လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ မတ် လ ၃ ရက်နေ့အထိ စပိန်နိုင်ငံ ဘာစီလိုနာက Mobile World Congress မှာတော့ Fisker Ocean လျှပ်စစ် SUV ကားကို တရားဝင် မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။ Fisker ကတော့ ဥရောပအတွက် ရုံးခွဲတွေကို ဂျာမနီ မြူးနစ်မှာ ဖွင့်လှစ်ထားပြီး Brand ရဲ့ Experience Center ကိုလည်း ဖွင့်လှစ်ဖို့ စီစဉ်နေတာဖြစ်ကာ ဥရောပမှာ နှစ်စဉ် အစီးရေ ၆၀,၀၀၀ ဝန်းကျင် ရောင်းချ နိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ Fisker Ocean ကို စပိန်နိုင်ငံ မှာ စတင်မိတ်ဆက်ပြီး စွမ်းဆောင်ရည်၊ တန်ဖိုးနဲ့ နည်းပညာတွေပေါင်းစပ်ထားမှုကို ဥရောပ မီဒီယာ တွေနဲ့ ပိုင်ရှင်တွေဆီ ပို့ဆောင်ပေးနိုင်တော့မှာ ဖြစ်တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားနေမိပါတယ်လို့ CEO ဖြစ်သူ Henrik Fisker ကဆိုထားပါတယ်။ Fisker က SUV ကားတစ်စီးကို ထုတ်လုပ်ဖို့ ဆုံးဖြတ်ထားတာကြောင့် ထွက်ရှိလာမယ့် Ocean ရဲ့ ဒီဇိုင်းက ၂၀၁၉ ခုနှစ်က အကြိုပြသခဲ့တုန်းကအတိုင်း ထွက်ရှိလာမှာပါ။ ပါးလွှာတဲ့ Lighting တွေ၊ Short Overhangs တွေ၊ ကျယ်ပြန့်တဲ့အသွင်တွေက အနာဂါတ်မှာ ထွက်ရှိလာမယ့် Fisker ကားတွေရဲ့ ဒီဇိုင်းကို အရိပ်အမြွက် ပြသနေတဲ့ အသွင်ရှိပါတယ်။

Photo Credit: AllAutoExperts

Fisker ကားမှာတော့ ထိုင်ခုံ ၅ လုံးနဲ့အတူ ငါးဖမ်းပိုက်တွေကို Recycle ပြန်လုပ်ကာ ဖန်တီးထားတဲ့ အတွင်း ပိုင်း၊ T-Shirts တွေနဲ့ Rubber တွေက ကုမ္ပဏီရဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုကို ဦးတည်နေတဲ့ အစိတ်အပိုင်း တစ်ရပ်အဖြစ် မြင်တွေ့ရပါတယ်။ Fisker Ocean က ဈေးကွက်ထဲမှာ သဘာဝပတ်ဝန်းကျင်နဲ့ အကိုက်ညီ ဆုံး ကားတစ်စီး ဖြစ်လိမ့်မယ်လို့တောင် ကားထုတ်လုပ်သူက ဆိုထားတာပါ။ အဆိုပါကားကိုတော့ 275 hp စွမ်းဆောင်နိုင်တဲ့ အင်ဂျင်နဲ့ 0-60 mph ကို ၆.၆ စက္ကန့်အတွင်း အရှိန်တင်မောင်းနှင်နိုင်မယ့် Sport Trim ၊ အင်ဂျင် ၂ လုံးနဲ့ 540 hp စွမ်းဆောင်နိုင်ကာ 0-60 mph အထိ အရှိန်တင်ဖို့ အချိန် ၃.၉ စက္ကန့်သာ လိုအပ် မယ့် Ultra Trim နဲ့ 550 hp စွမ်းဆောင်ရည်နဲ့ 3.6 စက္ကန့်အတွင်း 0-60 mph အထိ အရှိန်တင်မောင်းနှင် နိုင်မယ့် အမြင့်ဆုံး Extreme Trim ဆိုပြီး Trim Level ၃ မျိုးနဲ့ ထွက်ရှီလာမှာပါ။

                                                           Photo Credit: AllAutoExperts

ကားအားလုံးမှာတော့ Earth နဲ့ Fun Driving Modes တွေ စံစနစ်အဖြစ် ပါဝင်လာမှာဖြစ်ပြီး Ultra နဲ့ Extreme အမျိုးအစားမှာတော့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မယ့် Hyper Mode တွေပါဝင်လာမှာဖြစ် တဲ့အပြင် Extreme ကားမှာတော့ Off-Road Mode လည်း ပါဝင်လာပါသေးတယ်။ ကားရဲ့ ဘက်ထရီ စွမ်း ဆောင်ရည်နဲ့ ပတ်သက်ပြီး အတိအကျ ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပေမယ့် အချက်အလက်တွေ အရဆိုရင်တော့ မိုင် ၂၅၀ ကနေ ၃၅၀ အထိ စွမ်းဆောင်လာနိုင်ဖို့ မျှော်လင့်ရမှာပါ။ အားသွင်းစနစ်နဲ့ပတ် သက်ပြီးလည်း သေချာမသိရသေးပေမယ့် Ocean ကားရဲ့ Solar Panel အမိုးက ကောင်းမွန်တဲ့ အခြေအနေ မှာဆိုရင် နှစ်စဉ် မိုင် ၂၀၀၀ Range လောက်အထိ ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ Fisker Ocean အတွက် ဈေး နှုန်းတွေကတော့ UK နဲ့ အမေရိက မှာဆိုရင် ဒေါ်လာ 37,499 ကနေ ဒေါ်လာ 68,999 အထိ ကျသင့်သွား မှာပါ။  Ocean ကားထွက်ရှိလာပြီးနောက်ပိုင်းမှာလည်း Fisker EVs တွေ ဆက်လက်ထွက်ရှိလာနိုင်ပြီး Foxconn နဲ့ပူးပေါင်း ဖန်တီးနေတဲ့ Project Perar ကတော့ ၂၀၂၃ ခုနှစ် ဒုတိယ နှစ်ဝက်လောက်မှာ ရောင်း ချလာနိုင်ဖို့ စီစဉ်ထားတာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts