မနှစ်တုန်းက တစ်ချို့ အပိုင်းတွေမှာ ရလဒ် အတက်အကျတွေ ကြမ်းခဲ့တဲ့ Fiat ကား ကုမ္ပဏီကတော့ အခု ဆိုရင် လျှပ်စစ်ကား အနာဂါတ် အတွက်ကို ရည်မှန်းချက် ကြီးကြီး စတင်ထားလာနေပါပြီ။ အဆိုပါ အီတလီ ကားကုမ္ပဏီ အနေနဲ့ သူတို့ရဲ့ ဂန္ဓဝင် Fiat 500 ကားကို လျှပ်စစ်ကားအဖြစ် တစ်ကျော့ပြန် ချပြဖို့ ရှိနေတာ ဖြစ်ပြီး ပထမဆုံးသော စွမ်းဆောင်ရည်မြင့် SUV တစ်စီးဖြစ်တဲ့ Abarth Pulse ဆိုတဲ့ ကားကိုလည်း ချပြ လာဖို့ ရှိနေပါသေးတယ်။ ဒါတင်မက သေးပဲ နာမည်ရထားပြီးသား Fiat 500 X ကားကိုပါ Hybrid အနေနဲ့ ပြန်လည် ထုတ်လုပ်တော့မှာ ဖြစ်ပြီး အခုဆိုရင် တော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ကြေညာချက်တွေကိုပါ ကုမ္ပဏီဘက်က ချပြလာခဲ့ပါတယ်။ Autocar ရဲ့ သတင်း အရတော့ Fiat အနေနဲ့ လာမယ့် ၂၀၂၃ ကစပြီး Supermini ကားအသစ်တစ်စီးကို ချပြလာတော့မယ်လို့ သိရပြီး နောက်ပိုင်းလာမယ့် ၃ နှစ် မှာဆိုရင်လည်း Crossover အသစ် ၃ စီး ထပ်ထွက်လာ ဦးမယ်လို့ သိရပါတယ်။
Stellantis လုပ်ငန်းစု ကြီးရဲ့ ဦးဆောင်မှု အောက်မှာတော့ Fiat တို့ ယခင်ထက်စာရင် ခြေလှမ်းတွေ ပိုမှန် လာတာ တွေ့ရပါတယ်။ သူတို့ရဲ့ ရှေရည် စီမံကိန်းကတော့ ဈေးကွက် အသီးသီး အတွက် ကားမော်ဒယ် အသစ် ၁၀ မျိုး လောက်ကို ထုတ်လုပ်ပေးဖို့ ဖြစ်ပြီး တောင်အမေရိက ဈေးကွက်သီးသန့် Supermini နဲ့ အတူ အခြားသော Global ဈေးကွက်အတွက် မော်ဒယ် ၅ မျိုး လောက်လည်း ထပ်ထွက်လာဖို့ ရှိနေပါသေး တယ်။ ဒီလို ကားအသစ်တွေ အပြင် နာမည် ရထားပြီးသား Fiat 500 ကိုလည်း အခြားသော ကားမော်ဒယ် သစ် ၄ မျိုးနဲ့ အတူ ဆက်လက်ထုတ်လုပ် ပေးဦးမှာပါ။ ကုမ္ပဏီ ရဲ့ CEO Oliver Francois ကတော့ Fiat က အခုဆိုရင် သူတို့ရဲ့ B-Segment ကားအပိုင်းတွေကို ဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်လာနေပြီး လာ မယ့် ၂ နှစ် အတွင်းမှာလည်း Crossover ဈေးကွက်ထဲ နေရာ ယူလာတော့မယ်လို့ ဆိုထားလိုက်ပါတယ်။ သူတို့ အနေနဲ့ ခေတ်သစ်တစ်ခုထဲ စတင်ဝင်ရောက်နေပြီ ဖြစ်ပြီး လာမယ့် ၅ နှစ် အတွင်း မှာတင် ဈေးကွက် တစ်ခုကို ကားသစ်တစ်မျိုးနှုန်း ထုတ်လုပ်ပေးဖို့ ရှိနေပြီး ယခင်က ရုန်းကန်ခဲ့ရတဲ့ ကမ္ဘာအရပ်ရပ်က ဈေး ကွက်ပေါင်းစုံအတွက်ကိုလည်း ပိုပြီး အောင်မြင်လာတော့မှာ ဖြစ်တယ်လို့ Oliver က အခိုင်အမာ ပြောကြား ထားပါတယ်။ ဒါကြောင့် သူတို့ရဲ့ ရေရှည် အဓိက ရည်ရွယ်ချက်ကတော့ B-Segment အပိုင်း ၊ Crossover ကားအသစ်တွေနဲ့ လက်ရှိ 500 X တို့ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် ယခင်ကတည်းက ကားအသေးလေးတွေနဲ့ လူသိများတဲ့ Brand လည်း ဖြစ်တာကြောင့် Compact ကားလေးတွေကိုလည်း ဆက်လက်ထုတ်လုပ်သွားဦးမှာ ဖြစ်ပါတယ်။ Oliver ကိုယ်တိုင်ကလည်း သူတို့နဲ့ မျိုးကွဲ Citroen နဲ့ယှဉ်ပြီး မတူတဲ့ အရွယ်အစား ကားတွေကို ထုတ်လုပ်လာဖို့ ရည်ရွယ်ထားတာကြောင့် တစ်ချို့နေရာမှာ တော့ အရွယ်တူ ကားလေးတွေကို ရွေးချယ်လာရနိုင်ပါတယ်လို့လည်း ဆိုထားတာပါ။ Fiat ကနေ ပထမဆုံးအသစ် ထွက်လာမယ့် ကားသေးလေးကတော့ Punto နဲ့ အရွယ်တူ ဖြစ်လာနိုင်ပြီး ၊ Peugeot 208 နဲ့လည်း ဥရောပဈေးကွက်ပြိုင်ဘက်တွေ ဖြစ်လာနိုင်ပါတယ်။ အဆိုပါ ကားကတော့ လျှပ်စစ် ကားတစ်စီး ဒါမှမဟုတ် Hybrid ဖြစ်လာနိုင်ပြီး လာမယ့် ၂၀၂၇ မှာ လျှပ်စစ်ကား သီးသန့် ဖြစ်လာဖို့ ရည် ရွယ်ထားတဲ့ ကုမ္ပဏီရဲ့ ရည်မှန်းချက်ကြောင့်လည်း ဖြစ်နိုင် ပါတယ်။ အဆိုပါ ကားအသစ်ကိုတော့ လက်ရှိ CMP Platform ပေါ်မှာပဲ ဖန်တီးလာနိုင်ပြီး လာမယ့် ၂၀၂၆ အရောက် လောက်မှသာ Stellantis ရဲ့ STLA Platform ပေါ် အခြေပြုတည်ဆောက်လာမှာပါ။ အဆိုပါ Supermini ကားအသစ် မှာတော့ Fiat 500 ရဲ့ 115 hp စွမ်းဆောင်ရည်ရှိ လျှပ်စစ်မော်တာနဲ့ ၊ 42 kWh ရှိတဲ့ ဘက်ထရီကို တပ်ဆင် ပေးလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါမှမဟုတ် နောက်ထပ် ဖြစ်နိုင်ချေတစ်ရပ်ကတော့ 134 hp အထိ ရှိမယ့် လျှပ်စစ်မော် တာနဲ့ 50 kWh Battery တွေကို သုံးလာနိုင် သေးတာကြောင့် အဆိုပါ ပမာဏအတိုင်း ဆိုရင်တော့ မိုင် ၂၁၀ လောက် အထိကို Range ရှိလာနိုင်ပါတယ်။ နောက်ထပ် Icon ကားကောင်းတစ်စီး ဖြစ်တဲ့ Fiat Panda ကား ကိုလည်း All-New Fiat Lineup ကားအဖြစ် ဆက်လက် ထုတ်လုပ်လာနိုင်ပါသေးတယ်။ Francois ကတော့ အနာဂါတ်ကားအသစ် တွေမှာ ပိုသေးတဲ့ကားတွေနဲ့ ပိုကြီးတဲ့ကားတွေကို မိတ်ဆက်ပေး လာဖို့ ရှိနေပြီး Panda ကားကိုတော့ သေချာပေါက် မှတ်မိနေစေမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အဆိုပါ Panda ကားလေးကတော့ ပုံစံကြောင့် မှတ်မိကြတာ ထက်စာရင် ကားရဲ့ အနှစ်သာရတွေကြောင့် ပိုသဘောကျကြတာဖြစ်ပြီး အခု ပြန်လည်ထုတ်လုပ် ရာမှာလည်း နည်းနည်း ပိုပြီး ခပ်ကြမ်းကြမ်းအသွင် ၊ ရိုးရိုးရှင်းရှင်း နဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ ကားတစ်စီး အဖြစ် ဖန်တီးပေးလာနိုင်မှာပါ။
Ref: carbuzz.com
Photo Credit: CARBUZZ