မယ့် အသုံးဝင်ဆုံး သော နေရာပဲ ဖြစ်တယ်လို့တော့ Fisker က ‌ဆိုထားပါတယ်။

Photo Credit: CARBUZZ

ကားရဲ့ အပေါ်ဘက်မှာတော့ Solarsky ဆိုတဲ့ Panoramic Sunroof အကြီးကြီး ကို ထည့်ပေးထားပြီး ပို ထူးခြားတာ ကတော့ ဆိုလာ Panels တစ်ချို့ကိုပါ ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။ အဓိက ကတော့ ကားကို ရပ်ထားတဲ့ အချိန်မှာ အဆိုပါ ဆိုလာပြားတွေ ကနေလည်း အားသွင်းနိုင်ဖို့ ဖြစ်ပြီး တစ်မိုင်ရလည်း တစ်မိုင်ရသလောက်တော့ ပိုပြီး အဆင်ပြေနိုင်မယ့် သဘောပဲ ဖြစ်ပါတယ်။ Fisker ကတော့ သူ့ရဲ့ Instagram Post ထဲမှာ အခု ကားအကြောင်း အပြင် Houdini Trunk ဆိုတဲ့ ကားနောက်တွဲ တစ်မျိုး အကြောင်းကိုပါ ပြသခဲ့သေးပြီး သာမန်ကုန်တင် Truck တွေရဲ့ နောက်တွဲ အပိုနဲ့ မတူတာကိုလည်း တွေ့ရပါ တယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့ ချပြထားလဲ မသိရသေးပေမယ့် အဆိုပါ နောက်တွဲနဲ့ တွဲသုံးနိုင်တဲ့ ကားသစ် တစ်စီးတော့ ရှိနိုင် လောက်ပါသေးတယ်။ အဆိုပါ Pear ကားလေးကိုတော့ လာမယ့် ၂၀၂၄ အရောက်မှာ ဈေးကွက်ထဲ စဝင်လာနိုင်ပြီး လျှပ်စစ်မော်တာ တစ်လုံးတပ်နဲ့ ၂ လုံးတပ်တို့ ဆိုပြီး ‌ရွေးချယ်လို့ ရလာနိုင်ပါ တယ်။ ဒါ့အပြင် အခုကားကတော့ တစ်ခါ အားသွင်းထားရုံနဲ့ ၃၁၀ မိုင် လောက်အထိ မောင်းနိုင်မယ့် Range ရထားတာကြောင့် သာမန် မြို့တွင်းသွားလာဖို့ထက်တော့ သိသိသာသာ ပိုနေတာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com