အမေရိကန် လော့အိမ်ဂျလိစ်က မီးသတ်ဌာနကတော့ လျှပ်စစ် စွမ်းအင်သုံး မီးသတ်ကား တစ်စီးကို စတင် ပွဲထုတ်လာခဲ့ပါပြီ။ အဆိုပါ မီးသတ်ကားကိုတော့ ဩစတေးလျရဲ့ Rosenbauer ဆိုတဲ့ ကုမ္ပဏီက ထုတ်လုပ် ပေးခဲ့တာ ဖြစ်ပြီး လက်ရှိ ရှိနေပြီးသား မီးသတ်ကား ၁၄၀ နဲ့ ကယ်‌ဆယ်ရေးယာဉ် ၄၃ စီးရှိတဲ့ အုပ်စုထဲကို ထပ်ပေါင်းထည့် ပေးလိုက်တော့တာပဲ ဖြစ်ပါတယ်။ ဒီကားကိုတော့ လော့အိန်ဂျလိပ်စ် မြို့ကြီးထဲက Station 82 မှာ တာဝန် ပေးထားမှာ ဖြစ်ပြီး အမေရိက အတွက်လည်း ပထမဆုံးသော လျှပ်စစ် စွမ်းအင်သုံး မီးသတ် ကားတစ်စီးပဲ ဖြစ်ကာ ကမ္ဘာ ပေါ်မှာလည်း ၄ စီး မြောက်ပဲ ရှိပါသေးတယ်။ လက်ရှိမှာတော့ နေရာ အစုံမှာ တိုးတက်များပြားလာတဲ့ လျှပ်စစ် ကားတွေရှိနေပြီး ရဲဌာနတွေလိုမျိုးနဲ့ အခြားသော ကယ်ဆယ်ရေး အပိုင်းတွေ မှာလည်း Ford Mustang Mach-E လို ကားမျိုး တွေကိုပါ အသုံး ပြုလာ ကြပါတယ်။ အခု မီးသတ်ကားကြီးကတော့ လျှပ်စစ်ကားတွေထဲမှာမှ သူရဲကောင်း ကား တစ်စီးအသွင်နဲ့ ကြည့်ကောင်းနေတာ ဖြစ်ပြီး လျှပ်စစ်မော်တာ ၂ လုံး ပါတာကိုမှ All-Wheel Drive နဲ့ 132 kWh ရှိတဲ့ Volvo Penta battery နှစ်လုံးကိုလည်း တွဲပေးထား ပါသေးတယ်။ ဒါကြောင့် ကားရဲ့ စုစုပေါင်း စွမ်းဆောင်ရည် ကတော့ သာမန် ဆိုရင် 350 hp နဲ့ အမြင့်ဆုံးဆိုရင်တော့ 490 hp အထိရှိတာ ဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော မီးသတ်ကား တွေဆိုတာကတော့ သာမန်မောင်းရုံ အပြင် ပိုလိုအပ်တဲ့ စွမ်းဆောင်ရည်တွေကြောင့် လျှပ်စစ်စွမ်းအင် အပြင် 300 hp ရှိတဲ့ BMW ဆီက 3.0 Liter Diesel Engine ကိုလည်း Range ပိုများစေမယ့် အင်ဂျင်အဖြစ် ထပ်ပေါင်းထည့် ပေးထားရတယ်။

Photo Credit: CARBUZZ

အခု RTX ကားကြီးရဲ့ Wheelbase ကြီးကလည်း ၁၇၃ လက်မ အထိကို ရှိတာကြောင့် အတော်လေး ကြီး မားပြီး Four Wheel Drive မောင်းနိုင်တဲ့ စတီယာတိုင်ကိုပါ ထည့်ပေးထားပါတယ်။ ဒါကြောင့် GMC Hummer EV မှာလိုမျိုးပဲ ကျဉ်း ထဲကြပ် ထဲမှာပါ မောင်းနှင်နိုင်မယ့် Countersteer နဲ့ Crab Steer တို့ကို ပါ ရရှိမှာပါ။ ဒါ့အပြင်ကားရဲ့ Suspension စနစ်ကလည်း လေးမျိုးအထိ စိတ်ကြိုက်ချိန်ညှိနိုင်ပြီး ၊ Regenerative Brake စနစ်ကလည်း လေးမျိုးအထိ ချိန်နိုင်ပါသေးတယ်။ ကားရဲ့ Discs တွေကိုလည်း သာမန်ဆိုရင် ၁၇ လက်မ အရွယ်နဲ့ ရေထဲတွေ ဘာတွေ ဖြတ်ရတော့မယ့် အချိန်ဆိုရင် ၁၉ လက်မ အထိ ချဲ့လို့ရအောင် စီစဉ်ပေးထားပါတယ်။ ဒါကြောင့် ကားကတော့ စွမ်းဆောင်ရည် ကောင်းရုံတင်မက ရေထဲပါ ကောင်းကောင်း ဖြတ်မောင်းနိုင်တာ တွေ့ရပါတယ်။ မီးသတ်ကား တစ်စီး ရဲ့ အရေး အကြီးဆုံး အပိုင်းဖြစ်တဲ့ ရေသယ်အပိုင်းမှာတော့ ဂါလံ ၇၅၀ အထိကို ဆံ့ပြီးရေပန့်ကလည်း ၇၅၀ ကနေ ၁၅၀၀ ဂါလံ အားအထိကို ထုတ်ပေးနိုင်ပါတယ်။ မီးသတ်ပိုက်တွေ အတွက် ပန့်ကလည်း ကားရဲ့ ကိုယ်ပိုင်လျှပ်စစ် စွမ်းအင် စနစ်ဆီက ဒါမှမဟုတ် Range ပိုကောင်းအောင် ထည့်ထားတဲ့ ဒီဇယ် အင်ဂျင်ကနေလည်း မောင်းနှင် နိုင်ပါတယ်။ မီးသတ်ရာမှာ ထိန်းပေးထားတဲ့ Hose Bed ကလည်း ၅ လက်မ ပိုက်နဲ့ဆို ပေ ၁၀၀၀ အထိ ၊ ၂.၅ လက်မ ပိုက်ဆိုရင်လည်း ၁၀၀၀ ပေ အထိ ခံနိုင်ရည်ရှိတာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

လျှပ်စစ် ကားတစ်စီး ဖြစ်တာကြောင့် ပတ်ဝန်းကျင်အတွက် အထောက်အကူ ဖြစ်ရုံတင်မကပဲ အခုလိုမျိုး ဆန်းသစ်တဲ့ နည်းပညာနဲ့ မီးသတ်ကားတွေကို မြို့တော်ရဲ့ အခြားနေရာတွေမှာလည်း သုံးလာဖို့ တွန်းအား ဖြစ်စေလိမ့်မယ် ဆိုပြီး လော့အိန်ဂျလိပ်စ် မီးသတ်ဌာန အကြီးအကဲ Kristin Crowley က ဆိုထား ပါတယ်။ ပတ်ဝန်းကျင်အတွက် အထောက် အကူ ဖြစ်ရုံသာမကပဲ အသံ ဆူညံမှုလည်း မရှိတာကြောင့် မီးသတ်သမား တွေရဲ့ ကျန်းမာရေးကိုလည်း အထောက် အကူ ပြုနိုင် လိမ့်မယ်လို့ သိရပါတယ်။ အခု မီးသတ်ကားကြီး ရဲ့ စုစုပေါင်း ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၁.၂ သန်း အထိ ရှိတာတွေ့ရပြီး နဂို သတ်မှတ်ထားတဲ့ ကာလ ထက် တစ်နှစ်လောက် နောက်ကျပြီးမှ ရလာခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ ကားကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ကတည်းကမီးသတ်ဌာနက မှာယူထားခဲ့တာ ဖြစ်ပြီး မနှစ်က စတင် ပို့ဆောင်ခဲ့ပေမယ့် ကပ်ရောဂါအပြင် အခြားသော အခက်အခဲတွေကြောင့် နှောင့်နှေးခဲ့ရပြီး အခုမှ ရောက်ရှိလာခဲ့တာ ပါ။ တစ်ခု စိတ်ဝင်စားစရာ ကောင်းတာကတော့ ခရီးရှည်ကြီးတွေ အမြန်သွား ရမယ့် အခြေအနေမျိုးမှာ အခု လျှပ်စစ် မီးသတ်ကားကြီး ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲ ဆိုတာပါပဲ။

Ref: carbuzz.com